Chiang Mai – Pai – Ban Rak Thai – Mae Hong Son – Doi Inthanon – Chiang Mai (Bike Tour) လေးသွားခဲ့တာ ပြန်ပြောပြမယ်နော် .. (၃ ညအိပ် ၄ ရက်) *** ပထမဆုံးသတိထားရမှာက ခရီးရှည်ဖြစ်တာကြောင့် ဆိုင်ကယ်ကို သက်တောင့်သက်သာဖြစ်ပြီး အင်ဂျင်ပါဝါ မြင့်တာ ခရီးဝေးအတွက် သင့်တော်မဲ့အနေအထားရှိတာကို ရွေးပါနော် .. လမ်းခရီးမှာ ပျက်တာတို့…
Thailand VS Vietnam ဒီရက်ပိုင်း ဗီယက်နမ်ဗီဇာအကြောင်း လာမေးကြတဲ့သူများလို့လေ .. ပြောပြချင်တာက .. ထိုင်းနဲ့ဘာကွာလဲပေါ့နော် .. ထိုင်းကတော့ မြန်မာအများစုနေချင်ကြတယ် .. အစားအသောက် ယဉ်ကျေးမှုတွေ တော်တော်များများ ကိုယ့်နိုင်ငံနဲ့နီးစပ်တာကိုး .. နောက်ပြီး community တောင့်တော့ မိတ်ဆွေ အပေါင်းအသင်းတွေများများရှိကြတယ် .. Emma ဆိုရင်လည်း ထိုင်းရောက်တာနဲ့ သူငယ်ချင်းတွေ ပတ်တွေ့လို့ ကုန်ကိုမကုန်နိုင်ဘူး .. ရေရှည်နေမယ်ဆို အဲဒီလိုအပေါင်းအသင်းတွေကလည်းလိုတာပေါ့နော် .. ဒါပေမဲ့ Visa ကိစ္စကတော့ တော်တော် ခေါင်းခဲစရာပဲ…
*** ပထမဆုံး အရေးကြီးတာက ဘန်ကောက်ထဲမှာ လုပ်မှပဲ ရက် ၃၀ တိုးပေးတာပါ *** တခြား မြို့တွေဆိုရင် ၇ ရက်ပဲ ပေးပါတယ် … အမ်မာ အစက Samut Parakan ရုံးကိုသွားသေးတယ် မရခဲ့ဘူးနော် … ဘန်ကောက်မှာ သက်တမ်းတိုးဖို့ဆို TM 30 က ဘန်ကောက်လိပ်စာဖြစ်ဖို့ လိုပါတယ် .. ကိုယ်နေတဲ့ နေရာက TM 30 အဆင်မပြေရင် ဝယ်လို့ရပါတယ် ဘတ် ၂၅၀ လောက်ပေးရတယ် …..
ချင်းမိုင်ကနေ ၁ နာရီကျော်လောက်ပဲ သွားရတဲ့ Doi Inthanon ဆိုတဲ့နေရာလေး .. တောင်ပေါ်ဒေသဖြစ်လို့ ရာသီဥတုက သိသိသာသာ အေးတယ် .. ထိုင်းနိုင်ငံထဲမှာ အမြင့်ဆုံးတောင်ထပ်လည်းဖြစ််တဲ့ Doi Inthanon summit ကိုလည်းသွားလို့ရပါတယ် .. အမ်မာတို့ သွားတဲ့အချိန်က မိုးရွာပြီး မြူတွေဆိုင်းနေလို့ ရှူခင်းမမြင်ရမဲ့အတူတူ ဆိုင်ကယ်နဲ့ အန္တရာယ်လည်းများလို့ မသွားခဲ့ရဘူး .. ဒါပေမဲ့ အဲဒီနေရာတစ်ဝိုက်က hotel တွေ homestay တွေ အကုန်လုံးက ရှုခင်းအရမ်းလှတယ် .. အနီးဝန်းကျင်မှာ ရေတံခွန်တွေလည်း…
ကန်ချနာဘူရီ ခရီးလေးအကြောင်း တင်ပေးပါဆိုပြီး ဘယ်သူမှလာမပြောလို့ ကိုယ့်ဖာသာကိုယ်ပဲ တင်ပေးလိုက်ပြီ အမ်မာတို့က ဘန်ကောက်ရော ၊ ကန်ချနာဘူရီကော ဆိုရင် ၁၀ ရက်လောက်နေခဲ့တာဆိုတော့ .. ပို့စ် အရမ်းရှည်သွားမှာစိုးလို့ ဘန်ကောက်အကြောင်း ထည့်မပြောတော့ဘူး .. အားလုံးလည်း သိပြီးသားတွေများမှာပါ .. ကန်ချနာဘူရီကိုတော့ ရထားစီးသွားရင် Thunburi station ကနေ စစီးရတယ် .. မနက် 7:45 am မှာ ရထားထွက်လို့ .. 7:15 am လောက်မှာ ကြိုရောက်ပြီး လက်မှတ်ဝယ်…
