Useful Travel Apps

Useful Travel Apps

ခရီးတွေသွားရင် လေယဉ်လက်မှတ်ဝယ်ဖို့အတွက်က * Agoda * Trip * Booking .com တွေသုံးတာများတယ် တခြား agent website တွေအများကြီးရှိပေမဲ့ သုံးဖူးပေမဲ့ ဒီကောင်တွေက အဆင်အပြေဆုံးမို့ Hotel booking အတွက်လည်းအတူတူပဲ * Agoda * Booking .com * Air bnb သုံးလို့ရတယ် * Trip လည်းရပေမဲ့ သိပ်မသုံးဖြစ်ဘူး ဒါပေမဲ့ အမ်မာကတော့ Agoda က UI ရှင်းပြီးကြည့်ရတာအဆင်ပြေတယ် …..

Emma ခရီးသွားနေတာ မပင်ပမ်းဘူးလား ..

ခရီးသွားတာ ကြာပြီဆိုတော့ .. ဘယ်ရောက်ရောက် ကိုယ့်အိမ် ကိုယ့်ရာလိုပဲ .. နေရာအသစ်တစ်ခုမှာ အသားကျဖို့ အရမ်းလွယ်တယ် .. တချို့တွေကထင်တာ Emma ခရီးသွားနေတာ မပင်ပမ်းဘူးလား .. တစ်နေရာပြီး တစ်နေရာ ဆက်တိုက်ပဲတဲ့ .. ကိုယ့်အတွက်ကတော့ နေရာတွေသာ ပြောင်းသွားတယ် .. အထွေအထူးမရှိဘူး .. အိမ်မှာနေသလိုပဲ .. အိပ်တယ် .. ဗိုက်ဆာရင် မုန့်ထွက်စားတယ် .. အသိတွေ့ရင် စကားပြောတယ် (မသိလည်းပြောတယ်) .. လိုင်းပေါ်မှာ စာတွေရေးတင်တယ် …..

Stamp တစ်ခုရဖို့အတွက်နဲ့ခရီးမသွားပါနဲ့

တချို့တွေ travel history လိုချင်လို့ visa stamps တွေရအောင် ခရီးသွားကြတာတော့ မှန်ပါတယ် .. ဒါပေမဲ့ သွားမဲ့သွားတော့ အကျိုးရှိအောင် ရက်လေးနည်းနည်း ကြာကြာနေပြီး လည်ပတ်ကြည့်ပေါ့ .. ပိုက်ဆံအများကြီး မသုံးချင်ဘူးဆိုရင်တောင် ဝင်ကြေးမပေးရတဲ့ public area တွေ .. local market လိုမျိုး .. downtown square .. monument တွေ သွားလို့ရတာပဲလေ .. ကိုယ်နေတဲ့ hotel နားတစ်ဝိုက် လျှောက်သွားကြည့်ရင် နေရာသစ်…

သူများတွေပြောကြတဲ့ minimalist ဆိုတာ

ညီမလေးတစ်ယောက် မန့်မှာလာပြောတော့မှ ကိုယ့်ကိုကိုယ်လည်း ပြန်သတိထားမိတယ် .. ခရီးတွေစသွားကတည်းက 7kg အိတ်ထဲမှာဆံ့တဲ့ အဝတ် ၁၀ စုံလောက်ကလွဲရင် .. ကျန်တာတွေ ဘာမှမရှိဘူး .. အိမ်မှာနေတုန်းကဆို ဖိနပ် ၄၊၅ ရန် .. အိတ် ၄၊၅ လုံးနဲ့ အဝတ်တွေဆိုလည်း ဗီဒိုအပြည့် ဝတ်တာတွေကော မဝတ်တာတွေကော .. လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက သိမ်းထားပြီး တစ်ခါမှ ထုတ်မဝတ်ဖြစ်တာတွေကော အများကြီးပဲ .. ပစ်လည်းမပစ်ရက် ဝတ်လားဆိုတော့လည်းမဝတ် သက်သက်ကို အလုပ်ရှုပ်ခံပြီးသိမ်းထားတာ…

social anxiety အကြောင်း

ဟိုတလောက မင်းသမီးတစ်ယောက်တင်တဲ့ပို့စ် (ဘယ်သူလဲမမှတ်မိတော့လို့) social anxiety အကြောင်းပေါ့ .. ကြည့်လိုက်တော့ လူတော်တော်များများဖြစ်နေကြတာတွေ့တယ် .. ကိုယ်တိုင်လည်း အစတုန်းက ကိုယ့်ကိုကိုယ် introvert.. လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာကိုမကြိုက်ဘူးလို့ထင်ခဲ့ဖူးတယ် .. ဒါပေမဲ့ ကြာလာတော့ “မကြိုက်တာ” မဟုတ်ဘဲ “မတတ်တာ” ဆိုတာကို သတိထားမိပြီး တဖြည်းဖြည်းချင်းဆီနဲ့ ကြိုးစားပြုပြင်ယူလာတာ .. အခုဆို လူစိမ်းတွေနဲ့ စကားပြောရမှာ လုံးဝမကြောက်တော့ဘူး .. ***တချို့လူတွေ တကယ် တစ်ယောက်တည်းပဲ နေချင်တယ် .. နေလို့လည်း အဆင်ပြေတယ်ဆိုတဲ့ သူတွေကတော့…

Hostel တွေရွေးရင် ဘာကိုအဓိကကြည့်မလဲ ??

