India မှာ ဆေးကုတယ်ဆိုတာ

India မှာ ဆေးကုတယ်ဆိုတာ အစက အရမ်းခက်မယ်ထင်ထားတာ .. ၂ ခါလောက်သွားပြီးတော့ ဘာမှ ထွေထွေ ထူးထူးမရှိမှန်းသိသွားတယ် ..

အမ်မာ သွားပြတာကလည်း ရောဂါကြီးကြီးမားမားလည်း မဟုတ်တာပါမှာပေါ့..

ပထမ တစ်ခါ period ကြောင့် ဗိုက်အရမ်းအောင့်လို့ သွားစစ်တာ .. သူများတွေလို အလုံးရှိတာ ဘာညာ ဖြစ်မှာစိုးလို့ .. စစ်ကြည့်လိုက်တော့ မရှိဘူးရယ် .. သွေးစစ်၊ဆီးစစ် ၊ ultrasound ရိုက်တာ အများဆုံး မြန်မာငွေနဲ့ တစိသိန်းကျော်ကျော်ပဲကျတယ် .. သောက်ဆေးပါ ဝယ်မှ ၂ သိန်းလောက်ပဲ .. (ရန်ကုန်မှာ စစ်ရင်တောင် အဲဒီလောက်နဲ့ မရတော့ဘူးထင်တယ်)

အခုတစ်ခါ သွားဆေးခန်း .. ရန်ကုန်မှာတုန်းက သွားကျဉ်လို့သွားပြတာ .. ပိုးစားတာရှိတယ်ဆိုပြီး ဆေးဖြန်း၊သွားဖာ လုပ်ပေးလိုက်တယ် .. ၁ သိန်းခွဲလောက်ကျတယ် .. ဒါပေမဲ့ နာတာ မသက်သာဘူး .. ဆရာဝန်က တစ်ခါတည်းကြိုပြောထားတယ် .. မသက်သာရင် ပြန်လာခဲ့တဲ့ 😅 ..

စစချင်းကတော့ ခဏနာတာထင်နေတာ .. တစ်ပတ် လည်း မသက်သာ ၊ နှစ်ပတ်လည်း မသက်သာ .. နောက်တော့ အစာဖိဝါးမိတိုင်း နာနေလို့ အဲဒီသွားကို မထိဘဲ စားနေရတာ ကြာပြီ ..

၃ လလောက်ကြာတော့ ဖာထားတာလေးက ပြန်ကျွတ်သွားတော့ .. မထူးဘူး ကြာရင် ပိုဆိုးမယ်ဆိုပြီး အခု ဒေလီက ဆေးခန်းပဲ သွားပြလိုက်တယ် .. walk in ရပါတယ် .. စမ်းသပ်ခက မြန်မာငွေ ၁၅၀၀၀ ပဲရှိတယ် .. (ဆေးခန်းအသေးလေးမဟုတ်ဘူး) ဆေးရုံအကြီး စက်ပစ္စည်းတွေလည်း တော်တော် စုံတယ် ..

root canal treatment လုပ်မှ ရမယ်ဆိုပြီး လုပ်ပေးပါတယ် .. ဆရာမ ကအရမ်းကျွမ်းကျင်တယ် surgeon ပါ .. အချိန်လည်း အများကြီး မပေးရဘူး .. တစ်နာရီလောက်နဲ့ ပြီးသွားတယ် .. treatment လုပ်နေရင်းနဲ့ပဲ သွားကို xray ရိုက်ရိုက် ကြည့်သွားတာ .. နောက်ဆုံးတော့ သွားအမြစ်က အပြည့်ပြန်ဖြစ်သွားတယ် .. (ကိုယ်လည်း သိပ်နားမလည်ပါဘူး .. ဆေးဖက်ဆိုင်ရာတွေ) ..

ဒါပေမဲ့ India မှာက နေရာတိုင်း English လို ပြောလို့ရတော့ အရမ်းအဆင်ပြေတယ် .. ဆေးရုံ ဆေးခန်းက ဝန်ထမ်းတွေ ၊ ဆရာဝန်တွေ အကုန် English ကို fluent ပြောကြတာပါ .. ဒါပေမဲ့ accent ကတော့ Indian accent ရှိတော့ တချို့ မြန်မာတွေကတော့ နားမလည်ဘူးပြောကြပေမဲ့ .. ကြားနေကျဆိုရင်တော့အဆင်ပြေသွားပါလိမ့်မယ် ..

Root canal treatment + crown ပြန်စွပ်တာကိုပါ အပါ .. မြန်မာငွေ ၄ သိန်းပဲကျတော့ သက်သာတယ် ပြောရမယ် .. မြန်မာမှာ ဆိုရင်တောင် အဲဒီလောက် ရပါ့မလားမသိဘူး ..

အစက ထုံဆေးပေးထားလို့ ထုံဆေးပြယ်ရင် နာလောက်မယ်ထင်တာ .. လုံးဝပြန်မနာဘူး .. နာရီပိုင်း အတွင်း အကုန်သက်သာသွားလို့ စိတ်ချမ်းသာ 😅 .. ရန်ကုန်မှာတောင် တမင်စျေးသက်သာတဲ့ ဆေးခန်းမဟုတ်ဘဲ .. နည်းနည်းပိုများလည်း ကောင်းဖို့ အဓိက ဆိုပြီး သွားပြတာ .. ၃ လလုံး အစားဝါးလို့မရဘူး ..

အခုတော့ စားချင်တာ စားလို့ရတယ် အစားရှောင်စရာ မလိုတဲ့အပြင် .. အခုလုပ်ပေးထားတဲ့သွားကို ၁၅နှစ်လောက် ဘာမှ ပြန်မဖြစ်ဘူး အာမခံတယ်ဆိုလို့ အရမ်းပျော်သွားပြီ .. 😁

အိန္ဒိယမှာ ဆေးခန်းပြရတာ မခက်ပါဘူး ..

အဓိကက language barrier မရှိတဲ့ အတွက် ဆရာဝန်နဲ့ တိုက်ရိုက် ဆွေးနွေးလို့ရတယ် .. သူတို့ကလည်း စိတ်ရှည် လက်ရှည်နဲ့ သေချာ ရှင်းပြပေးတာ ..

နောက်ပိုင်းတော့ ဆေးလာကုချင်တဲ့သူတွေအတွက် medical tour လေးတွေ စီစဉ်ပေးပါဦးမယ်ရှင် .. 😇

Leave a Reply

Your email address will not be published. Required fields are marked *

Back to top