India မှာဆိုရင် Maharashtra ပြည်နယ်ကတော့ မသိတဲ့သူမရှိသလောက်ပါပဲ .. အဓိကကတော့ လူတော်တော်များများ ကြားဖူးကြတဲ့ Bollywood Movie Industry ရှိတဲ့ Mumbai မြို့ဟာ Maharashtra ပြည်နယ်ထဲမှာပဲ ရှိနေတာကြောင့်မို့ပါ
Maharashtra ဆိုတဲ့နာမည်ကတော့ .. ပြည်နယ် (အရင်တုန်းကနိုင်ငံ) ကိုအုပ်စိုးခဲ့တဲ့ ဘုရင် Chhatrapati Shivaji Maharashtra ကိုအစွဲပြုပြီးခေါ်ကြတာပါ
Emma တို့ ဒီတစ်ခေါက်သွားလည်မဲ့နေရာလေးကတော့ Maharashtra ပြည်နယ်ရဲ့ သမိုင်းဝင် .. ခံတပ် နဲ့ battle ground နေရာလေးပါ ..
အဲဒီနေရာလေးရဲ့ သမိုင်းကြောင်းကိုပြောရရင် .. 1660 ပြည့်နှစ်တုန်းက Shivaji Maharashtra ရဲ့စစ်သူကြီး Baji Parabhu ဟာစစ်သည် ၃၀၀ နဲ့ siddi စစ်သည် ၁၀၀၀၀ ကျော်ကို အနိုင်တိုက်ခဲ့တဲ့ နေရာလေးပါ .. အဲဒီ battle ground ကို ရောက်ဖို့အတွက် ခံတပ်ကနေ 51 km ဝေးတဲ့ ခရီးကို နာရီပေါင်း 21 ကြာအောင် မရပ်မနားတမ်း လမ်းလျှောက်ကြရတာပါ .. အဲဒီအချိန်က July လထဲမှာ ဖြစ်တာကြောင့် India ရဲ့ မိုးရာသီလည်းဖြစ်နေပါတယ် ..
ပုံမှန်ဆိုရင် trekking တွေကို ခြောက်သွေ့တဲ့ ရာသီဥတုမျိုးမှ သွားကြပေမဲ့ .. အဲဒီ trek ကတော့ မိုးရာသီဖြစ်တဲ့ July, August လတွေမှာ သွားကြတာပါ .. တမင်ကို စစ်သူကြီး သွားတဲ့အချိန် သွားတဲ့လမ်းကြောင်းအတိုင်းသွားပြီးတော့ သူ့ရဲ့ အပင်ပမ်းခံကြိုးစားအားထုတ်မှုကို ဂုဏ်ပြုတဲ့သဘောပါ ..
ဒါပေမဲ့ Emma တို့လို သာမန်လူတွေအတွက်က နာရီပေါင်း 21 နာရီ ဆက်တိုက်သွားဖို့တော့ အဆင်မပြေဘူးပေါ့နော် .. အဲဒါကြောင့်မို့ .. ပထမရက် 23 km ကို 10 နာရီလောက် လမ်းလျှောက်ပြီး မိုးချုပ်တော့ လမ်းခုလတ်မှာရှိတဲ့ ရွာလေးမှာ တစ်ည အိပ်ကြရပါတယ် ..
မိုးထဲ ရေထဲ လျှောက်ရလို့ trek လမ်းကြောင်းကလည်းဆိုး ၊ ရာသီဥတုကလည်း အေးတာကြောင့် တော်ယုံလူဆို မသွားနိုင်ပါဘူး .. Emma ဆိုရင်လည်း လမ်းလျှောက်ရလို့ ပင်ပမ်းတဲ့ဒဏ်ကို ခံနိုင်ပေမဲ့ .. ရာသီဥတုကအေးလို့ ချမ်းစိမ့်နေတဲ့ ဒဏ်ကိုမခံနိုင်တာကြောင့် တော်တော်လေး ကြိုးစားပြီး လျှောက်ခဲ့ရတာပါ ..
နောက်တစ်ရက်မှာတော့ ကျန်တဲ့ 28 km ကို 12 နာရီ လောက်ထပ်လျှောက်ရပါတယ် .. နောက်ဆုံး battle ground နေရာကို ရောက်တော့ .. စစ်အတွင်းမှာ ကျဆုံးသွားတဲ့ စစ်သူကြီးရဲ့ အုတ်ဂူနဲ့ .. ရေတံခွန်ကြီးကိုတွေ့ရပါတယ် .. ဒါပေမဲ့ Emma တို့ ရောက်တဲ့ အချိန်မှာပဲ ရေစီးအရမ်းသန်လာလို့ ရေတံခွန်အောက်ဖက်ကို ဆင်းကြညိ့လို့မရလိုက်ပါဘူး ..
Marathai လူမျိုးတွေကတော့ အဲဒီနေရာကို အထွတ်အမြတ်ထားတာကြောင့် ပန်း၊သစ်သီး အမွှေးတိုင်တွေနဲ့ပါ ပူဇော်ထားတာ တွေ့ရမှာပါ
လမ်းမလျှောက်နိုင်တဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်လည်း ကားနဲ့တိုက်ရိုက်သွားပြီး လည်ပတ်လို့ရတာကြောင့် Maharashtra ကိုရောက်ခဲ့မယ်ဆိုရင်တော့ ဒီသမိုင်းဝင် အထိမ်းအမှတ်နေရာလေးကို သွားဖြစ်အောင် သွားကြည့်ကြဖို့ Emma ကတော့အကြံပေးချင်ပါတယ် .. အားလုံးကိုကျေးဇူးတင်ပါတယ် ..