၁။ အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာ ဥရောပတွေရဲ့ကိုလိုနီလက်အောက်ခံ မဖြစ်ခဲ့တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တယ် ၂။ ၉၅% သော လူဦးရေဟာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီးတော့ နိုင်ငံအနှံ့မရေမတွက်နိုင်တဲ့ ဘုရား စေတီတွေ အများကြီးရှိတယ် ၃။ မြို့တော် ဘန်ကောက်ရဲ့ နာမည်အရှည်ဟာ စာလုံးပေါင်း ၁၆၉ လုံးရှိပြီးတော့ ကမ္ဘာပေါ်မှာ .. နာမည်အရှည်ဆုံးမြို့ဖြစ်တယ် ၄။ လူတိုင်းသိကြတဲ့ “Red bull” အားဖြည့်အချိုရည်ရဲ့ မူလအစ တည်ထောင်ခဲ့တဲ့ နေရာဖြစ်တယ် ၅။ နှစ်စဉ် နှစ်တိုင်းကျင်းပကြတဲ့ မျောက်တွေအတွက် အစားအစာကျွေးမွေးတဲ့…
တစ်ကိုယ်တော် စွန့်စားခြင်း ခရီးမှတ်တမ်း (Solo traveller’s diary) နိဒါန်း စွန့်စားခြင်းဟု ပြောလိုက်လျှင် လူအများစု ထင်ကြမည်မှာ .. အာဖရိက တောနက်ထဲသွား၍ အသားစား လူရိုင်းများဖြင့် တွေ့ခဲ့လေသလား ၊ တောရိုင်း တိရစ္ဆာန်များဖြင့် လုံးထွေးသတ်ပုတ် တိုက်ခိုက်ခဲ့ရလေသလားဟု တွေးမိချင် တွေးမိလိမ့်မည် .. သို့သော် ဤဒိုင်ယာရီမှာ သာမန် မိန်းကလေးတစ်ယောက်တည်း .. ခရီးသွားစဉ် တွေ့ကြုံခဲ့ရသော အကြောင်းအရာများကို မှတ်တမ်းတင်ထားခြင်းမျှသာ ဖြစ်သည်။ စင်စစ် တခြားလူများအတွက် စွန့်စားခြင်း မဟုတ်သော်ငြား …..
နိုင်ငံကြီးတွေကို အလည် visa လျှောက်ဖို့ travel history လိုတယ်ဆိုရင် .. မြန်မာနဲ့ အနီးစပ်ဆုံး စျေးအသက်သာဆုံး နိုင်ငံတွေဖြစ်တဲ့ .. Thailand – Cambodia – Vietnam Thailand – Laos – Vietnam Thailand – Cambodia – Laos – Vietnam အဲဒီလို လမ်းကြောင်းလေးတွေအတိုင်း သွားရင် အဆင်ပြေပါတယ် .. အဲဒီမှာ ကိုယ်က visa stamp လိုချင်ယုံသက်သက်လား…
ဒီတစ်ခါမှာတော့ နှစ်သစ်ကူးပိတ်ရက်လေးမှာ ဘန်ကောက်ကို အလည်သွားမဲ့သူတွေအတွက် .. လည်ပတ်စရာ နေရာလေးတစ်ခုအကြောင်းပြောပြပေးပါမယ် အခုလို December နှစ်သစ်ကူးကာလလေးမှာ ဘန်ကောက်ရဲ့ နေရာတော်တော်များများကတော့ Christmas Decorations တွေ New Year အတွက်အလှဆင်ထားတဲ့ မီးရောင်စုံလှလှလေးတွေနဲ့ လာရောက်လည်ပတ်သူများပြီး အရမ်းကိုစည်ကားပါတယ် .. အဲဒီထဲကမှ Emma ပြောပြပေးချင်တဲ့နေရာလေးကတော့ Iconsiam ပဲဖြစ်ပါတယ် Iconsiam ဟာ ကျောက်ဖရားမြစ်ဘေးမှာတည်ရှိပြီး Shopping Area, Residential Area, Hotel Area တွေပါတဲ့ အရမ်းကိုလှပတဲ့နေရာလေးတစ်ခုပါ … မုန့်ဆိုင်တွေ…
Emma ဒီတစ်ခေါက်ကတော့ 2019 တုန်းက သွားထားတဲ့ Thai-Cambodia-Vietnam သုံးနိုင်ငံကို Bus နဲ့သွားတဲ့အကြောင်းလေး sharing လုပ်ပေးချင်ပါတယ် .. Backpacking experiences လေးတွေကို အဓိကထားပြီး ပြောပြသွားမှာမို့လို့ .. အလည်အပတ်သွားခဲ့တဲ့ နေရာတွေရဲ့ အသေးစိတ်ကို ထည့်မဖော်ပြတော့ပါဘူးနော် .. ပို့စ်အရမ်းရှည်သွားမှာစိုးလို့ပါ .. သိချင်တာရှိရင်တော့ Emma ကို message ပို့ပြီးမေးလို့ရပါတယ် အဲဒီလိုမျိုး တစ်နိုင်ငံပြီး တစ်နိုင်ငံ .. တစ်မြို့ပြီး တစ်မြို့ ဘာလို့ဆက်တိုက်သွားကြတာလဲ?? Emma လည်း အရင်တုန်းက…
