ကန်ချနာဘူရီ ခရီးလေးအကြောင်း တင်ပေးပါဆိုပြီး ဘယ်သူမှလာမပြောလို့ ကိုယ့်ဖာသာကိုယ်ပဲ တင်ပေးလိုက်ပြီ

အမ်မာတို့က ဘန်ကောက်ရော ၊ ကန်ချနာဘူရီကော ဆိုရင် ၁၀ ရက်လောက်နေခဲ့တာဆိုတော့ .. ပို့စ် အရမ်းရှည်သွားမှာစိုးလို့ ဘန်ကောက်အကြောင်း ထည့်မပြောတော့ဘူး .. အားလုံးလည်း သိပြီးသားတွေများမှာပါ ..
ကန်ချနာဘူရီကိုတော့ ရထားစီးသွားရင် Thunburi station ကနေ စစီးရတယ် .. မနက် 7:45 am မှာ ရထားထွက်လို့ .. 7:15 am လောက်မှာ ကြိုရောက်ပြီး လက်မှတ်ဝယ် ဘာညာ ပြင်ဆင်တာနဲ့ဆို ကွက်တိလောက်ပဲ ..
လက်မှတ်က တစ်ယောက်ကို ဘတ် ၁၀၀ .. အမ်မာတို့က နမ်တုတ် ဘူတာထိ စီးလို့ပါ .. လက်မှတ်က ကြိုဝယ်စဟာမလိုဘူး ဘူတာရောက်မှ ဝယ်ယုံပဲ .. ပုံမှန်ရက်တွေဆို လူအရမ်းအများဘူး နေရာလွတ်တွေဘအများကြီးပဲ .. class တွေ ခွဲထားပေမဲ့ .. ခုံတွေလွတ်တော့ အဆင်ပြေတဲ့နေရာမှာ စီးလို့ရပါတယ် ..
နမ်တုတ်က ကန်ချနာဘူရီဘူတာကနေ ၁ နာရီခွဲလောက် ဆက်သွားရသေးတယ် .. အဲဒီက star hill resort မှာ တည်းမှာမို့ရယ် ပြီးရင် အဲဒီနားက ရေတံခွန်လေးပါ သွားလည်ချင်တာကြောင့်ပါ ..
၁၂ နာရီ အတိလောက်လောက်မှ နမ်တုတ်ကိုရောက်တယ် .. ဘူတာကနေ ဟော်တယ်ကို ကားငှါးတာ ဘတ် ၂၀၀ .. အရမ်းတော့ မဝေးဘူး .. လူများရင်တော့ ပေးရတာ တန်ပါတယ် .. အမ်မာတို့က ၅ ယောက်သွားတာဆိုတော့ တစ်ယောက် ဘယ်လောက်မှ မကျဘူး ..
Kwai River ထဲမှာ ရေပေါ်ဟော်တယ်တွေ resort တွေအများကြီးပဲ .. အကုန်လုံးကလည်း သူ့ဟာနဲ့သူ လှကြတယ် .. ဒါပေမဲ့ facility ပေါ်မူတည်ပြီး စျေးလေးတွေကွာတယ် .. အမ်မာတို့ တည်းခဲ့တဲ့ star hill resort က တစ်ညကို ဘတ် ၁၅၀၀ ဝန်းကျင်ပေးရလို့ မဆိုးဘူး .. တခြား resort တွေက စျေးတွေပိုများတယ် ..
သူက ရေပေါ်မှာဆောက်ထားတဲ့ ဖောင်လေးတွေပေါ်က river view အခန်းတွေရှိသလို .. ကုန်းပေါ်မှာ ဆောက်ထားတဲ့ ဘန်ဂလို mountain view လေးတွေလည်းရှိတယ် .. စျေးဘယ်လောက်ကွာလဲတော့ သေချာမသိဘူး .. mountain view လည်း တမျိုးလှတယ်နော် .. တချို့ ရေထဲမအိပ်ရဲဘူး ကြောက်တတ်တဲ့သူဆိုရင် mountains view အဆင်ပြေတယ် ..
