Diving In Redsea (Hurghada)

Egypt ဆိုတာနဲ့ လူတော်တော်များများက Pyramids တွေ .. မံမီရုပ်အလောင်းတွေနဲ့ ရှေးဟောင်း ဘုရားကျောင်းတွေ စတာတွေနဲ့ပဲ တွဲပြီးမြင်တတ်ကြပါတယ် ..

ဒါပေမဲ့ တကယ်တမ်းကျတော့ Egypt မှာ အဲဒါထက်ပိုပြီးတော့ လည်စရာ နေရာတွေများပါတယ် ..

ကမ္ဘာ့အရှည်ဆုံးမြစ်ဖြစ်တဲ့ Nile မြစ်ဟာ Egypt နိုင်ငံ အစအဆုံး စီးဆင်းနေပြီးတော့ ..

နိုင်ငံရဲ့ မြောက်ဖက်နဲ့ အရှေ့ဖက်တွေမှာ Mediterranean Sea နဲ့ Red Sea တို့ရှိတာကြောင့် လှပတဲ့ပင်လယ်ကမ်းခြေဒေသများစွာကို ပိုင်ဆိုင်ထားပါတယ်..

အဲဒီထဲကမှ နာမည်အကြီးဆုံးနေရာတွေကတော့ .. Alexandria, Hurghada, Sharm El Sheikh နဲ့ Dahab တို့ပဲဖြစ်ပါတယ် ..

Alexandria ကတော့ ဥရောပ ၊ တူရကီတို့နဲ့ နီးပြီးတော့ .. ရေကြောင်းကုန်သွယ်ရေး အချက်အချာ မြို့ဖြစ်တာကြောင့် .. စီးပွါးရေးလုပ်ငန်းတွေ ပေါများပြီး လူစည်ကားတဲ့နေရာတစ်ခုဖြစ်ပါတယ် ..

သမိုင်းကြောင်းကိုပြန်ကြည့်လိုက်ရင်လည်း ရောမခေတ်ကတည်းက Alexander, Juliet Caesar, Napoleon တို့လို နာမည်ကြီးတဲ့ ခေါင်းဆောင်တွေ ခဏခဏ စစ်ချီလာဖူးတဲ့နေရာဖြစ်တာကြောင့် ဒီမြို့ကိုတော့ ရင်းနီးပြီးသားဖြစ်မှာပါ ..

( Cleopatra ရဲ့ ရုပ်အလောင်းကိုလည်း Alexandria မှာပဲ ရှိလိမ့်မယ်လို့ Egypt ရှေးဟောင်းသုသေသန ပညာရှင်တွေက ခန့်မှန်းကြပါတယ် .. ဒါပေမဲ့ အခုထိတော့ရှာမတွေ့သေးပါဘူး)

Alexandria ကိုရောက်ရင်တော့ .. သမိုင်းဝင်

Seven Ancient Wonders ထဲက တစ်ခုဖြစ်တဲ့ The lighthouse of Alexandria နဲ့ ခံတပ် ကို သွားရောက်လေ့လာလို့ရပါတယ် .. ဒါပေမဲ့ Lighthouse ကတော့ ငလျင်၊မိုးကြိုး အစရှိတဲ့ သဘာဝဘေးဒဏ်တွေကြောင့် ပျက်စီးသွားခဲ့ပါပြီ ..

နောက်တစ်ခုကတော့ နာမည်ကျော် Alexandria Library 📚 ပါ .. အရင် အဟောင်းကတော့ စစ်အတွင်းမှာ မီးရှို့ခံရလို့ ပျက်စီးသွားပြီးတော့ အခု အသစ်ကို ပြန်ဆောက်ထားတာပါ .. အဲဒီခေတ်တုန်းကတော့ ကမ္ဘာပေါ်မှာ အကြီးဆုံးစာကြည့်တိုက်ကြီးဖြစ်ခဲ့ပြီးတော့ တကယ့်အဖိုးမဖြတ်နိုင်တဲ့ စာအုပ်တွေ ရှိခဲ့တာပါ .. (နိုင်ငံကို အုပ်ချုပ်တဲ့သူတွေက .. အီဂျစ်ပြည်သူတွေ ပညာတတ်ရင် သူတို့ကို ပုန်ကန်နိုင်တယ်ဆိုပြီး တမင် မီးရှို့ဖျက်ဆီးတာလို့လည်း တချို့ကပြောကြပါတယ်) ကဲ ဒီလောက်ဆိုရင် Alexandria အကြောင်း တော်တော်လေး ပြည့်စုံသွားပါပြီ ..

နောက်ထပ် မြို့တွေကတော့ Red Sea မှာ ရှိပြီးတော့ ကမ္ဘာမှာ အကောင်းဆုံးလို့ပြောတဲ့ Diving Spots တွေကြောင့် ရှိတာကြောင့် နာမည်ကြီးပါတယ် .. Emma Google မှာ ရှာကြည့်တော့ ဓါတ်ပုံတွေက တော်တော်လေးလှပါတယ် .. ပင်လယ် ရေသတ္တဝါတွေလည်း မျိုးစုံရှိတယ်လို့ ပြောကြပါတယ် ..

