Darjeeling

မြန်မာကနေပဲဖြစ်ဖြစ် .. တခြားနိုင်ငံတွေကနေပဲဖြစ်ဖြစ် .. Darjeeling ကိုသွားချင်ရင် .. အရင်ဆုံး Kolkata ကို စီးမှ အဆင်ပြေပါမယ် .. ဘာလို့လဲ ဆိုတော့ Delhi ကနေ ဆိုရင် .. အရမ်းဝေးတဲ့ အတွက်ကြောင့် ပြည်တွင်းလေယဉ် တစ်ဆင့် ထပ်စီးမှ အဆင်ပြေမှာပါ .. Kolkata ကနေဆိုရင်တော့ ရထား သို့မဟူတ် ကားစီးလို့ရပါတယ် .. ဒါတောင် တိုက်ရိုက်မရောက်ဘူးနော် .. Silliguli ဆိုတဲ့ မြို့ကိုပဲ ရောက်မှာပါ .. အဲဒီနောက်ပိုင်းကျတော့ တောင်ပေါ်တက်တဲ့ ကားလေးတွေကိုပြောင်းစီးရပါတယ် .. တောင်ပေါ်လမ်းလေးတွေက ကျဉ်းတာရယ် အကွေ့အကောက်တွေများတာရယ်ကြောင့် .. ကား၊ရထား တိုက်ရိုက် မရှိတာပါ ..

လမ်းက Jeep လိုကားသေးလေးတွေနဲ့ပဲ အဆင်ပြေပါတယ် ..

အဲဒီကားနဲ့ ၄ နာရီလောက် စီးပြီးမှ Darjeeling ကို ရောက်တာပါ .. လမ်းတစ်လျှောက် ရှုခင်းတွေက အရမ်းလှပေမဲ့ ကားမူးတတ်တဲ့သူဆိုရင်တော့ မသွားတာ ကောင်းပါတယ် 😅

အော် ပြောဖို့ မေ့သွားလို့ Kolkata ကနေ Siliguli ကို စီးတဲ့ ရထားက (ဒေသခံတွေအခေါ်) Bullet Train ပါ မြန်တယ် .. Aircon ပါတယ် .. (အေးလွန်းလို့ စိမ့်နေတာပဲ Darjeeling မရောက်သေးဘူး ရထားပေါ်မှာကတည်းက အိုက်ပြသနာက 😅)

Darjeeling

လက်မှတ်စျေးက Rupees 1500-1600 ဝန်းကျင်

ကြာချိန် 7 နာရီလောက်ကို မနက်စာ၊နေ့လည်စာ၊ လက်ဖက်ရည် ၊ ရေခဲမုန့် ၊ ရေဗူး .. ဗိုက်ကားနေအောင်ကျွေးပါတယ် .. မကုန်တောင် မကုန်လို့ ဘီစကစ်နဲ့ ပေါင်မုန့်ကို ညစာစားဖို့ သယ်လာလိုက်တယ် .. ကျွေးတာကတော့ သက်သက်လွတ်တွေပါပဲ .. သန့်ရှင်းရေးကလည်း တစ်ချိန်လုံး cleaner တွေက stand by .. (တချို့က သန့်ရှင်းမှု မရှိဘူး ထင်မှာစိုးလို့ အဲဒါကတော့ ကိုယ်ရွေးချယ်တဲ့ ရထားနဲ့ class ပေါ်မူတည်တာပေါ့နော် .. အိန္ဒိယမှာက ရထားပေါင်း မြောက်များစွာရှိလို့ .. ရိုရိုးကနေ VIP .. luxury ရထားတွေထိ ကြိုက်နှစ်သက်ရာ ရွေးလို့ရပါတယ်)

တောင်ပေါ်သွားတဲ့ ကားလေးတွေကတော့ ရွေးလို့မရပါဘူး 😅 .. ကားကြီးတွေ သွားမရလို့ .. Jeep လိုကားမျိုးတွေပဲရှိတယ် .. siliguli ကနေ Darjeeling ထိကို တစ်ယောက် 250 RS ..

တောင်ခြေရောက်ပြီဆိုတာနဲ့ ရာသီဥတုက သိသိသာသာ ပြောင်းလာတယ် .. တဖြည်းဖြည်းနဲ့ အေးလာတာပါ .. temperature 20 ကျော်ကနေ 17.. 16 .. နောက်ဆုံး Darjeeling ရောက်တဲ့အချိန်က ညနေလည်း စောင်းသွားတော့ 9 ဖြစ်သွားတယ် .. ညမှာတော့ 5 ထိရောက်ပါတယ် .. ဒါတောင် အခုက ဆောင်းရာသီကုန်ခါနီးလို့ .. အရင်လတွေတုန်းက ပိုဆိုးတယ်လို့ပြောတယ် .. သူရဲ့ season ကတော့ .. March ကနေ June လလောက်ထိ အဆင်ပြေဆုံးပဲ .. မိုးရာသီရောက်သွားရင်လည်း မကောင်းဘူး .. အဲလိုဆိုတော့ နောက်လ လောက်သွားမယ်ဆို အခုထဲက ကြိုပြင်ထားကြနော် .. ( အမ်မာ့ဆီမှာ ဗီဇာလာလုပ်ပါ 🤭 ဒါကကြော်ငြာဝင်တာ )

