Explore the Arab Country (UAE)

UAE 🇦🇪 .. နိုင်ငံ အပြည့်အစုံခေါ်ရင် United Arab Emirates အဓိပ္ပါယ်ကတော့ Emirates (States လိုမျိုး) တွေစုထားတဲ့နိုင်ငံပေါ့ .. Dubai ကတော့ အဲဒီ Emirates တွေထဲက နာမည်အကြီးဆုံး .. လူသိအများဆုံးနဲ့ အတိုးတက်ဆုံးလို့လည်းပြောလို့ရတဲ့ Emirate တစ်ခု ..

ဒါပေမဲ့ Capital City (Main Emirate) ကတော့ Abudhabi လို့ခေါ်တဲ့ Emirate ပါ ..

အဲဒီ နှစ်ခုက လွဲရင် ကျန်တဲ့ Emirates တွေက Tourist တွေ သွားလေ့ သိပ်မရှိဘူး .. အဲဒီမှာ long term နေကြတဲ့သူတွေလောက်ပဲ သွားကြ လည်ကြတာရှိတယ် .. ဥပမာ Sharjah တို့ဘာတို့ ..

UAE ကို အလည်သွားချင်ရင် October to April လောက်ထိပဲအဆင်ပြေတယ် .. ကျန်တဲ့ လတွေက ရာသီဥတုအရမ်းပူပြီးတော့ Outdoor က လည်ပတ်စရာတွေ အကုန် ပိတ်ကြပါတယ် .. အဲဒါကြောင့် လူတွေက အပြင်ထွက်ချင်ရင် ညဖက် ထွက်ကြတာများတယ် .. ဒူဘိုင်းမှာ ညသန်းခေါင် ၂နာရီထိုး ၃နာရီထိုးလောက်လည်း အပြင်ထွက်ကြည့်လိုက်ရင် လူတွေအများကြီးတွေ့ရမယ် .. စစချင်းတော့ ထူးဆန်းပေမဲ့ .. နောက်ဆို ကိုယ်လည်း အဲဒီလို ဖြစ်သွားလိမ့်မယ် .. စည်းကမ်းတင်းကျပ်တဲ့ နိုင်ငံဖြစ်တာက တစ်ကြောင်း အများစုက Immigrants တွေ Expats တွေ ဖြစ်တာကြောင့် ပြသနာမဖြစ်အောင် နေလေ့ရှိလို့ လုံခြုံရေးအတွက်တော့ သိပ်စိတ်ပူစရာမလိုပါဘူး

မြန်မာနိုင်ငံကသွားရင် ကိုဗစ်မတိုင်ခင်ကတော့ Emirate Airline , Qatar Airways တို့ရှိပေမဲ့ ကိုဗစ်ကာလမှာ ရပ်ထားလို့ .. တိုက်ရိုက်ဆိုရင် MAI တစ်ခုပဲရှိပါတယ် .. (Emma သွားတုန်းကပြောတာပါ .. အခုတော့ ပြန်ပြေးဆွဲနေပြီလားမသိ) .. မြန်မာတိုက်ရိုက်လေယာဉ်တွေက စျေးပိုကြီးတတ်လို့ Bangkok or KL က Transit စီးလို့ရပါတယ် .. Transit ကို Emma သွားတုန်းက 700 USD လောက်ရှိပါတယ် .. အသွား တစ်ကြောင်းစာပါပဲ .. အသွားအပြန်ဝယ် ရင်တော့ 1500 လောက်တော့ ကျမှာပါ .. Emma ကကျတော့ မြန်မာကို မပြန်ပဲ တခြား ဆက်သွားမှာမို့ One way ပဲ ဝယ်လိုက်တာပါ .. ဒါပေမဲ့ One way ပဲ ဝယ်ရင် အပြန်လက်မှတ်အတွက် booking ပြလို့ရအောင် လက်မှတ်ရောင်းတဲ့ Agent ကို လုပ်ခိုင်းပါ ..

Visa က online ကနေ လျှောက်လို့ရပါတယ် .. ဒါပေမဲ့ ကိုယ်တိုင်တော့မရပါဘူး .. Agency က လျှောက်ပေးရမှာပါ .. အရင်ကတော့ ၃ လ ရပေမဲ့ အခုနောက်ပိုင်း ၂ လ ပဲပေးတော့တယ် .. visit နဲ့လာပြီး အလုပ်လုပ်တဲ့သူများတာ ကြောင့်မို့ပါ ..

Currency က AED (dirham) သုံးပြီးတော့ အခုပေါက်စျေးကတော့ ၁၀၀၀ ကျပ် နီးပါးပါ .. Emma သွားတုန်းက ၄၀၀ကျော်ပဲရှိသေးတာ ..

