
ကမ္ဘာတစ်လွှားမှာရှိတဲ့ အကြီးဆုံးနဲ့ အလှဆုံး ဗလီတွေထဲက တစ်ခုဖြစ်တဲ့ အဘူဒါဘီက Sheikh Zayed Grand Mosque နိုင်ငံအသီးသီးက Islamic ဗိသုကာ လက်ရာတွေကို တစ်စုတစ်စည်း ထားတဲ့ masterpiece တစ်ခု ဆိုရင်လည်း မမှားပါဘူး ..
စကျင်ကျောက်အဖြူတွေနဲ့ ပွင့်ဖတ်ပုံစံ ဖန်တီးထားတဲ့ ဒီဇိုင်းလက်ရာတွေရယ် .. 24 k ရွှေသားအစစ်နဲ့ ပြုလုပ်ထားတဲ့ မီးဆိုင်းအကြီးကြီးတွေရယ်နဲ့ .. ကမ္ဘာ့အကြီးဆုံး လက်နဲ့ရက်လုပ်ထားတဲ့ အရှည် 5600 မီတာ ရှိ ကောဇောလှလှကြီးတွေကြောင့် အရမ်းကိုခမ်းနားထည်ဝါတာကြောင့် ကမ္ဘာအရပ်ရပ်က ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ attraction နေရာတစ်ခုလည်း ဖြစ်ပါတယ် ..
အမ်မာ သွားတုန်းက Dubai ကနေ Ibn Station ထိ metro စီးသွားပြီးတော့ .. Ibn ကနေ Abu Dhabi ကို သွားတဲ့ Bus တစ်ခါ ပြောင်းစီးရပါတယ် .. fees က တော့ around 30 AED ပါပဲ .. ဒါပေမဲ့ Bus ကတော့ Grand Mosque ကို တိုက်ရိုက် မရောက်ပါဘူး .. central station ကနေ တဆင့် ပြန်စီးရပါသေးတယ် .. Bus Card ကတော့ ဒူဘိုင်းကဟာ သုံးလို့မရလို့ သက်သက် ထပ်လုပ်ရပါတယ်နော် ..
အဲဒီလို အဆင့်ဆင့် မသွားချင်ရင်တော့ .. အဘူဒါဘီ Day Tour လေးတွေရှိပါတယ် .. around 100 AED လောက်ပဲ ရှိတယ် .. ဒါပေမဲ့ နေ့တိုင်းတော့ မရှိဘူးပေါ့နော် .. ပိတ်ရက်တွေလောက်ပဲ ရှိတာ .. လူများရင်တော့ ကားငှါးသွားရင်လည်း အဆင်ပြေပါတယ် .. around aed 300
မနက် အစောလေး သွားမယ်ဆိုရင်တော့ လူနည်းနည်းရှင်းလို့ ပိုအဆင်ပြေပါတယ် .. ဒါပေမဲ့ ညကျရင်လည်း sunset view နဲ့ မီးထွန်းထားတဲ့အချိန် လည်း အရမ်းလှလို့ တချို့ဆို .. မနက်ကော .. ညကော သွားကြပါတယ် .. အဝတ်အစားကတော့ ပွပွချောင်ချောင်နဲ့ လုံလုံခြုံခြုံ ဝတ်ရင် အဆင်ပြေပါပြီ .. ဗလီထဲ ဝင်ရင်တော့ အမျိုးသမီးတွေ ခေါင်းကို ပုဝါလေးတွေ ခြုံရပါတယ် .. လိုအပ်ရင်လည်း အဘရာ လို့ခေါ်တဲ့ .. အင်္ကျီ အရှည်တွေကို Entrance မှာ အခမဲ့ ငှါးပေးပါတယ် .. ပြီးတော့ Entrance Fees ကလည်း အခမဲ့ပါ .. ဒါပေမဲ့ online ကနေ register လုပ်သွားဖို့တော့ လိုအပ်ပါတယ်နော် ..
အားလုံးပဲ Ramadan Mubarak ပါ