
ကျန်းမာရေးပြသနာ ကြီးကြီးမားမားတော့ မရှိပေမဲ့ .. လတိုင်း period ဖြစ်ရင် ကိုက်ခဲလို့ သွားပြဖြစ်တာ .. ကိုက်တာ ခဲတာက ပုံမှန်ပဲဆိုပေမဲ့ .. အမျိုးသမီးတွေ တော်တော်များများ ဖြစ်တတ်တဲ့ သားအိမ်အလုံးတည်တာတို့ .. ရေအိတ်ဆိုလား ဘာလား ကိုယ်လည်းသေချာတော့မသိဘူး .. ခဏခဏ ကြားဖူးနေလို့ .. တစ်ခုခုဆို ကြိုကြိုတင်တင် သိရအောင် သွားစစ်ကြည့်တဲ့သဘောပါပဲ ..
ဒီ kolhapur မှာက တခြားမြို့ကြီးတွေလို international hospital တွေတော့မရှိပေမဲ့ သူ့ဟာနဲ့သူတော့ ဓါတ်ခွဲခန်းတွေ ၊ စက်ပစ္စည်းတွေအစုံရှိတော့ အဆင်ပြေပါတယ် ..
ပထမရက်က ဆေးခန်းသွားပြတော့ .. စမ်းသပ်ခဆိုပြီး ရူပီး 500 ပေးရတယ် .. မြန်မာငွေနဲ့ ၂သောင်းလောက်ပေါ့ (private ဆေးခန်းမှာပါ ) ..
ဆရာဝန်မကြီးက စမ်းသပ်ပြီးတော့ သွေး၊ဆီးနဲ့ sonography စစ်ခိုင်းတယ် .. နောက်ရက်ကျ report နဲ့ ပြန်လာပေါ့ဆိုပြီး ..
အဲဒါတွေစစ်တာလည်း သိပ်မကုန်ဘူး သုံးခုပေါင်းမှ ရူပီး ၂၀၀၀ ကျော်ကျော် (မြန်မာငွေ တစ်သိန်းလောက်ပဲ ) .. အဖြေကလည်း နေ့ချင်းရတယ် ..
ရလာတဲ့ reports နဲ့ နောက်ရက် ပြန်သွားပြတော့ .. အကုန်ကောင်းပါတယ်တဲ့ .. ဟော်မုန်းမညီမျှတာကြောင့် သားအိမ်နံရံ နည်းနည်းထူနေတာ .. သောက်ဆေးနဲ့တင်ပျောက်ပါတယ်ဆိုလို့ စိတ်အေးသွားတယ် .. (တချို့ အလုံးတွေဘာတွေတွေ့ရင် ခွဲရစိပ်ရမှာစိုးလို့) ..
အတူတူလိုက်ပြပေးတဲ့ သူငယ်ချင်းကလည်း ဆရာဝန်ပဲ ဆိုတော့ ရှင်းပြတာ ဒါမျိုးက ဆေးမသောက်ပဲနဲ့လည်း အစားအသောက်ကို adjust လုပ်ပြီး ညှိလို့ရတယ်တဲ့ .. ဥပမာ caffeine ဓါတ်ရှောင်ရမယ် .. သကြားတို့ .. တခြား junk food တွေကောပေါ့..
အဲဒါတွေပြီးတော့ ဆေးစာရေးပေးလိုက်တယ် .. ဆေး ၃ လစာ ဝယ်တာ ရူပီး ၁၅၀၀ .. စမ်းသပ်ခ ကောဆိုတော့ ပေးစရာမလိုဘူးတဲ့ .. တော်တော်လေး အံ့ဩသွားတာ .. ဘာကြောင့်လဲတော့ ထပ်မမေးဖြစ်ပေမဲ့ ကြည့်ရတာ .. ပထမရက်က ပြတာနဲ့ case တစ်ခုထဲမို့ ထပ်မတောင်းတာထင်တယ် .. ဒါတောင် private ဆေးခန်းနော် အစိုးရ ဆေးရုံတွေတော့ မပြဖူးလို့ မသိဘူး ..
ပြီးတော့ နောက်တစ်ခုက India မှာ ဆေးခန်းပြရင် စကားပြန်မလိုဘူး .. ဆရာဝန်တွေ nurse တွေက အကုန် English လိုပြောတတ်တယ် .. ဒါပေမဲ့ သူတို့ပြောတဲ့ medical term တွေ တချို့ နားမလည်တာ ရှိမှာစိုးရင်တော့ စကားပြန်ခေါ်သွားပေါ့နော် .. Emma ကတော့ သူငယ်ချင်းပါလို့ အကုန်အဆင်ပြေတယ် .. ဆေးခန်းကို ကူလိုက်ပေးပြီးတော့ အပြန် သူကတောင် မုန့်ဝယ်ကျွေးသေးတယ် ..
မြန်မာက ဆေးခန်းပြ လာကြတဲ့သူ တော်တော်များများက Chennai or Hyderabad မှာ ပြကြတာများတယ် .. မြို့ကြီးတွေဖြစ်ပြီးတော့ နာမည်ကြီးဆေးရုံတွေလည်းအများကြီးရှိလို့ .. ပြီးတော့ India က ဆေးပညာနဲ့ပတ်သတ်တာ ဆရာဝန်တွေဆိုလည်း အရမ်းတော် အရမ်းကောင်းတယ် .. ကိုယ်နားလည်တဲ့အပိုင်းမဟုတ်ပေမဲ့ .. experience လေး ပြန်ဝေမျှချင်လို့ တင်ပေးတာပါ ..
လောလောဆယ် Medical Tour လုပ်ဖို့တော့ အစီအစဉ်မရှိသေးပါဘူး .. နောက်ပိုင်း အဆက်အသွယ်ရခဲ့လို့ လုပ်ဖြစ်ခဲ့ရင်တော့ update တင်ပေးပါမယ်နော် .. ကျေးဇူးပါ