Cebu Island (Philippines)

ဖိလစ်ပိုင်နိုင်ငံ .. Cebu ကျွန်းကို အလည်သွားကြတဲ့သူ တော်တော်များများက Moalboal ဆိုတဲ့ ကမ်းခြေမြို့လေးကို သွားကြလေ့ရှိပါတယ် .. Moalboal မြို့လေးက သေးသေးလေးဖြစ်ပြီးတော့ တည်းခိုခန်းတွေ ဟိုတယ်တွေ .. အစားအသောက်ရောင်းတဲ့ဆိုင်တွေကလည်း ကမ်းခြေနားလေး တဝိုက်ပဲရှိတာပါ .. အဲဒီလို မြို့သေးသေးလေးက ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ နာမည်ကြီးရတာ ဘာကြောင့်ပါလဲ …

အကြောင်းအရင်းကတော့ .. snorkeling and diving လုပ်ရတာ ဝါသနာပါတဲ့ သူတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ .. သဘာဝအလှ ကျောက်ဆောင်တွေ သန္တာကျောက်တန်းတွေနဲ့ သဘာဝအတိုင်း လှည့်လည်ကျက်စား သွားလာနေကြတဲ့ ပင်လယ်သတ္တဝါတွေကြောင့်ပါ ..

အဲဒီ ဒေသမှာ နေကြတဲ့ ဒေသခံတွေက အရမ်းကို အမျှော်အမြင်ရှိပြီးတော့ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ကြပါတယ် .. ငါးတွေ အလွန်အကျူးဖမ်းတာမျိုးမလုပ်ကြဘဲနဲ့ .. သတ္တဝါတွေ မကြောက်မလန့်နဲ့ လာရောက်နေထိုင်နိုင်အောင် .. ထိတာ ကိုင်တာ ခြောက်လန့်တာမျိုးတွေ မလုပ်ကြပါဘူး .. အထူးသဖြင့် လာလည်တဲ့ ဧည့်သည်တွေကိုလည်း Guide တွေက ရှင်းပြပြီး Educate လုပ်တတ်ကြပါတယ် .. အဲဒါကြောင့်လည်း .. အခုထက်ထိ သဘာဝအတိုင်း မပျက်ဆီးပဲ တည်ရှိနေကြတာပါ ..

Emma သွားတုန်းက ဆိုရင် .. အရမ်းကို တွေ့ရခဲတဲ့ ပင်လယ်လိပ်တွေ .. ဆါးဒင်းငါးအုပ်ကြီး နဲ့ တခြား ငါးမျိုးများစွာကို တွေ့ခဲ့ပါတယ် .. ပုံမှန်ဆိုရင် အဲဒီလို အကောင်တွေက လူသူအသွားအလာနည်းတဲ့ ရေနက်ပိုင်းတွေမှာ နေကြတာ များပါတယ် ..

Oslob မှာရှိတဲ့ ဝေလငါးမန်းတွေကတော့ .. အမြဲလာလေ့မရှိလို့ အစာကျွေးပြီး ခေါ်ကြရတာပါ ..

ဝေလငါးမန်းတွေက ရန်မူတတ်တဲ့ သတ္တဝါတွေမဟုတ်ပါဘူး .. အရွယ်အားဖြင့် ငါးမန်းထက်ကြီးပြီး ဝေလငါးထက် သေးပါတယ် .. Emma လည်း အဲဒီရောက်မှ ပထမဆုံးမြင်ဖူးတာပါ .. ဧရာမ ငါးကြီးတွေ ရှိတဲ့ ရေထဲ အတူတူ ဆင်းပြီးနေရတာ တော်တော်တော့ ကျောချမ်းစရာပါ ..

မိနစ် ၂၀-၃၀ ကြား ရေထဲမှာ ငါးတွေကြည့်ဖို့အတွက်ဆိုရင်တော့ ၁၃၀၀ – ၁၅၀၀ ပီဆို လောက်ပေးရပါတယ် .. Emma တို့က Moalboal ကနေ အသွားအပြန်ကားခပါ ပါလို့ပါ .. ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားပြီး .. Oslob ရောက်မှ whale shark watching ပဲ သီးသန့်လုပ်လို့ရပါတယ် ..

Emma အတွက်ကတော့ အရင်ကလည်း snorkeling လုပ်ဖူးပေမဲ့ .. သိပ်ပြီး အကျင့်မရှိတာကြောင့် အစပိုင်း အသက်ရှူဖို့ နည်းနည်းခက်ပါတယ် .. နောက်ပိုင်းတော့ အဆင်ပြေသွားပြီးတော့ ရေတိမ်ဖက်မှာဆိုရင် ပိုပြီးပျော်ဖို့ကောင်းပါတယ် .. ရေမကူးတတ်လို့ပါ 😂

ဒါတွေက cebu မှာ လည်ခဲ့တဲ့နေရာ အကုန်မဟုတ်သေးပါဘူးနော် .. ပို့စ်ကလည်း တော်တော်ရှည်နေပီုမို့ .. နောက်ထပ်နေရာတွေနဲ့ .. Kawasan fall မှာ canyoneering လုပ်ခဲ့တဲ့အကြောင်းကို နောက် ပို့စ်တစ်ခုမှာ ထပ်တင်ပေးပါမယ် .. အားလုံးကိုကျေးဇူးတင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Back to top