အပိုင်း (၁၁) + (၁၂)

အပိုင်း (၁၁) ညတုန်းက အိပ်မရလို့ မနက်အစောကြီး ထ .. အပြင်ထွက် လမ်းလျှောက်ဖြစ်တယ် .. အမ်မာတည်းတဲ့ အဆောင်လေးက မြစ်နဲ့ မျက်နှာချင်းဆိုင်မို့ ရှုခင်းကို လှမ်းမြင်နေရတယ် .. ပွဲတော်ရက်မို့ ညနက်တဲ့ထိ လူတွေ အပြင်ထွက် .. ဆိုင်တွေကလည်း နောက်ကျမှ သိမ်းကြလို့ .. မနက်စောစောမှာ လမ်းပေါ်ဘယ်သူမှမရှိဘဲ ရှင်းလင်းနေတယ် .. စည်ပင်က ဝန်ထမ်းတချို့တော့ တံမျက်စည်းလှည်း အမှိုက်သိမ်းနေတာ တွေ့ရတယ် .. ဟုတ်တယ် သူတို့ဆီမှာလည်း တချို့လူတွေက စည်းကမ်းမဲ့…

အပိုင်း (၉) + (၁၀)

အပိုင်း (၉) ပြင်သစ်သူလေးက ကမ္ဘောဒီးယားကို ရောက်နေတာ တစ်လပြည့်တော့မယ် .. သူက အပန်းဖြေခရီးဆိုတာမျိုးထက် .. ပရဟိတအဖွဲ့တွေနဲ့ ချိတ်ပြီး ကလေးတွေကို အင်္ဂလိပ်စာလာသင်ပေးတာ .. ကမ္ဘောဒီးယား တောင်ပိုင်းက ပင်လယ်ကမ်းခြေ မြို့လေးလို့ပြောတယ် .. အမ်မာတော့ မသိဘူး အဲဒီမြို့ကို .. ဒါနဲ့ ကြုံတုန်းပြောရရင် ကမ္ဘောဒီးယား လူတွေ တော်တော်များများက အင်္ဂလိပ်စာကို လည်လည် ဝယ်ဝယ်ပြောတတ်ကြတယ် .. အမ်မာ ဘယ်လို သိလည်းဆိုရင် .. လမ်းသွားရင်းနဲ့ လမ်းမသိလို့ ဖြတ်သွား…

အပိုင်း (၇) + (၈)

အပိုင်း (၇) မနက်စာစားပြီး ဖနွမ်းပင်သွားဖို့ ကားကွင်းကို အသွား လမ်းမှာ စိတ်ထဲ မကောင်းသလိုခံစားရတယ် .. ဒီ နေရာ ဒီပတ်ဝန်းကျင်လေးမှာ ၃၊၄ ရက်လောက် နေခဲ့တယ် .. ခဏလေးဆိုပေမဲ့ ကိုယ်အိပ်ခဲ့တဲ့ အိပ်ယာလေးတွေ .. စားနေကျ မုန့်ဆိုင် .. ညဖက်တိုင်း လမ်းလျှောက်ဖြစ်တဲ့ ညစျေးတဝိုက် .. တွန်းလှည်းလေးတွေနဲ့ ကော့တေးဘားလေးတွေ .. နောက်ပြီး ခရီးတလျှောက်မှာ တွေ့ခဲ့ ခင်ဖူးခဲ့တဲ့လူတွေ .. နောက်တစ်ခါ တွေ့ဖြစ်ပါတော့မလားမသိဘူး .. ဒီမြို့လေးကိုရော…

အပိုင်း (၅)+(၆)

အပိုင်း (၅) နောက်နေ့မနက် အန်ကာဝပ်ကို သွားဖို့အတွက် မနေ့ညကတည်းက ကြိုပြီး စုံစမ်းထားတဲ့ လျှပ်စစ်စက်ဘီး ငှါးတဲ့ ဆိုင်ကို ထွက်ခဲ့တယ် .. ဆိုင်က ၈ နာရီမှာ ဖွင့်တာမို့ အမှန်ဆို သွားဖို့နောက်တောင် ကျနေပြီ .. အန်ကာဝပ်မှာ လည်စရာ နေရာတွေကများလွန်းလို့ တစ်နေကုန် အချိန်ပေးမှာ .. စက်ဘီးဆိုင်က ပတ်စ်ပို့ထားခဲ့ရတယ် ပြသနာမရှိဘူး .. အဲဒီမှာက ရဲတွေလည်း သိပ်မစစ်ကြဘူး စစ်ရင်လည်း စက်ဘီးငှါးခဲ့လို့ပေးခဲ့ရတာသိမှာပဲ .. လိုရမယ်ရ ဖုန်းနဲ့တော့ ဓါတ်ပုံရိုက်ထားလိုက်တယ်…

အပိုင်း (၃)+(၄)

အပိုင်း (၃) အမ်မာတို့ စီးလာတဲ့ ခရီးသွားကားအကြီး ပေါ်မှာ လူကတော့ နည်းနည်းလေးပါတာပါ .. ၁၀ ယောက်လောက်ပဲရှိမယ်ထင် .. ထိုင်ခုံတော်တော်များများက အလွတ်တွေ .. နောက်မှ သိတာ အဲဒီကားတွေက အမြဲတမ်းပြေးဆွဲနေတဲ့ အဝေးပြေးကားတွေလိုမဟုတ်ဘဲ .. တစ်ခါတစ်လေ လူ ၁၀ ယောက်လောက် စုပြီး မှ ပြေးဆွဲတတ်တဲ့ private ကား ပုံစံမျိုးပဲ .. မြင်သာအောင်ပြောရရင် .. ဘုရားဖူး ကားတွေလိုပဲ .. တစ်ရက်လောက်ပဲ ငှါးပြီး ခရီးသယ်…

အပိုင်း (၁) + (၂)

တစ်ကိုယ်တော် စွန့်စားခြင်း ခရီးမှတ်တမ်း (Solo traveller’s diary) နိဒါန်း စွန့်စားခြင်းဟု ပြောလိုက်လျှင် လူအများစု ထင်ကြမည်မှာ .. အာဖရိက တောနက်ထဲသွား၍ အသားစား လူရိုင်းများဖြင့် တွေ့ခဲ့လေသလား ၊ တောရိုင်း တိရစ္ဆာန်များဖြင့် လုံးထွေးသတ်ပုတ် တိုက်ခိုက်ခဲ့ရလေသလားဟု တွေးမိချင် တွေးမိလိမ့်မည် .. သို့သော် ဤဒိုင်ယာရီမှာ သာမန် မိန်းကလေးတစ်ယောက်တည်း .. ခရီးသွားစဉ် တွေ့ကြုံခဲ့ရသော အကြောင်းအရာများကို မှတ်တမ်းတင်ထားခြင်းမျှသာ ဖြစ်သည်။ စင်စစ် တခြားလူများအတွက် စွန့်စားခြင်း မဟုတ်သော်ငြား …..

Back to top