slow traveling

မနေ့က Instagram မှာ “slow traveling” ဆိုတဲ့ reel လေးတစ်ခုတွေ့တော့ ကိုယ့်ကိုကိုယ် မျက်စိထဲ ပြေးမြင်တယ် ..

Emma က ခရီးတစ်ခုသွားရင် “နေရာ”တွေများများ ရောက်ဖို့ မရောက်ဖို့ကို ခေါင်းထဲမထားဘူး .. တစ်နေရာ ရောက်တယ်ဆိုရင်ပဲ ကိုယ် ကြိုက်သလောက် ပျော်သလောက်နေတယ် ..

သူများတွေ တစ်ရက်တည်းနဲ့ နေရာ ၄၊၅ ခုလောက် ရောက်အောင်သွားကြတယ် .. အချိန်ရယ် ငွေရယ် effective ဖြစ်အောင်လည်းပါမှာပေါ့ ..

အရင် တစ်ခေါက် India လာတုန်းကဆို Taj Mahal ရှိတဲ့ Agra မှာ တစ်ပတ်တောင် ကြာအောင်နေဖြစ်တယ် .. သူများတွေဆို ညတောင်မအိပ်ဘူး .. မနက်ရောက် အထုပ်ချ .. လည်ပတ် .. ညဖက်ကို နောက်တစ်မြို့ဆက်ကူး အဲလို .. သူတို့ ဘာတွေမြင်ပြီး ဘာတွေ ကြည့်သွားလည်း ကိုယ်တော့မသိဘူးပေါ့နော် 😅 ..

Emma ကတော့ တွေ့သမျှ အကုန်ကြည့်တာပဲ .. နေရာသစ် ပတ်ဝန်းကျင် အသစ်ဆို စပ်စုစရာတွေက များသားမလား ..

အကောင်တွေကြည့်တယ် မျောက်တွေ ငှက်တွေ ရှဉ့်လေးတွေကအစ တစ်နေရာနဲ့ တစ်နေရာ အရောင်မတူ အရွယ်အစားမတူဘူးကိုး .. မမြင်ဖူးတဲ့ ငှက်တွေလည်း တွေ့ရတယ် ..

အပင်တွေ ၊ ပန်းတွေ၊ အသီးတွေ ၊ လူတွေ အစားအသောက်တွေ အစုံပဲ .. နောက်ဆုံး ကမ်းခြေရောက်ရင် သဲကအစ .. အရောင်နုတာ ရင့်တာ ၊ အပွင့် သေးတာကြီးတာ ထိုင်ကြည့်နေတာ 😅 .. ဘာရယ်မဟုတ်ဘူးလေ ဒီလိုအဲ ဘာမှ အပူအပင်မရှိ စိတ်ထဲတခြားကိစ္စတွေ အကုန်မေ့ထားတယ် ..

တစ်နေရာ ရောက်ရင် တစ်နေရာပဲ .. ကိုယ်ပျော်တယ်ဆို အကြာကြီးနေလိူက်တယ် ..

အဆင်မပြေဘူး .. လူများတဲ့နေရာ ဆူညံ့တဲ့နေရာမျိုးဆိုရင်တော့ အထုပ်ဆွဲပြီး ချက်ချင်း ကောက်ပြေးတာ ..

အဲဒါမို့ hotel တွေ booking တင်ရင်တောင် ရက်အကြာကြီး မတင်ဘူး .. ၁ ည မဟုတ်ရင် ၂ ညပဲ .. နောက်တော့မှ ကိုယ်ထပ်နေချင်ရင် extend လုပ်တယ်ပေါ့ .. လူအရမ်းမများတဲ့ season ဆို အဆင်ပြေပါတယ် .. မပြေတော့လည်း တခြားမှာ အခန်းထပ်ရှာပေါ့ .. flexible ဖြစ်အောင်ပဲ အလိုက်သင့်နေတယ် .. အရမ်းကြီး worry မထားဘူး ..

အဓိကက ခရီးတွေသွားတာ experience ရအောင်ရယ် စိတ်အပမ်းပြေဖို့ရယ်မလား ..

နေရာတွေအများကြီးသွား အပြေးအလွှား ဓါတ်ပုံလေး ရိုက်ပြီး စိတ်ပမ်း လူပမ်းပြန်လာတော့ ဘာလုပ်မှာလဲနော် .. တချို့အရမ်းလှတဲ့နေရာတွေရောက်တာတောင် သေချာမခံစားလိုက်ရဘူးဆိုရင် .. အစကတည်းက မလာတာနဲ့ ဘာထူးမှာလဲ ..

Emma ကတော့ slow travelling ကို အရမ်းသဘောကျတယ် .. ခရီးသွားခြင်းရဲ့ ခံစားမှုအစစ်က အဲဒီလိုသွားမှ နားလည်တာ ..

Emma ကိုဆို တချို့သူတွေကမေးကြတယ် ..

နင်ဘယ်နှနိုင်ငံ ရောက်ပြီးပြီလဲတဲ့ .. သူတို့ကို Emma ပြန်ရှင်းပြဖြစ်တာက .. “ဘယ်နှစ်နိုင်ငံ ၊ ဘယ်နှစ်မြို့ ရောက်တယ်ဆိုတာက အရေးမကြီးဘူးလို့ .. တစ်နေရာရောက်ရင် အဲဒီနေရာအကြောင်း ဘယ်လောက်သိလဲ .. ဘာတွေဘယ်လောက်လေ့လာဖြစ်သလဲ ဆိုတာက အရေးကြီးတာ .. “

အဲဒါ ခရီးသွားတွေတင်မကဘူးနော် .. တချို့ဆို အဲဒီနိုင်ငံမှာနေတာ ကြာပြီ .. ဘယ်မှမထွက်ဖြစ်တော့ ဘာမှမသိတဲ့သူကရှိသေးတယ် 😅 ..

စင်္ကာပူဆိုရင်လည်း local တွေ မသိတဲ့ နေရာတွေတောင် ကိုယ်သိတယ် ..

အခုဆို India မှာဆိုရင်လည်း သူငယ်ချင်း Indian တွေထက်တောင် ကိုယ်က နေရာပိုစုံအောင် ရောက်ဖြစ်ပြီး ဘယ်မှာ ဘာရှိလဲ သိနေလို့ သူတို့ကို ပြန်ပြောရတဲ့အဖြစ် .. 😂

အဲဒါမို့ ခရီးသွားတယ်ဆိုတာ အပြိုင်အဆိုင်လုပ်တာလဲ မဟုတ်ဘူးလေနော် .. အဓိကက ခံစားမှုနဲ့ experience ပဲ .. ရောက်တဲ့ နေရာမှာ အသိမိတ်ဆွေတွေ ရှာတာကလည်း experience ပိုတိုးစေတဲ့ အကြောင်းအရင်း တစ်ခုပဲ .. scam တွေတော့ သတိထားပေါ့ .. 😄 .. တချို့ကလည်း သဘောကောင်းချင်ယောင်ဆောင်ပြီးမှ ဂျင်းထည့်တတ်တယ် ..

ပြောချင်တာကတော့ အဲဒါပါပဲ .. slow traveling လုပ်ကြည့်ကြဖို့ အကြံပေးချင်တာ 😊

တခြားသိချင်တဲ့ အကြောင်းအရာလေးတွေရှိရင် message box ကနေ လှမ်းမေးလို့ရပါတယ်

ပို့စ်အဟောင်းတွေ ရှာရခက်နေရင်လည်း .. website လေးထဲ ဝင်ကြည့်ကြည့်ကြနော် ..

Leave a Reply

Back to top