Canyoneering ဆိုတဲ့ စကားလုံးကို အရင်ကဆို ကြားတောင် မကြားဖူးဘူး .. ဒါပေမဲ့ တစ်ခါတစ်လေတော့ နိုင်ငံခြားက bloggers တွေရဲ့ video မှာ ရေတံခွန်တွေ ကျောက်ဆောင်တွေ ပေါ်ကနေ ခုန်ခုန်ချတာ မြင်ရင် ဟာဒီကောင် ဘာကောင်လဲ .. ဘာကြောင်တာလဲပေါ့.. အဲလိုထင်ခဲ့ဖူးတာ .. ဒီတစ်ခါတော့ အဲဒီငကြောင်ဆိုတဲ့ နေရာမှာ ကိုယ်ဖြစ်နေခဲ့တယ်ပေါ့
Cebu က Moalboal မှာ နေရင်း group tour တွေ စုံစမ်းကြည့်တော့ diving တွေ snorkeling တွေ ဝေလငါးမန်းကြည့်တာတွေ အပြင် နောက်ထပ် အရမ်း popular ဖြစ်တဲ့ tour ကတော့ canyoneering tour ပါ .. သူက တစ်နေလုံး အချိန်ပေးရပြီးတော့ .. စခန်းစတဲ့ နေရာကနေ စမ်းချောင်းလေး တစ်လျှောက် လမ်းတွေလျှောက် ရေကူး .. တချို့နေရာတွေမှာ ကျောက်ဆောင်လေးတွေပေါ်ကနေ ရေထဲကို ခုန်ချရတဲ့ activities တွေပါဝင်ပါတယ် ..
ကျောက်ဆောင်တွေကတော့ တချို့နေရာမှာ နိမ့်ပြီး .. တစ်ချို့နေရာတွေမှာ တော်တော်လေးမြင့်ပါတယ် .. အမြင့်ဆုံး ကတော့ မီတာ ၂၀ လောက်ရှိပါတယ် ..
Emma တို့ စစချင်းတွေ့တဲ့ Jump ဆို ၅ မီတာ လောက်ပဲ ရှိပေမဲ့ .. ပထမဆုံး ဖြစ်တာကြောင့် တော်တော်များများကတော့ ကြောက်ကြပါတယ် ..
Emma လည်း ကြောက်ပေမဲ့ တခြားသွားရမဲ့လမ်းလည်း မရှိတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး မျက်လုံးစုံမှတ်ပြီး ခုန်ချခဲ့တာ .. တကိုယ်လုံး အေးစက်ပြီးတော့ အူတွေ အသည်းတွေ ဆွဲထုတ်လိုက်သလိုပဲ ခံစားရတာ .. စက္ကန့်ပိုင်းလောက်ပဲကြာပေမဲ့ .. ရေထဲရောက်သွားတဲ့ အခါမှာတော့ အဲဒီ ခံစားချက်ကို အရမ်းကြိုက်သွားပြီး ထပ်ခါ ထပ်ခါ ခုန်ချင်နေတော့တာပဲ
အဲဒီလိုနဲ့ စမ်းချောင်းလေး တစ်လျှောက် ရေကူးလိုက် ခုန်ချလိုက် လမ်းလျှောက်လိုက်နဲ့ နောက်ဆုံးခရီးဆုံးတဲ့နေရာမှာတော့ Kawasan Fall ဆိုတဲ့ ရေတံခွန်လေးကို တွေ့ရမှာပါ .. ရေတံခွန်က အရမ်းအမြင့်ကြီးမဟုတ်ပေမဲ့ .. အရင်ရက်က မိုးရွာထားလို့ ရေစီးအားတော့ တော်တော်လေးသန်ပါတယ် .. တချို့ ရာသီဥတု မကောင်းတဲ့ ရက်တွေဆို လာလို့မရပါဘူး .. ရေတွေကလည်း ကြည်ပြီး ပြာစိမ်းနေလို့ ဓါတ်ပုံရိုက်လို့လည်းလှ .. ရေလည်းသန့်ပါတယ် ..
နေ့လည် ၂ နာရီလောက် မှာတော့ canyoneering လုပ်တာလေး ပြီးဆုံးပြီးတော့ နေ့လည်စာစားပြီး Hotel ပြန်ကြတော့ ညနေ ၄ နာရီလောက်ရှိပြီပေါ့နော် .. ဒါပေမဲ့ သတိထားရမှာ တစ်ခုက ရေထဲတစ်နေကုန် စိမ်နေရတာကြောင့်ကော .. အပေါ်ကနေ ခုန်ချတဲ့အခါ အကျမတော်ရင် ရေနဲ့အသားရိုက်မိသလိုဖြစ်ပြီး ကိုယ်တွေ လက်တွေ အရမ်းနာပါတယ် ..
နောက်ရက်လည်း ရောက်ရောဖျားတော့တာပဲ