Emma ငယ်ငယ်က စာမှာသင်ဖူးတဲ့ 7wonders က နေရာတွေဆို အရမ်းရောက်ဖူးချင်တာ .. အထူးသဖြင့် ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ Mumtaz Mahal ရဲ့ ဂူဗိမာန် Taj Mahal ကိုပေါ့ .. အပြင်က ကြည့်လိုက်ရင် .. လူသေမြှုပ်နှံထားတဲ့ နေရာလို့တောင် မထင်ရဘဲ .. အရမ်းကို လှပတဲ့ ဥယာဉ်တော်ကြီး ရေကန်ကြီးနဲ့ ယမုံနာမြစ်ကမ်းရဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေနဲ့ ခမ်းနားလှတဲ့ နန်းတော်ကြီး တစ်ခုလိုပဲ ..
Taj Mahal တည်ရှိတဲ့ Agra မြို့လေးဟာဆိုရင် .. မြို့တော် ဒေလီကနေ .. ၂ နာရီလောက် ကားစီးပြီးထပ်သွားရင် ရောက်ပါတယ် .. မြို့သေးသေးလေး ဖြစ်ပေမဲ့ .. နိုင်ငံခြား ခရီးသွားတွေအပြင် .. အိန္ဒိယရဲ့ တခြားမြို့တွေကပါ လာရောက်လည်ပတ်ကြတဲ့ သူတွေနဲ့ အရမ်းကို စည်ကားပါတယ် .. ဒါပေမဲ့ အဲဒီမြို့လေးမှာ .. တိုက်တာ အဆောက်အဦးကြီးကြီး မားမားတွေ မရှိဘဲနဲ့ ရိုးရာမပျက် နေထိုင်ကြတဲ့ ဒေသခံ လူတွေနဲ့အိမ်တွေပဲရှိတာကြောင့် တကယ့် အိန္ဒိယယဉ်ကျေးမှုအစစ်ကိုလေ့လာချင်တဲ့ သူတွေ အတွက်လည်း အရမ်းကို လည်ပတ်သင့်တဲ့ နေရာတစ်ခုပါ ..
အိန္ဒိယ အစိုးရကလည်း .. နိုင်ငံရဲ့ ပြယုဒ်တစ်ခုအဖြစ်နဲ့ကော .. နှစ်စဉ် နိုင်ငံခြားသား ဝင်ရောက်မှုကနေ ဒေါ်လာသန်းပေါင်းများစွာ ရရှိတဲ့ နေရာလည်းဖြစ်တာကြောင့် .. အထူး ဂရုပြု ကာကွယ် စောင့်ရှောက်ကြပါတယ် .. Taj Mahal ရှိတဲ့ မြို့ ဝန်းကျင်မှာ .. လေထု၊ရေထု ညစ်ညမ်းမှု မရှိစေဖို့ .. ခရီးသွားနဲ့ သားရေ လုပ်ငန်းတွေ အပြင် တခြား စီးပွါးရေး လုပ်ငန်းတွေ မလုပ်ဖို့တားမြစ်ထားပါတယ် .. အဲဒါကြောင့်မို့ .. ဒေသခံ လူ အများစုက Homestay တို့ Inn တို့လို တနိုင် တပိုင် .. မိသားစုလုပ်ငန်းလေးတွေ လုပ်ကိုင်ကြပါတယ် .. Emma ကတော့ Hotel ကြီးတွေ ၊ စားသောက်ဆိုင်အကြီးတွေထက်စာရင် .. အဲဒီလို local restaurant နဲ့ Inn လေးတွေကို ပိုသဘောကျပါတယ် .. အစားအသောက်ရဲ့ အရသာဆိုရင်လည်း .. တကယ့် local အရသာ စစ်စစ် ကို မြည်းစမ်းကြည့်နိုင်တာကြောင့်ပါ ..