ဒါပေမဲ့ Emma ကတော့ Diving လည်း တစ်ခါမှ မလုပ်ဖူး ၊ လုပ်လည်းမလုပ်တတ်လို့ စမ်းကြည့်ပေမဲ့ အဆင်မပြေခဲ့ပါဘူး 😂

ရေမကြောက်တတ်တဲ့ သူတွေဆိုရင်တော့ တော်တော်ပျော်ဖို့ကောင်းမှာ ..

Hurghada, Sharm EI Sheikh နဲ့ Dahab သုံးခုစလုံးက နာမည်ကြီး Tourist နေရာတွေဖြစ်ပေမဲ့ Emma ကတော့ သွားရတာ လွယ်ကူတဲ့ Hurghada ကိုပဲ သွားခဲ့ပါတယ် .. တခြားမြို့တွေက flight နဲ့ကူးမှ ပိုအဆင်ပြေမှာမို့ပါ ..

Hurghada က ကမ်းခြေ မြို့သေးသေးလေးပါ .. Tourists တွေပဲ အဓိကလာကြပြီးတော့ .. Diving အတွက်ပဲ သီးသန့်လာကြတာများပါတယ် .. Hurghada မှာ ဘယ်နားသွားသွား Diving Class တွေနဲ့Diving နဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေပဲ များတာပါ .. နောက်တစ်ခုကတော့ Cairo တို့ Luxor တို့နဲ့ ယှဉ်ရင် ပို Open ဖြစ်တယ်လို့ပြောလို့ရပါတယ် .. Alcohol, Beer ဝယ်ရတာလွယ်ပြီး စျေးလည်းသက်သာပါတယ် .. (Egypt က Islamic Country ဖြစ်တာကြောင့် တခြားမြို့တွေမှာဆို Alcohol ကို အလွယ်တကူဝယ်မရလို့ပါ)

Emma က တော့ အတူတူ တည်းတဲ့ Hotel မှာ သူငယ်ချင်းရလိုက်ပြီး သူ့အကူအညီနဲ့ပဲ.. စျေးသက်သက်သာသာနဲ့ Boat Trip လေး Join ဖြစ်သွားပါတယ် .. Fullday ကို hotel ကြို/ပို့ Lunch အပါအဝင် .. Dive Instructor + Equipments တွေ အပြီးအစီးကို 50 USD လောက်ပဲ ပေးရပါတယ် .. တခြားနေရာတွေမှာ မေးကြည့်တာ (200-300 ကြားရှိတာပါ) Egypt မှာလည်း သတိထားရမှာ တစ်ခုက Foreigner တွေဆို စျေးပိုယူတတ်ပါတယ် .. မုန့်စားရင်တောင် မုန့်ဆိုင်ကအစ English Menu မှာ စျေး ၂ ဆ ဖြစ်နေတာ ကြုံခဲ့ဖူးပါတယ် .. နောက်ပိုင်းတော့ translation app ပဲသုံးဖြစ်တော့တယ် 😅

Scuba Diving.. 🤿

အောက်စီဂျင်အိုးနဲ့ ရေအောက် ၁၀ မီတာလောက်ထိ ဆင်းပြီး corals 🪸 တွေနဲ့ .. sea animals တွေ ကြည့်တာပါ .. Emma ကတော့ စမ်းကြည့်တာ အဆင်မပြေပါဘူး .. ကြောက်နေတာနဲ့ .. ရေက pressure နဲ့ကော .. သေချာမလုပ်ဖြစ်လို့ video ကောင်းကောင်းတောင် မရလိုက်ပါဘူး .. company ဖက်ကတော့ ရိုက်ပေးပါတယ် .. ပြန်ဝယ်ချင်ရင် 25 USD ပေးရတယ် .. Emma က တစ်ပုံမှ အဆင်မပြေလို့ မဝယ်တော့ဘူး 🤣

အဲဒီမှာ ပြောချင်တာကလေ .. Emma ပြောတာနဲ့ ကြောက်မသွားနဲ့ဦးနော် .. တကယ်တမ်းကျတော့ ရေအောက်ထဲရောက်သွားရင် မြင်ရတဲ့ မြင်ကွင်း feeling က ဘာနဲ့မှမတူပါဘူး .. တကယ်လို့ diving တစ်ခါမှ မလုပ်ဖူးရင်တော့ စမ်းကြည့်သင့်ပါတယ် .. အဆင်ပြေရင် ထပ်လုပ် .. Emma ကတော့ လုပ်ချင်ခဲ့တဲ့အရာ လုပ်ဖူးသွားပြီးပြီ ဒါပေမဲ့ ကြောက်လို့ ထပ်တော့ မလုပ်ချင်တော့ဘူး 😂

Snorkeling လေးကတော့ အဆင်ပြေတယ် .. ရေအောက်ထိ သွားစရာမလိုဘူး ..

ကဲ အဲဒါကြောင့်မို့ .. Egypt သွားဖြစ်ခဲ့ရင် .. Pyramid တွေ Temple တွေနဲ့တင်မပြီးဘဲ .. ကမ်းခြေမြို့လေးတွေပါ သွားလည်ခဲ့ဦးနော် .. ပြီးတော့ Egypt မှ မဟုတ်ဘူး တခြား ဘယ်နေရာကိုပဲသွားသွား အခွင့်အရေးရင် adventure activities လေးတွေ စမ်းကြည့်ကြပါလို့ အကြံပေးချင်ပါတယ် 😊

အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Back to top