“ဟိမဝန္တာ”

တချို့က “ကတ်ရှမီးယား”သွားတယ် .. သူတို့ဖာသာ သူတို့ “ဟိမဝန္တာ”ပေါ် ရောက်နေမှန်းမသိကြဘူး .. 😅

“ဟိမဝန္တာ”ဆိုရင် ဧဝရတ်တောင် ရှိတဲ့ နီပေါလောက်ပဲသိထားကြတာ .. တကယ်တော့ “ဟိမဝန္တာတောင်တန်းကြီး”က ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်တန်းအဖွဲ့အစည်းဖြစ်ပြီးတော့ .. အရှည်အားဖြင့် ကီလိုမီတာ ၂၄၀၀ ခန့် ရှည်လျားလွန်းတာကြောင့် နီပေါ တစ်နိုင်ငံတည်းတင်မကပဲ .. အိန္ဒိယ၊ပါကစ္စတန်၊ဘူတန်နဲ့တရုတ်(တိဘက်) စုစုပေါင်း နိုင်ငံ ၅ ခုမှာ ဆက်လျက်တည်ရှိနေတာပါ ..

အဲဒါကြောင့်မို့ အိန္ဒိယမြောက်ပိုင်းမှာရှိတဲ့ Kashmir, Ladakh နဲ့ Manali , Rishikesh ,Darjeeling တို့အပြင်ကို North east India (7sisters) ထဲမှာပါတဲ့ Sikkim နဲ့ Arunachal Pradesh လို့ခေါ်တဲ့ မြန်မာပြည်နယ်စပ်နားအထိ ဟာ “ဟိမဝန္တာ” နယ်နမိတ်ထဲမှာပဲပါရှိပါတယ် ..

မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်မှာရှိတဲ့ ရေခဲတောင်တွေကတော့ “ဟိမဝန္တာ” ထဲမပါဝင်ပေမဲ့ .. “ဟိမဝန္တာ”တောင်တန်းအဆုံးနဲ့ တစ်ဆက်တည်းဖြစ်တာကြောင့် “Descendants of Himalayas” .. ဟိမဝန္တာရဲ့သားမြေးများ လို့ခေါ်ကြပါတယ် ..

ကဲ .. နောက်တစ်ခေါက် Tour ပို့ရင် ဧည့်သည်တွေကို သေချာပြောပြရတော့မယ် .. မဟုတ်ရင် “ဟိမဝန္တာ”ပေါ်သာ ရောက်နေတာ ရောက်လို့ရောက်လိုက်မှန်းမသိဘူး ဖြစ်မှာစိုးလို့ .. 😁

Leave a Reply

Back to top