အခုတလော .. လာအို ဗီယက်နမ်ဖက်တွေ visa run ရင်း တော်တော်များများ သွားကြတာတွေ့လို့ .. Hanoi က အရမ်းအဆင်ပြေတဲ့ Hostel လေးတစ်ခုကို recommend ပေးချင်လို့ .. နာမည်ကတော့ city backpackers Hostel ပါ .. Downtown area .. Night market နားမှာပဲရှိလို့ သွားလာရ အဆင်ပြေတယ် .. စားသောက်ဆိုင်တွေ ၊ convenient store တွေနဲ့ လည်းနီးတယ် …..
ပထဆုံးအချက်ကတော့ လူဦးရေပေါ့နော် .. group tour တွေက တခြားလူတွေနဲ့ ပေါင်းပြီး သွားရတာဖြစ်လို့ လူများတယ် .. private tour ကတော့ ကိုယ်တွေအတွက်ပဲ သီးသန့် စီစဉ်ပေးတာဖြစ်လို့ တစိမ်းတွေနဲ့ အတူတူသွားစရာမလိုဘဲ ပိုလွတ်လပ်တယ် .. ဒုတိယကတော့ အချိန် .. group tour တွေက သူတို့ သတ်မှတ်ထားတဲ့ရက်ပဲထွက်တာ .. အဲဒီရက်ကို ကိုယ်အားအောင်လုပ်ထားမှအဆင်ပြေမယ် .. Private ကျတော့ ဘယ်နေ့ ဘယိအချိန်သွားချင်လဲဆိုတာ သူများနဲ့ ညှိနေစရာမလိုဘူး …..
ဟိုးအရင်တုန်းက “ဘုံဘေ” လို့ခေါ်ကြတဲ့ “မွန်ဘိုင်း” မြို့ .. မြို့တော်မဟုတ်ပေမဲ့ တစ်နိုင်ငံလုံးမှာ အတိုးတက်ဆုံးမြို့လို့လည်းပြောလို့ရတယ် .. ဆိပ်ကမ်းမြို့ဖြစ်လို့ ကုန်သွယ်ရေး စီးပွါးရေးကောင်းတယ် ၊ နောက်တစ်ခုက ဘောလိဝုဒ် ရုပ်ရှင်လုပ်ငန်းကြောင့်လည်း လူသိများတယ် .. မြို့လည်ခေါင်မှာဆိုရင် ကိုလိုခေတ်က ရှေးဟောင်း အဆောက်အဦးတွေနဲ့ အရမ်းလှတဲ့ church ကျောင်းတွေ ၊ ဗလီတွေရှိတယ် .. (အဲဒီလိုမျိုး ရှေးဟောင်း အဆောက်အဦးတွေ တော်တော်များများ တွေ့ဖူးပေမဲ့ .. မွန်ဘိုင်းမှာ တွေ့ရတာတွေက ပိုပြီး လက်ရာမြောက်တယ်လို့ပြောရမယ်) …..
Emma အခု ရောက်နေတဲ့ မြို့လေးက Kolhapur လို့ခေါ်တဲ့ မြို့လေးပါ .. အရမ်းနာမည်ကြီးတဲ့ မြို့မဟုတ်လို့ .. တကူးတက အလည်လာတဲ့ သူတော့ရှားပါတယ် .. အနီးစပ်ဆုံး လူသိများတဲ့ မြို့ကိုပြောပါဆိုရင်တော့ Goa ပါ .. ကီလိုမီတာ ၂၀၀ ကျော်ဝေးပြီး ကားနဲ့ဆို ၅ နာရီလောက် သွားရပါတယ် .. Tourist တွေ လာနေကျမဟုတ်တဲ့ နေရာဖြစ်လို့ .. English လိုတော့ အရမ်းကြီး မသုံးကြပါဘူး .. local…
ဘာလီရောက်ရင် Nusapanida အပြင် နောက်ထပ် မဖြစ်မနေ သွားသင့်တဲ့နေရာတစ်ခုက Ubud ပါ .. တော်တော်များများ social media မှာ နာမည်ကြီးတဲ့ လှေခါးထစ် စပါးခင်းတွေ နဲ့ ဂါဝန်အရှည်ကြီးဝတ် ဒန်းစီးကြတဲ့နေရာပေါ့ .. Emma ကတော့ မစီးခဲ့ပါဘူး .. (သွားတဲ့သူများတာကော ဓါတ်ပုံ တစ်ပုံရဖို့ အချိန်ကုန် လူပင်ပမ်းခံပြီး ပိုက်ဆံလည်းကုန်လို့ ) ဒန်းစီးတာထက်ပို စိတ်လှုပ်ရှား ပျော်စရာကောင်းတဲ့ rafting ပဲလုပ်ခဲ့တယ် .. ဘာလီက ကမ်းခြေတွေနဲ့ မတူပဲ…
