Surfing လုပ်ရင် ရေကူးတတ်စရာလိုလား .. ??

Emma လည်း အစက မရဘူးထင်လို့ Surfing လုပ်တဲ့အနားကို ကပ်ကိုမကပ်တာပါ 😅

ဒါပေမဲ့လည်း သူများတွေ surfing လုပ်နေတာမြင်ရင် အရမ်းလုပ်ချင်တာ .. ရေကူးတာကတော့ ဘယ်လောက်သင်သင် မတတ်တဲ့အထဲမှာပါတော့ surfing လုပ်ဖို့ဆိုပိုဝေးပြီလို့ ထင်လိုက်တာ ..

Emma ဘာလီကိုအလည်သွားတုန်းက Kuta beach မှာ Surfing လုပ်ကြတာ အများကြီးပဲ .. နောက်တော့မှ အဲဒီက Indo မလေးတစ်ယောက်နဲ့ ခင်သွားပြီး အတူတူလျှောက်လည်ရင်းနဲ့မှ သူက surfing class join ခဲ့တဲ့အကြောင်းပြောပြလို့ Emma လည်း တော်တော်စိတ်ဝင်စားသွားတာ .. အဓိက အချက်ကတော့ သူလည်း ရေမကူးတတ်ဘဲ surfing လုပ်ခဲ့တာပါပဲ ..

ဘာလီမှာ Surfing class join ချင်တယ်ဆိုရင် အချိန်တွေ အကြာကြီးပေးစရာမလိုပါဘူး .. ကိုယ်သင်ချင်တဲ့အချိန် ၁ရက်ဆို ၁ရက် .. ၂ ရက်ဆို ၂ရက် .. class တစ်ချိန်ကို ၁ နာရီအချိန်ပေးရင်ရပါတယ် .. beginner class မို့ ရေကူးတတ်ဖို့လည်း မလို သလို .. တခြား ဘာမှကြိုသိဖို့မလိုပါဘူး .. အကုန်အစကနေ ပြောပြပေးတာပါ ..

Emma စစချင်းတုန်းက အချိန် ၁ နာရီနဲ့တတ်ပါ့မလားထင်ခဲ့တာ တကယ်လုပ်ကြည့်တော့ ပထမ ၄၊၅ ခါလောက် fail ပြီး နောက်တော့ မတ်တပ်ရပ်လို့ရသွားပါတယ် .. တစ်ယောက်နဲ့ တစ်ယောက်တော့ ကွာတာပေါ့နော် .. နောက်ဆုံး မတ်တပ်ရပ်မရရင်တောင် မှောက်လျက်သား လှဲပြီးစီးရင်လည်း ပျော်ဖို့ကောင်းပါတယ် 😅

မျပ်နှာရေလွတ်အောင် ပုခုံးနဲ့ ခေါင်းကို မတ်ထားရတဲ့အနေအထားမို့ ကြာကြာလုပ်ရင်တော့ ညောင်းပါတယ် .. ၁ နာရီပြည့်သွားရင်တော့ ပင်ပမ်းလို့ ဆက်မလုပ်နိုင်တော့ပါဘူး .. ဒါပေမဲ့ တစ်ခုခုအသစ်လေး learning လုပ်နိုင်ခဲ့လို့ပျော်ပါတယ် ( စာသာမလုပ်ချင်တာ ဒါမျိုးကျ အရမ်းကိုသင်ချင်နေတာ 😅)

ကိုယ်တိုင်စီးတတ်သွားရင်တော့ instructor ခေါ်စရာမလိုတော့ဘဲ board ပဲငှါးပြီး စီးလို့ရပါတယ် .. ရေပိုနက်တဲ့အပိုင်းသွားချင်ရင်တော့ life jacket နဲ့သွားတာ ပိုစိတ်ချရပါတယ် .. ပုံမှန်ဆိုရင်တော့ ကမ်းစပ်နားတင်စီးလို့ ရေမကူးတတ်လည်းအဆင်ပြေပါတယ် ..

စျေးနှုန်းကိုပြောရင်တော့ အမျိုးမျိုးရှိပါတယ် .. Emma ဆို တည်းတဲ့ hotel က class ကစျေးကြီးလို့ အပြင်က class မှာ ရှာ join လိုက်တာပါ .. Emma သွားတုန်းက 2022 Oct မှာ မြန်မာငွေနဲ့ဆို ၂သောင်းခွဲလောက်ပဲကျပါတယ် .. Board+instructor အပြီးအစီးပါ .. class ပြီးလို့ သူတို့နဲ့ခင်သွားတော့ မုန့်တောင် ပြန်ကျွေးလိုက်ပါသေးတယ် 😁 ..

Balinese တွေက သဘောကောင်းကြတာများပါတယ် .. တချို့ စျေးရောင်းတဲ့သူတွေကတော့ စျေးကို ပုံမှန်ထက် တင်ရောင်းတတ်ကြတယ် .. အထူးသဖြင့် tourists နေရာတွေမှာပါ .. စျေးသေချာ စုံစမ်းပြီး ဝယ်ရင်တော့ အဆင်ပြေပါတယ် ..

ဒီပို့စ်လေးကတော့ surfing လုပ်တဲ့အကြောင်းလေးပဲ သီးသန့်ပြောချင်လို့တင်လိုက်တာပါ .. နောက်မှပဲ ဘာလီမှာ လည်ခဲ့တဲ့နေရာတွေ အကြောင်းတင်ပေးပါမယ် .. ကျေးဇူးပါ 😇

(ဓါတ်ပုံက အဝေးကြီးက zoom ဆွဲပြီး လှမ်းရိုက်ထားရလို့ သိပ်မကြည်ဘူး)

Leave a Reply

Your email address will not be published. Required fields are marked *

Back to top