အခုပဲရောက်တယ် အခုပဲရေးတင်တော့မယ် .. (ချန်ထားရင် အကြွေးတွေများပြီး ပျင်းရင်းနဲ့ မတင်ဖြစ်တော့မှာစိုးလို့)
လည်စရာနေရာတွေထက် အတွေ့အကြုံလေးတွေကိုပြောပြချင်တာ ..
India က အရင်လည်း ရောက်ဖူးတယ်ဆိုပေမဲ့ .. သွားခဲ့တဲ့နေရာတွေက မတူတော့ .. ဒါကလည်းအသစ်ဖြစ်နေတာပေါ့ .. (India က ကိုယ်သွားတဲ့နေရာပေါ်မူတည်ပြီး လုံးဝကွာခြားပါတယ် .. နေရာတိုင်း အတူတူ တစ်သတ်မှတ်ထဲရှိတာမဟုတ်လို့ ဒီ ပို့စ်လေးက Kolkata တစ်ခုအတွက်ပဲ ရည်ရွယ်ပါတယ်)

စစချင်း အတွေ့အကြုံက လေဆိပ်မှာ အင်တာနက် ချိတ်မရတာပဲ .. လေဆိပ်က wifi လိုင်းပဲမြင်နေရတယ် သုံးလို့မရဘူး .. အဲဒါနဲ့ အိုခေပေါ့ SIM card ဝယ်မယ်ဆိုပြီးကြည့်တော့ ဘယ်မှာမှမတွေ့ .. မဟုတ်သေးပါဘူးဆိုပြီးတော့ ဝန်ထမ်းတစ်ယောက်ကို မေးကြည့်တော့ မရောင်းဘူးတဲ့ .. အပြင်မှာပဲရမယ်လို့ပြောတယ် .. အဲဒါနဲ့ ကားငှါးဖို့ခက်လို့ taxi ကို ဒီတိုင်းပဲ စျေးမေးပြီးငှါးလိုက်တာ … 700 rupees ပေးရတယ် .. လေဆိပ်က မြို့ထဲနဲ့ တော်တော်လေးဝေးလို့ ..
တစ်ခါ taxi ခပေးမယ်ဆိုတော့ cash ပဲယူသွားတာ အရင်တစ်ခါ အတွေ့အကြုံအရ .. သူတို့ရဲ့ local မှာ သုံးတဲ့ online payment တွေက local bank နဲ့ပဲအဆင်ပြေတယ် .. နိုင်ငံခြားက ဘဏ်တွေနဲ့ အလုပ်မလုပ်ဘူး .. အဲဒါမို့ cash ပဲ ဆောင်သွားတာ .. ဒါပေမဲ့ သူတို့ဆီမှာ mobile payments ပဲသုံးကြတာများတော့ အကြွေပြန်အမ်းစရာမရှိလို့ တဲ့ တော်တော် တိုင်ပတ်သွားတယ် ..![]()

ကဲ ရောက်ပါပြီ တည်းတဲ့နေရာကတော့ wifi အဆင်ပြေလို့ တော်သေးတယ် .. ဒါပေမဲ့ အပြင်ထွက်ရင် သုံးလို့ရအောင် SIM card တော့ ဝယ်ရမယ်ဆိုပြီး ဆိုင်မှာမေးကြည့်တော့ tourist ဆိုရင် မရဘူးတဲ့ .. ဆွံ့အသွားတယ် .. ဘယ်လိုလုပ်မှရမလဲဆိုတော့ local Indian တစ်ယောက်က သူ့ ID နဲ့ လိုက်အာမခံပေးမှရမှာတဲ့ ဆိုတော့က .. ငါ့သူငယ်ချင်းတွေရှိတယ် ဒါပေမဲ့ တခြားမြို့မှာဆိုတော့ လူမလာပဲ .. ID ပဲ ပေးလို့မရဘူးလားဆိုတော့ မရဘူးတဲ့ ![]()
အဲဒါနဲ့ တပ်ပြန်ခေါက်ပြီး Ooredoo roaming ကို 7 ရက်စာ on ထားလိုက်တယ် .. အဲဒါကလည်း လိုင်းက မိတစ်ချက် မမိတစ်ချက်နဲ့
7 ရက်မပြည့်ခင်ဘယ်လိုလုပ်ရမလဲ အဖြေတော့ရှာဦးမှ .. ကိုယ်က အကြာကြီး နေမှာဆိုတော့ .. တစ်ချိန်လုံး roaming နဲ့ သုံးရရင် အဆင်မပြေဘူး ..
ညနေရောက်တော့ မြို့လည်ခေါင်က အထိမ်းအမှတ် အဆောက်အဦးဆီသွားတယ် .. အထဲမှာ ဘာတွေ ရှိလဲတော့ မပြောတတ်ဘူး .. ကိုယ်သွားတာနောက်ကျလို့ ၆ နာရီပိတ်တာနဲ့ မမီလိုက်ဘူး .. အပြင်ကပဲ ဓါတ်ပုံရိုက်ခဲ့လိုက်တယ် .. ဆောက်ထားတဲ့ အဆောက်အဦး ပုံစံ လက်ရာတွေကတော့ ရှယ်ပဲ .. နောက်တစ်ခါ ကြုံမှပဲ အထဲဝင်ကြည့်တော့မယ် ..
Kolkata မှာတော့ လည်စရာ နေရာသိပ်တော့မရှိဘူး .. ပြတိုက် ရယ် ပန်းခြံရယ်ပဲ .. ဆိုတော့ မနက်ဖြန် GAYA ကို သွားတော့မယ် .. ဟိုမှာကော ဘာတွေ ထပ်တွေ့ရမလဲဆိုတာကိုလည်း စောင့်ကြည့်ကြဦးနော် ![]()
One thought on “Kolkata”
Leave a Reply
You must be logged in to post a comment.

Glad to know that India makes you happy. Keep doing what you love.