ဒီတစ်ခေါက် video လေးကတော့ Emma , Laos နိုင်ငံ Vang Vieng မြို့မှာ .. Fullday Tour သွားတဲ့အကြောင်းလေးပါ ..
Tour packages တွေက အမျိုးမျိုးရှိပြီးတော့ .. ကိုယ့်ကြိုက်တဲ့ Activities တွေပါတဲ့ Tour ကို ရွေးလို့ရပါတယ် .. Emma တို့ကတော့ Tubing, kayaking နဲ့ zip line စီးတာတွေ ပါတဲ့ Tour လေးကို ရွေးဖြစ်ပါတယ် ..
Tubing ဆိုတာကတော့ ဘောကွင်းတွေစီးပြီးတော့ ရေဂူထဲကို ဝင်ကြည့်ရတဲ့ activity တစ်ခုပါ .. Emma လည်း ဒီကိုရောက်မှ ပထမဆုံးအကြိမ် လုပ်ဖူးတာပါ .. တော်တော်လေး စိတ်လှုပ်ရှားပြီး ပျော်စရာတော့ ကောင်းပါတယ် .. ရေဂူရဲ့ အတွင်းပိုင်းကို ရောက်သွားတဲ့အခါမှာတော့ အလင်းရောင် မရတော့တဲ့အတွက် တချို့တွေဆို ခေါင်းမှာပတ်တဲ့ ဓါတ်မီးလေးတွေနဲ့သွားကြပါတယ် .. လမ်းကြောင်းကတော့ တစ်ခုပဲရှိလို့ .. ဂူရဲ့အဆုံးကို ရောက်သွားရင် လာလမ်းအတိုင်းပဲ ပြန်ကွေ့လာရပါတယ် .. အဝေးကြီးမဟုတ်ပေမဲ့ .. လူများရင်တော့ စောင့်ပြီးသွားရလို့ မိနစ် ၂၀ လောက်ကြာပါတယ် ..
နောက် တစ်နေရာရောက်တဲ့အခါမှာတော့ kayaking လုပ်ကြရပါတယ် .. ရေစီးအတိုင်း မျောသွားရတာဖြစ်ပေမဲ့ .. direction ကိုတော့လိုက်ထိန်းပေးရပါတယ် .. အရမ်းကြီးတော့ မခက်ပါဘူး .. Emma တို့ ၂ ယောက်စလုံးအတွက်လည်း ပထမဆုံးအကြိမ်ဆိုပေမဲ့ အဆင်ပြေပြီး ပျော်စရာကောင်းခဲ့ပါတယ် .. (အဲဒါကြောင့် တစ်ခါမှမလုပ်ဖူးဘူးဆိုပြီး မလုပ်ကြည့်ဘဲမနေပါနဲ့နော် .. Emma ဆိုရင်လည်း ရေတောင် မကူးတတ်ဘဲလုပ်ကြည့်တာပါ)
ဒါပေမဲ့ တစ်နာရီလောက် လှော်ပြီးတဲ့အခါမှာတော့ လက်တော်တော်ညောင်းသွားပါတယ် ![]()
နေ့လည်စာစားဖို့ နားပြီးတဲ့အခါမှာတော့ .. zip line စီးဖို့အတွက် blue lagoon ကိုထွက်ခဲ့ပါတယ် ..
Zip line စီးဖို့ဆိုရင် အရင်ဦးဆုံး အမြင့်နေရာ ရောက်ဖို့ကို ၁၅ မိနစ်လောက် တောင်တက်ရပါတယ် .. Emma တို့ စီးတဲ့ zip line က တစ်ခါတည်း လမ်းကြောင်းအရှည်ကြီးသွားတာမျိုးမဟုတ်ဘဲ .. တစ်ဆင့်ပြီး တစ်ဆင့် ၅ ခေါက်လောက် ဆင်းရပါတယ် .. နောက်ဆုံးတစ်ခေါက်မှာကတော့ zip line မဟုတ်တော့ဘဲ .. bungee jumping လိုမျိုး အပေါ်ကနေ ခုန်ချရတာပါ .. ဒါပေမဲ့ အရမ်းမမြင့်လို့ တော်ပါသေးတယ် .. ![]()
အားလုံးပြီးသွားလို့ blue lagoon ထဲ ရေဆော့တဲ့အခါမှာတော့ .. kayaking ကြောင့် ပင်ပမ်းတာကော .. zip line ကြောင့် ကြောက်တာတွေကော အကုန်လုံးပျောက်ပြီး အမောပြေလန်းဆန်းသွားပါတယ် .. Emma အတွက်ကတော့ တကယ်ကို မမေ့နိုင်စရာ ပျော်စရာကောင်းတဲ့ tour လေးတစ်ခုပါ .. တစ်ရက်ထဲနဲ့ .. ဘဝမှာ တစ်ခါမှ မလုပ်ဖူးတဲ့ activities 4 ခုလောက်လုပ်လိုက်ရလို့ပါ ..

Emma သွားခဲ့တဲ့အချိန် 2023 July တုန်းကတော့ အဲဒီ Tour လေးက 25 USD ပဲ ပေးရတာပါ .. တစ်နေ့လုံး lunch ပါအပါအဝင် .. hotel ကြို/ပို့ နဲ့ဆိုတော့ အရမ်းကို တန်ပါတယ် ..
အဲဒါကြောင့် လာအိုကို ရောက်ခဲ့ရင်တော့ .. အခုလို activities တွေ လုပ်ဖြစ်အောင် လုပ်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ် ..
Emma Video တွေကို စောင့်ကြည့်ပေးကြတဲ့အတွက် ကျေးဇူးပါနော်

