လူတွေကိုပြောချင်တာက ကမ္ဘာကြီးအကြောင်း သိချင်ရင် ကိုယ်တိုင်သွားကြည့်ပါ ..

social media bias တွေက ကောင်းတာတင်ချင်လည်း ရသလို .. မကောင်းချည်း တင်ချင်လည်းရတယ် (တချို့ content creator တွေ engagement များများ ရအောင် ဒီနည်းကိုသုံးကြတယ် )

တကယ်တော့ လောကကြီးမှာ အကောင်းအဆိုးက အမြဲဒွန်တွဲနေတာ .. social media က သတင်းတွေ .. သူများတွေ ပြောစကားနဲ့ လိုက်ယောင်မနေပါနဲ့ .. အမ်မာ အခု blog တွေတင်တယ် .. အဲဒါတွေကလည်း 100% မပြည့်ဝဘူး .. ပြောချင်တာက .. ခရီးတစ်ခုတည်း အတူတူ သွားရင်တောင် တစ်ယောက်နဲ့ တစ်ယောက် ကြုံရတဲ့ အတွေ့အကြုံတွေကမတူဘူး ..

လူတွေကတော့ ကိုယ်ကြုံရတာ ကိုယ်ပြန်ပြောကြတာပဲလေ .. ဘယ်သူမှမမှားဘူး ..

ကိုယ်တိုင်သွားကြည့်တဲ့အခါ .. မတူတဲ့ဟာတွေ ထပ်တွေ့ရ ကြုံရမှာပဲ .. တစ်ယောက်ကလမ်းသွားရင်း ပန်းတွေကောက်မယ် .. နောက်တစ်ယောက်က ခလုတ်တိုက်မယ် ၊ ချော်လဲမယ် .. သူများဖြစ်တိုင်း ကိုယ်ဖြစ်မယ်လို့ ပြောလို့မှမရတာဘဲလေ ..

အဲဒါမို့ .. အမြဲတမ်းပြောတယ် .. ဘယ်နေရာပဲဖြစ်ဖြစ် .. အခွင့်အရေးရှိရင် သွားသာကြည့်လိုက်ပါ .. သူများတွေ စကားနဲ့ နားယောင်ပြီးမနေနဲ့ .. ကိုယ်တကယ် ကြုံရတာကမှ ကိုယ့်အတွက် story အစစ် 😊 ..

နောက်တစ်ခုက ပျော်ချင်လို့ ခရီးသွားရင် အတတ်နိုင်ဆုံး စိတ်ကို ပေါ့ပေါ့ပါးပါး ကြည်ကြည်လင်လင်ထား .. စိုးရိမ်သောကတွေနဲ့မကောင်းမြင်စိတ်တွေများနေရင် .. ဘယ်လောက်ကောင်းတဲ့ နေရာပဲရောက်ရောက် ပျော်ရမှာမဟုတ်တာတော့အမှန်ပဲ ..

ပြီးတော့ ပျော်ရွှင်ခြင်းက ကူးစက်တတ်တယ် .. အမ်မာဆို ကိုယ်နဲ့ သိသိ မသိသိ တွေ့တဲ့သူကို ရယ်ပြ နှုတ်ဆက်တတ်တဲ့ အကျင့်လေးမွေးထားလို့ .. ဘယ်နေရာပဲရောက်ရောက် မိတ်ဆွေ အပေါင်းအသင်းနဲ့ ကူညီမဲ့သူတွေတွေ့ရတာများတယ် ..

မယုံရင် စမ်းကြည့်ပါ လမ်းမှာ မျက်နှာချင်းဆိုင် တွေ့တဲ့သူကို ပြုံးပြ နှုတ်ဆက်ကြည့် .. ပြန်ပြုံးပြပြီး လမ်းဖယ်ပေးလိမ့်မယ် .. ကိုယ်မသိတာ လိုတာရှိရင် ယဉ်ယဉ်ကျေးကျေး မေးကြည့် အကူအညီတောင်းကြည့် .. လူ ၁၀ မှာ ၉ ယောက်လောက်က အလကားနေရင်း ရန်မလိုတတ်ပါဘူး 😊 .. ခရီးသွားရမှာ စိုးရိမ်နေတဲ့သူတွေအတွက် နည်းလမ်းလေး ပြောပြတာ ..

ကျန်တာကတော့ ကိုယ်တိုင်ပဲ ရှာဖွေကြည့်ပါ .. အမှန်အတိုင်းပြောရရင် .. ခရီးသွားတာက စာဖတ်သလိုပဲ ပညာ ဗဟုသုတအရမ်းရတယ် .. စာဖတ်ရင်တောင် ကြာရင်မေ့သေးတာ .. ကိုယ်တိုင် ကြုံခဲ့ရတဲ့ အကြောင်းအရာတွေက ဘယ်တော့မှမမေ့ဘူး 😇

Leave a Reply

Your email address will not be published. Required fields are marked *

Back to top