မလေးရှားအလည်သွားမဲ့သူတွေအတွက် Hotel Booking ဘယ်လိုလုပ်မလဲဆိုတဲ့ Tips လေးပါ .. သေချာ ဖတ်ကြည့်နော်
နိုင်ငံအများစုကတော့ Government tax ပေးရတာ ထုံးစံပါပဲ .. % ကတော့ တစ်နိုင်ငံချင်းစီရဲ့ law အရ မတူဘူးပေါ့ ..
ဒါပေမဲ့ မလေးရှားမှာက Tourism tax ဆိုတာတစ်ခု ထပ်ကောက်တယ် .. Government tax အပြင်ကို ထပ်တိုးတာနော် .. ပြီးတော့ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်တဲ့ Malaka လို George Town တို့လို့နေရာဆိုရင် Heritage tax ဆိုတာက ထပ်ကောက်တယ် .. tax က ဘယ်လောက် % လည်း ဆိုတာ အတိအကျမပြောတတ်ပေမဲ့ များတော့များတယ် ..
ဥပမာ .. ကိုယ်က hotel ငှါးတာ room fees က USD 20 ဆိုပါတော့ .. tourism tax က USD 9~10 လောက်ရှိတယ်ဆိုတော့ .. တော်တော်များတဲ့ ပမာဏပဲ .. စုစုပေါင်း ငွေချေမယ်ဆိုရင် USD 30 ဝန်းကျင်လောက် ကျသွားကော ..
အဲဒါကြောင့်မို့ Emma မလေးရှားသွားတုန်းက hostel တွေက app က booking မလုပ်ဘဲ walk in ပဲ သွားတာပါ .. Google map ကနေ WhatsApp တို့ တခြား contact no တွေရှာပြီး ဆက်သွယ်တယ် .. hotel နဲ့ တိုက်ရိုက်ပဲ booking လုပ်တယ် အဲဒါဆို Government tax တော့ ပေးရပေမဲ့ .. Tourism tax အတွက် ပေးဖို့မလိုတော့ဘူး .. (hotel အားလုံးတော့ တူချင်မှ တူမှာပါ အဲဒါမို့ သေချာလေး စုံစမ်းသွားနော်)
၃၊၄ ရက်လောက် သွားရင်တော့ သိပ်မသိသာပေမဲ့ .. Emma က ရက် ၂၀ လောက်နေခဲ့တာဆိုတော့ Tax အမောင့်က တော်တော်လေး သိသာတယ် USD 100 ကျော်လောက်ကို သက်သာသွားတာာ..
အဲဒါလေး တစ်ခုပဲ ပြောပြချင်တာပါ .. တခြား immigration မှာ ပြဖို့ booking တွေ ဘာတွေကိစ္စတော့ မပြောတော့ဘူး .. အဆင်ပြေသလိုလုပ်သွားပေါ့နော် .. အားလုံးကတော့ paid ဖြစ်ရမယ် .. နောက်မှ cancelled ပြန်လုပ်ပေါ့ .. ![]()