အစားအသောက်တွေ လူသုံးကုန် အခြေခံပစ္စည်းတွေကတော့ Tax free ဖြစ်လို့ စျေးတန်ပါတယ် .. တချို့ ပစ္စည်းတွေဆို ရန်ကုန်မှာထက်ကို ပိုစျေးချိုတယ် .. ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း luxury မြို့တော် ဖြစ်တာကြောင့် .. စားသောက်ဆိုင်တွေ .. Bar တွေ .. Shopping Center တွေကတော့ စျေးအရမ်းများပါတယ် .. High-end brand တွေကို ငှက်ပျောသီး ဝယ်သလို ဝယ်နိုင်ကြတဲ့ လူတွေလည်းအများကြီးရှိတာမို့ .. စျေးတွေမြောက်တာလည်း မဆန်းပါဘူး .. 😁

နောက်တစ်ခု မှတ်မှတ်ရရက ပုံမှန် convenient store တွေ supermarket တွေမှာ Alcohol လုံးဝ ဝယ်လို့မရပါဘူး .. liquor store only မှာပဲ ဝယ်ရပြီးတော့ .. ဝယ်ဖို့အတွက်ဆိုလည်း လိုင်စင်ရှိဖို့လိုပါတယ် 😂 (ပြန်ရောင်းတာမဟုတ်ဘူးနော် .. သောက်ဖို့ဝယ်တာတောင်မရဘူး ) ..

Emma တို့နဲ့ အရမ်းအလှမ်းဝေးပြီး different ဖြစ်တဲ့ culture မျိုးရှိတာကြောင့် စ ရောက်ခါစကတော့ အကုန် ထူးဆန်းပြီး စိတ်ဝင်စားဖို့ကောင်းနေပါတယ် ..

အထက်မှာ ပြောခဲ့သလိုပဲ နိုင်ငံပေါင်းစုံက လာရောက်နေထိုင်ကြတဲ့ Immigrants တွေများတဲ့နေရာ ဖြစ်တာကြောင့်မို့ English ကိုအဲ အဓိကထားပြီး ပြောဆိုကြပါတယ် .. local တွေကတော့ Arabic စကားပြောကြတာပါ .. Emma လည်း Dubai မှာ နေခဲ့တဲ့အချိန် နည်းနည်းကြာတာကြောင့် နိုင်ငံတော်တော်များများက သူငယ်ချင်းတွေနဲ့ ခင်ခဲ့ပါတယ် .. သူတို့ပြောပြတာကြောင့်ပဲ သူတို့ရဲ့ နိုင်ငံတွေကိုပါ စိတ်ဝင်စားပြီးတော့ India , Egypt, Turkey တို့ကို သွားလည်ဖြစ်တာပါ ..

(တခြား နိုင်ငံတွေလည်း သွားချင်တာ Visa က တစ်ခါ တစ်ခါ လျှောက်ဖို့ကမလွယ်လို့ )

Dubai မှာ Public Transport သုံးရတာ သိပ်အဆင်မပြေပါဘူး .. Metro တွေက အဓိက အရေးကြီးတဲ့ နေရာတွေအနီးမှာတော့ ရှိပေမဲ့ .. ကိုယ်သွားချင်တဲ့က နေရာက Metro station နဲ့ ဝေးရင် လမ်းလျှောက်ဖို့က မလွယ်ပါဘူး .. Bus ကတော့ ရှိတယ်ဆိုပေမဲ့ တစ်စီးနဲ့ တစ်စီးတော်တော်လေး ခြားပါတယ် .. တချို့ကားတွေဆို .. မိနစ် ၃၀ ကနေ ၁ နာရီလောက်နေမှ တစ်စီးထွက်တာပါ .. Taxi ကတော့ စျေးကြီးပေမဲ့ best option ပါနော် .. Emma အကြံပေးချင်တာကတော့ အနီးဆုံး metro ထိ စီးပြီးတော့မှ taxi ပြန်စီးတာ အဆင်ပြေပါတယ် .. Abudhabi မှာကတော့ metro မရှိပါဘူး Bus ပဲသုံးကြတာပါ .. ဒါပေမဲ့ Dubai ကနေ သွားလည်ချင်ရင် Day TOUR တွေ ရှိပါတယ် .. ၃၊၄ နေရာလောက်ကို လိုက်ပို့ပေးတယ် ပိုသက်သာပြီး အဆင်ပြေပါတယ်..

ကဲ Emma အလည်သွားခဲ့တဲ့နေရာတစ်ခုချင်းစီအကြောင်းတော့ အသေးစိတ်မပြောတော့ဘူးနော် .. အရမ်းများသွားလို့ .. အချိန်ရခဲ့ရင်တော့ နောက် ပို့စ် တစ်ခုခွဲပြီး တင်ပေးပါမယ် .. တခြား သိချင်တာ ရှိရင်လည်း Emma ကို မေးလို့ရပါတယ်နော် .. အားလုံးကို ကျေးဇူးပါ

Leave a Reply

Your email address will not be published. Required fields are marked *

Back to top