Pigeon Valley Hiking (Cappadocia)

Hiking သွားရတာ ဝါသနာပါတဲ့ သူတွေအတွက်ကတော့ Cappidocia မှာ Hiking Trails တွေ အများကြီး ရှိပါတယ် ..

Emma ကတော့ အဲဒီ trails တွေထဲက တစ်ခုဖြစ်တဲ့ Pigeon Valley ကို hiking သွားခဲ့ပါတယ် ..

ပုံမှန်ဆိုရင် မြို့ထဲကနေ view point ကိုရောက်ဖို့ဆို ၃ နာရီလောက် လမ်းလျှောက်ရမှာဖြစ်ပေမဲ့ .. Emma တို့ကတော့ လမ်းကြောင်းမှားပြီး သွားမိတာကော .. အေးအေးဆေးဆေး နားပြီးလျှောက်တာမို့ ၄ နာရီလောက်ကြာခဲ့ပါတယ် ..

Valley ဆိုတဲ့အတိုင်း တောင်ကြားလမ်းတစ်လျှောက် Hiking သွားရတာဖြစ်လို့ ရှုခင်းတွေက အရမ်းကို ကြည့်လို့လှပါတယ် ..

လမ်းမှာလည်း တောပန်းရောင်စုံလေးတွေနဲ့ တစ်ခါတစ်ရံ ချစ်စရာ ငှက်ကလေးတွေကိုပါတွေ့ရတတ်ပါတယ် ..

တောင်ကြားလေးကနေ တဖြည်းဖြည်း အမြင့်ဖက်ကို ရောက်သွားတဲ့ အချိန်မှာလည်း မြင်ကွင်းက တမျိုးထူးခြားပြီးလှနေပြန်ပါတယ်

နောက်ဆုံး view point နေရာကို ရောက်တဲ့ အချိန်မှာတော့ .. ကျောက်ဆောင်ရဲတိုက်ကြီးနဲ့ တောင်တန်းတွေရဲ့ အံ့ဩဖွယ်ရာ ရှုခင်းတွေကို မြင်ရမှာဖြစ်ပြီးတော့ .. ခိုလေးတွေကိုလည်း အစာကျွေးလို့ရပါသေးတယ်

Hiking သွားရမှာ မသွားချင်တဲ့သူတွေကတော့ view point ကို တိုက်ရိုက် ကားနဲ့ပဲ သွားလို့ရပါတယ် .. ဒါပေမဲ့ လမ်းတစ်လျှောက်မှာ တွေ့ရတဲ့ ရှုခင်းတွေကလည်း တမျိုးတဖုံအရမ်းကို လှပတာကြောင့် .. Emma ကတော့ hiking လုပ်ဖို့ပဲ အကြံပေးချင်ပါတယ် .. ၄ နာရီလောက်ပဲ အချိန်ပေး ယုံနဲ့ .. ဘဝမှာ တကယ့်မမေ့နိုင်စရာ အမှတ်တရတွေကို ရရှိမှာဖြစ်လို့ .. အပင်ပမ်းခံရကျိုးနပ်ပါတယ်နော် 😊

( Hiking လုပ်တဲ့အကြောင်းပြော ရင်းနဲ့ .. Emma India သွားတုန်းက .. Maharashtra မှာ 50 km trail လေးကို 2 ရက်ကြာ hiking သွားခဲ့တဲ့အကြောင်းလေး အချိန်ရရင် တင်ပေးပါဦးမယ် .. စောင့်ကြည့်ပေးကြပါဦးနော် )

ကျေးဇူးအများကြီး တင်ပါတယ် 😊

Leave a Reply

Back to top