ဒီနေရာလေးက ဘာလီကျွန်းမှာရှိတဲ့ မီးတောင်ရှင်တစ်ခုဖြစ်တဲ့ Mount Batur လို့ခေါ်တဲ့နေရာလေးပါ .. ဘာလီကျွန်းရဲ့ မြောက်ဖက်နားမှာရှိပြီး တော်ယုံ tourist တွေသိပ်မလာကြတဲ့နေရာတစ်ခုပေါ့ .. လူစည်ကားတဲ့ Kuta လိုနေရာမျိုးကနေဆိုရင် တော်တော်လေးလှမ်ရလို့ ကားနဲ့ ၂ နာရီခွဲ ၃ နာရီလောက်သွားရတယ် .. လာရောက်လည်ပတ်ကြတဲ့သူအများစုကမှာ တောင်တက်ပြီး နေထွက်တာကြည့်ကြဖို့ပါ .. အဲဒီက နေထွက်ချိန် မြင်ရတဲ့မြင်ကွင်းက အရမ်းကိုလှပါတယ် .. တိမ်တွေရဲ့အပေါ်မှာ မီးတောင်ထိပ်ဖျားလေးကိုမြင်ရတာ .. Emma ဆိုရင်လည်း အဲဒီ tracking အရမ်းကို…
group တွေထဲမှာ မကြာခဏ မေးကြတဲ့ မေးခွန်းတွေကို တစ်စု တစ်စည်းတည်းဖြစ်အောင် .. ပြန်တင်ပေးထားပါတယ် နိုင်ငံခြား ခရီးသွားတဲ့အခါ လိုအပ်တဲ့အချက်အလက်တွေ .. (ဘယ်နိုင်ငံသွားသွား အခြေခံ လိုအပ်ချက်တွေက တူပါတယ် ..) 1. Passport Passport သက်တမ်း အနည်းဆုံး ၆ လကျန်ရပါမယ် 2. Visa Visa က ကိုယ်သွားမဲ့ နိုင်ငံအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ် .. မြန်မာတွေအများစု သွားလေ့ ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ visa ကင်းလွတ်လို့…
India အကြောင်းတွေပဲ တင်နေတာများလို့ ဒီတစ်ခါ အပြောင်းအလဲဖြစ်အောင် .. Emma ဗီယက်နမ်သွားတုန်းက Halongbay tour လေး သွားခဲ့တဲ့အကြောင်းပြောပြပေးမယ်နော် .. Halongbay က Hanoi မြို့ကနေ ကားနဲ့ ၂ နာရီလောက် အကွာအဝေးမှာရှိလို့ .. နေ့ချင်းပြန်သွားလို့ရပါတယ် .. ဒါပေမဲ့ တချို့က ရှုခင်းကြည့်ရင်းနဲ့ပဲ cruise ပေါ်မှာ အိပ်ချင်ရင် 1 Night / 2 Nights tour တွေလည်းရှိပါတယ် .. စျေးကတော့ ကိုယ်…
Vietnam က မြန်မာ passport holder တွေ အတွက် visa exemption 14 ရက် ရလို့ .. အလုပ်ရှုပ်ခံစရာမလိုဘဲ passport ရှိယုံနဲ့ အလွယ်တကူသွားလို့ရပါတယ် .. Emma ကတော့ မြန်မာကနေ တိုက်ရိုက်သွားတာ မဟုတ်ဘဲ တခြားနိုင်ငံတွေကနေ သွားတာဖြစ်လို့ လေယဉ်ခ သိပ်မကုန်ခဲ့ဘူး .. တိုက်ရိုက် ထက်စာရင် ဘန်ကောက်ကနေ transit နဲ့ သွားတာက ပိုပြီး သက်သာ အဆင်ပြေမယ် .. ဘန်ကောက်ကိုလည်း လည်ပတ်ရင်း…
ဘာလီ လို့ပြောလိုက်ရင် တော်တော်များများက … ဂေါ်ဇီလာ ခေါင်းပုံဆိုပြီး နာမည်ကြီးတဲ့ .. klingking beach ဆိုတဲ့နေရာလေးကိုပဲမျက်စိထဲသွားမြင်ကြမှာပေါ့ .. (တကယ်တမ်းကျတော့ klingking ဆိုတာ သူတို့ဘာသာစကားနဲ့ လက်ချောင်းသေးသေးလေးလို့ခေါ်ကြတာပါ) Klingking beach က ဘာလီကျွန်းပေါ်မှာရှိတာတော့မဟုတ်ပါဘူး .. ဘာလီကနေ Ferry နဲ့ တစ်နာရီလောက် စီးရင်ရောက်တဲ့ Nusapanida ဆိုတဲ့ကျွန်လေးမှာ ရှိတာပါ .. ဘာလီသွားတဲ့သူတိုင်းကတော့ အဲဒီကျွန်းကို မဖြစ်မနေ သွားကြတယ် .. တချို့ကလည်း နေ့ချင်းပြန် .. တစ်ချို့ကလည်း…