Hostel တွေရွေးရင် ဘာကိုအဓိကကြည့်မလဲ ?? မိုးအေးတော့ အပြင်လည်း မသွားဖြစ်တာနဲ့ .. စာလေးတစ်ပုဒ်တော့ ရေးဦးမယ်ဆိုပြီး Emma Hostel booking လုပ်ရင် ဘယ်လိုအရာတွေကို အဓိက ထားပြီးကြည့်လဲဆိုတာ ပြောပြမယ်နော် .. ပထမဆုံး အနေနဲ့ ကြည့်တာကတော့ location ပဲ .. location မှားရွေးမိလို့ သွားလာရ ခက်ခဲတဲ့ နေရာမျိုးရောက်သွားရင် အရမ်းစိတ်ပျက်ဖို့ကောင်းတယ် .. အဓိက ကိုယ်ရွေးတဲ့နေရာက Central Area လိုနေရာမှာ ရှိဖို့လိုတယ် .. မြို့ရဲ့…

လူတွေကိုသတိထားပါ .. ဒါပေမဲ့ ကြောက်နေစရာတော့မလိုပါဘူး ..

ငယ်ငယ်ကတည်းက မိဘတွေခြောက်ပြောတာ ခံရတဲ့ကလေးတွေက ကြီးလာရင်လည်း လူကြောက်တတ်ကြတယ် .. solo trip တွေသွားတာမြင်တော့ အများစုမေးကြတဲ့ မေးခွန်းက “မိန်းကလေးတစ်ယောက်တည်း မကြောက်ဖူးလား” .. “အဲဒီကိုသွားရင် safe ဖြစ်ရဲ့လား” ဆိုတဲ့ မေးခွန်းတွေပါ .. အဲဒါကြောင့်လည်း ဒီစာလေးကို ရေးဖြစ်သွားတာ .. တကယ်တော့ 100% safe ဖြစ်တဲ့နေရာဆိုတာ ကမ္ဘာပေါ်မှာမရှိပါဘူး .. ကိုယ့်အိမ်မှာ နေရင်းနဲ့တောင် မတော်တဆဆိုတာ အချိန်မရွေးဖြစ်နိုင်တယ်မလား .. (ဖြစ်နိုင်ချေ နည်းတာ များတာထားလိုက်ဦး ဖြစ်တော့ ဖြစ်နိုင်တယ်)…

Single ဖြစ်တုန်း ခရီးသွားပါ ..

ရောက်တဲ့နေရာမှာ မိတ်ဆွေသစ် သူငယ်ချင်းအသစ်တွေရှာပါ .. သဘောကျတဲ့သူတွေ့ခဲ့ရင် လွတ်လွတ်လပ်လပ် flirt ပါ .. ပျော်စရာအမှတ်တရလေးတွေ အတူတူဖန်တီးပါ .. hiking တွေ အတူတူသွားတာ .. ဆိုင်ကယ်တစ်စီးနဲ့ တောင်တန်းတွေဆီကိုသွားကြတာ .. ကမ်းခြေမှာ ညနက်ထိ အတူတူထိုင် လှိုင်းသံလေးတွေနားထောင်ရင်း စကားတွေပြောတာ .. ကန္တာရထဲ dune တွေပေါ်လမ်းလျှောက် နေဝင်ချိန် အတူတူကြည့်တာမျိုးတွေ .. တစ်ခါတစ်လေလည်း sport bar သွား pool ကစားတာတို့ ဘောလုံးပွဲအတူတူကြည့်တာတို့ပေါ့ .. ဘဝက…

English စာတတ်တယ် .. ပါးစပ်ကပြောမထွက်ဘူး

English စာတတ်တယ် .. ပါးစပ်ကပြောမထွက်ဘူး .. ရုတ်တရက်ဆို ဘာပြောလို့ပြောရမှန်းမသိဘူးတို့ဆိုတာ .. လူတိုင်းဖြစ်လေ့ ဖြစ်ထရှိတဲ့ကိစ္စပါပဲ .. အထူးသဖြင့် ပြည်ပ စစရောက်ရောက်ချင်းမှာပေါ့ .. သင်တန်းတွေ ဘယ်လောက်ပဲတက်ခဲ့ တက်ခဲ့ တကယ်နဖူးတွေ့ ဒူးတွေ့ပြောရတော့မယ်ဆိုတော့ .. “ကြောင်” သွားတယ်ဆိုတာမျိုး .. ကျောင်းကဆရာတွေ တော်တော်များများကတော့ ပြောကြလိမ့်မယ် .. practice များများလုပ်ဖို့ .. ဒါပေမဲ့ တကယ့်လက်တွေ့မှာ practice လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စကားပြောလေ့ကျင့်တာနဲ့ .. တကယ်လိုအပ်တဲ့အချိန်မှာ information…

ပထမဆုံးအကြိမ် လေယဉ်စီးတဲ့အခါ .. ပစ္စည်းတွေ ဘယ်လိုထည့်ရမလဲ

ပထမဆုံးအကြိမ် လေယဉ်စီးတဲ့အခါ .. ပစ္စည်းတွေ ဘယ်လိုထည့်ရမလဲ မသိလို့ .. လာလာမေးကြတယ် .. ဒီတိုင်းပြောတာထက် .. ပုံလေးနဲ့ပြရင် ပိုရှင်းမယ်ထင်လို့ .. လေဆိပ်က ရိုက်ယူလာတာ .. တစ်ပုံချင်း ဖတ်ကြည့်နော် .. ပေါက်ကွဲနိုင်တဲ့ ပစ္စည်းတွေ .. Gas လောင်စာဆီ တခြား မီးလောင်လွယ်တဲ့ ပစ္စည်းတွေကို .. လေယဉ်နဲ့ သယ်ခွင့်မရှိပါဘူး .. (check in ကော hand carry ကော မရတာပါနော် )…

Back to top