Agra ရဲ့ နောက်ထပ် .. အရမ်းကို ချစ်ဖို့ ကောင်းတဲ့အချက်လေး တစ်ခုက .. တမြို့လုံးမှာ ပျံနေတဲ့ ငှက်တွေ .. သစ်ပင်မှာ နားနေတဲ့ ငှက်တွေကို ကြည့်လိုက်ရင် အများစုက ကြက်တူရွေးငှက်ကလေးတွေပါ .. Emma ကြက်တူရွေးတွေကို လှောင်အိမ် အပြင်မှာ ဒီအတိုင်း လွတ်လွတ်လပ်လပ် သွားလာနေတာ မမြင်ဖူးခဲ့ဘူး .. အဲဒီကို ရောက်မှ .. ဘယ်နေရာပဲ ကြည့်ကြည့် အမြဲတွေ့ရသလို .. ပျံသွားရင်လဲ အုပ်လိုက်ကြီးတွေ အများကြီးပဲ .. အထူးသဖြင့် Taj Mahal ရှိတဲ့ နား ယမုံနာမြစ်ကမ်းဘေးမှာပေါ့ .. အပင်တွေ ပေါပြီး တောအုပ်လေးလို ဖြစ်နေလို့ .. ရှဉ့်ကလေးတွေ အပြင် .. မျောက်တွေကလည်း အရမ်းလူယဉ်ပြီး မကြောက်ကြပါဘူး .. လူတွေနေတဲ့ အိမ်တွေ .. အပေါ်က ဒါဘာလို နေရာတွေမှာဆို အမြဲ မျောက်တွေနဲ့ ပြည့်နေတာပါ .. တချို့ အိမ်ရှင်တွေကတော့ သောင်းကျန်းလွန်းတဲ့ မျောက်တွေနဲ့ တွေ့ရင် စိတ်အရမ်းညစ်ရတယ်လို့ပြောကြပါတယ် ..
နောက်ဆုံးအနေနဲ့ လူတော်တော်များများ မသိကြတဲ့ အချက် တစ်ချက်ကို ပြောပြရရင် .. Taj Mahal ကို စစချင်း တည်ဆောက်တဲ့ အချိန်မှာ .. Black Taj Mahal ရယ် White Taj Mahal ရယ်ဆိုပြီး Taj Mahal နှစ်ခုကို ယမုံနာမြစ်ရဲ့ တစ်ဖက် တစ်ချပ်စီမှာ ဆောက် ဖို့ စီစဉ်ထားတာပါ .. အဲဒါကြောင့်မို့ .. မြစ်ရဲ့ တစ်ဖက်ကမ်းကို သွားကြည့်ရင် Black Taj Mahal ရဲ့ အုတ်မြစ်ချထားတဲ့ ပုံစံကို တွေ့ရမှာပါ .. ဒါပေမဲ့ White ကို ပြီးသွားတဲ့ အချိန်မှာ Budget လည်း တော်တော် ကုန်သွားပြီးတော့ .. ဘုရင်ကြီးကိုယ်တိုင်လည်း နာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့တာကြောင့် Black ကို ဆက်မဆောက်တော့ဘဲ .. မိဖုရား နဲ့အတူတူ အခုလက်ရှိ White Taj Mahal မှာပဲ မြှုပ်ခဲ့ပါတယ် ..
လူတော်တော်များများကတော့ Taj Mahal က သွားလည်ကြရင် .. ဒေလီကနေ နေ့ချင်းပြန် ဒါမှ မဟုတ် တစ်ည အိပ်လောက်သွားကြပါတယ် .. Emma ကတော့ ရောက်ရောက်ချင်း မြို့လေးရယ် ရာသီဥတုရယ် မျောက်ကလေးတွေရယ်ကို ချစ်တာကြောင့် တစ်ပတ်လောက် အကြာကြီး နေဖြစ်သွားပါတယ် .. local တွေကလည်း ခင်ဖို့ ကောင်းပြီးတော့ နေစားစာရိတ်လည်း သက်သာတာကြောင့် နေရတာပိုပြီး အဆင်ပြေပါတယ် .. အဲဒါကြောင့် Agra ကိုသာ သွားဖြစ်ခဲ့ရင် .. Emma လိုပဲ ရက်ကြာကြာလေး နေပြီး ချစ်စရာ မြို့လေးရဲ့ တကယ့် အလှအပကို ခံစားကြည့်ကြဖို့ အကြံပေးချင်ပါတယ် ..