Darjeeling ဝင်ဝင်ချင်းမှာ ဘာကို အရင်သတိထားမိလဲဆိုတော့ လူတွေက မြင်နေကြ အိန္ဒိယရုပ်တွေ မဟုတ်ဘဲ တမျိုးထူးခြားပါတယ် .. နီပေါ ၊ ဘူတန် ၊ ဘင်္ဂလားဒေ့ရှ် ၊ တိဘက် (တရုတ်) နိုင်ငံတွေ ကြားထဲ ရောက်နေတဲ့ မြို့လေးဖြစ်လို့ .. လူမျိုးတွေက အစုံပါပဲ .. mix ဖြစ်နေတဲ့ ကပြားတွေလည်း ရှိတယ် .. ကိုးကွယ်တဲ့ ဘာသာလည်း အစုံပဲ .. အစားအသောက်လည်း အကုန်ရတယ် .. တိဘက် အစားအသောက်တွေ စားကြည့်ချင်လား .. နီပေါ အစားအစာလား .. တရုတ်လား အစုံရတယ် .. ကြက်ဝက်အမဲလည်း စုံတယ် .. ကဲ ဒါတွေ ပြီးသွားပြီဆိုတော့ .. ဘယ်လည်မလဲဆိုတာ ပြောပြမယ် ..

Darjeeling တည်ရှိတဲ့ ဟိမဝန္တာတောင်တန်း ဒေသတစ်ဝိုက်လုံးက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာတစ်ခုပါ ..ဒုတိယ ကမ္ဘာစစ်မတိုင်ခင်ကတည်းက တည်ဆောက်ထားခဲ့တဲ့ အဆောက်အဦး ဗိသုကာ လက်ရာတွေအများကြီးရှိသလို .. သဘာဝအတိုင်း လှပနေတဲ့ ကြည့်စရာ ရှုခင်းတွေက အများကြီးပါပဲ .. အခုခေတ်မှာ အရမ်းရှားပါးနေပြီ ဖြစ်တဲ့ ရှေးဟောင်း ကျောက်မီးသွေးရထားကြီးလည်းကို အခုထိ ပြေးဆွဲလျက်ရှိတာ တွေ့ရမှာပါ .. အများစုကတော့ အလည်လာတဲ့ ဧည့်သည်တွေ စီးကြတာပါ ..တစ်ယောက်ကို 1500 RS ပေးရပါတယ် ..

တခြားကတော့ ဗုဒ္ဓဘာသာ ဘုရားကျောင်း ၊ ဟိန္ဒူဘုရားကျောင်းတွေနဲ့ ချက်ကျောင်း စျေးတွေ ပတ်ကြည့်လို့ရပါတယ် .. Darjeeling mall လို့ ခေါ်တဲ့ နေရာလေးကိုတော့ သွားဖြစ်အောင် သွားကြည့်ကြပါ .. အရမ်းချစ်စရာကောင်းတယ် .. အင်္ဂလိပ် ခေတ်က တည်သွားတဲ့ မြို့လေးဖြစ်လို့ .. ရှေးဟောင်း English ဇာတ်လမ်းတွေထဲကို ရောက်သွားသလိုမျိုးလေးပဲ .. အဲဒီမှာ စျေးတွေလည်းတန်တယ် .. အမ်မာဆို အနွေးထည်ထူထူ မပါလို့ .. တစ်ထည်ဝယ်တာ 400RS ပဲ ပေးရတယ် .. စျေးတော့ နည်းနည်း စစ်ရတာပေါ့ .. ဒါပေမဲ့ တခြားနေရာတွေမှာ အရမ်းစျေးကြီးတယ် .. 1000 ကျော် 2000 တွေချည်းပဲ ..

Darjeeling

ဒါပေမဲ့ ဆောင်းရာသီမှာ နေ့တာ တိုတာကြောင့် 6 နာရီလောက်ဆိုတော်တော်မှောင်သွားပြီ .. ရှုခင်းကြည့်တဲ့ နေရာကို နေ့လည်ဖက်သွားတာတောင် မြူတွေထနေလို့ ဘာမှမမြင်ခဲ့ရဘူး 😏

နောက်ရက်တော့ ထပ်သွားကြည့်ဦးမယ်လို့ စဉ်းစားထားတာပဲ .. ကျန်သေးတဲ့ နေရာတွေကို သွားပြီးရင် ထပ်တင်ပေးမယ်နော် .. အခုတော့ ဒီလောက်ပါပဲရှင့် .. 😇

Leave a Reply

Your email address will not be published. Required fields are marked *

Back to top