လူ့ဘဝမှာ သက်တမ်းစေ့နေရမယ်ဆိုရင်တောင် .. အလွန်ဆုံး ၇၇ နှစ်လောက်ပေါ့ ..
အဲလိုဆို လူ့သက်တမ်း တစ်ဝက်က ၃၈ နှစ်လို့ အကြမ်းဖြင်းပြောလို့ရတယ် ..
၅၅၊၆၀ နောက်ပိုင်းဆိုရင် ကျန်းမာရေး အရ လုပ်ချင်တာတွေ လုပ်လို့အဆင်မပြေတော့ဘူး ..
အဲဒါကြောင့်မို့ .. အခွင့်အရေးရတုန်း .. ကျန်းမာတုန်းအချိန်မှာ .. bucket list လေးတွေ လုပ်နိုင်သမျှ လုပ်သွားကြပါ ..
ခရီးသွားတာ တစ်ခုတည်းမဟုတ်ဘူးနော် ..
တွေ့ချင်နေတဲ့သူတွေကို သွားတွေ့ပါ ..
ပြောချင်နေတဲ့ စကားတွေကို ထုတ်ပြောဖြစ်အောင်ပြောကြည့်ပါ ..
စားချင်တဲ့ အစားအစာတွေ ..
လုပ်ချင်တဲ့ activities တွေ ..
သီချင်းတွေဆိုပြီး “က”ချင်တာလား ..
လူတိုင်းရဲ့ လုပ်ချင်တဲ့အရာတွေက တူချင်မှတူလိမ့်မယ် ..
ဒါပေမဲ့ ဘယ်အရာကမှ ပိုအရေးပါတယ် .. အရေးမပါဘူးဆိုတာ မရှိဘူး ..
လုပ်ချင်တဲ့ အရာတိုင်း အကုန်လုံး လုပ်ကိုလုပ်ရမယ်လို့ မဆိုလိုဘူး ..
တစ်ခုပဲဖြစ်ဖြစ် .. နှစ်ခုပဲဖြစ်ဖြစ် .. ဖြစ်နိုင်တဲ့အရာတွေကို “နောက်မှ.. အချိန်ရမှ လုပ်မယ်” ဆိုတာမျိုး မရွှေ့ဆိုင်းနေဘဲ ..
လုပ်ခွင့်သာတုန်း ၊ လုပ်နိုင်တုန်းမှာလုပ်ပါ ..
လူ့ဘဝဆိုတာ တိုတိုလေးပဲ .. အတိတ်ကိုပြန်ကြည့်လိုက်ရင် မနေ့တနေ့ကလိုပဲ .. အချိန်တွေ ကုန်တာမြန်လိုက်တာ ..
သိပ်မကြာခင် မျက်စိတစ်မှိတ် အတွင်းမှာပဲ .. အသက်တွေပို ကြီးသွားဦးမှာ ..
မွေးဖွားခြင်းနဲ့ .. သေဆုံးခြင်းကြားမှာ .. ဘယ်အရာတွေက ပိုမက်မောစရာ ရှိဦးမှာလဲ .. ![]()