ရေပေါ်က အခန်းတွေကတော့ ရေစီးတဲ့အတိုင်း လှုပ်တာ ဘာညာရှိတတ်တော့ တချို့ဆို မနေချင်ဘူး .. ရေစီးသံတွေလည်း တစ်ချိန်လုံးကြားနေရတာ .. အမ်မာတို့ကတော့ သဘောကျပါတယ် .. ညဖက်တွေတော့ သာမန်ထက် အအေးပိုတယ် ..
ကဲ အဲဒီ resort မှာကတော့ တစ်နေကူန် အနားယူ ဓါတ်ပုံရိုက်မုန့်စား .. သောက်တတ်တဲ့သူဆိုရင်လည်း restaurant ကနေ မှာသောက်လို့ရတယ် စျေးတွေလည်း အရမ်းများဘူး .. ခေါက်ဆန်လမ်းတို့ ဘာတို့က စျေးလောက်ပဲ .. မြန်မာစကားပြောရင် နားလည်တဲ့ ဝန်ထမ်းတွေရှိပေမဲ့ အင်္ဂလိပ်တော့ သိပ်မရကြဘူး ..
အဲဒီမှာ တစ်ညနေပြီးတော့ နောက်ရက်မှာ ရေတံခွန်ကိုသွားမယ်ဆိုတော့ မြို့ထဲက ဘူတာနဲ့ နီးတဲ့ ဟိုတယ်ကို ပြောင်းတယ် .. သူက စျေးပိုသက်သာတယ် .. family room မှ ဘတ် ၁၀၀၀ ပဲရှိတယ် ..
ရေတံခွန်ဆိုပေမဲ့ အကြီးကြီးတော့မဟုတ်ပါဘူး .. ရေဆော့ချင်ရင်တော့ သိပ်မနက်လို့ အဆင်ပြေတယ် … ကလေးတွေတောင် အေးဆေး ရေကူးနေကြတာ အန္တရာယ်မရှိဘူး .. ဒါပေမဲ့ ရေညှိတွေတက်တဲ့နေရာကတော့ ချောတတ်လို့ သတိထားပြီး သွားရတယ် ..
ရေတံခွန်မှာ ဓါတ်ပုံရိုက်ချင်ရင် အဝေးက ရိုက်ရင် သိပ်မလှလို့ အပေါ်တတ်ပြီး အနီးကပ်ရိုက်ဖို့ အကြံပေးချင်တယ် .. အထဲသိပ်မဝင်ရတဲ့ ဂူပေါက် သေးသေး လေးတွေလည်းရှိတယ် .. ဝင်ကြည့်ရင် အထဲမှာ ကျောက်ပန်းဆွဲလေးတွေနဲ့ အပင်လေးတွေ တော်တော်လှတယ် .. ဖုန်းတွေဘာတွေ ပြုတ်ကျရင် ကွဲတတ်လို့ သတိတော့ထားပေါ့ ..
အဲဒီမှာ တစ်ရက်ပြီး နောက်ရက်ကျတော့ ကန်ချနာဘူရီ မြို့ထဲကို ပြန်သွားတယ် .. အဲဒီမှာလည်း လည်ပတ်စရာ နေရာတွေရှိလို့ တစ်ညလောက်တော့ အိပ်မယ်စိတ်ကူးထားတာ .. နအါတုတ်ကနေ Bus တွေ မိနစ် ၃၀ တစ်ခါ ထွက်တယ် .. တစ်ယောက်ကို ဘတ် ၅၀ ပါ .. ကားဂိတ်က ဘူတာကိုသွားတဲ့ လမ်းထိပ်နားမှာပဲ ..
ကန်ချနာ ဘူရီမှာ တည်းခဲ့ ဟော်တယ်လေးကလည်း အရမ်း တန်ပြီး အရမ်းချစ်စာကောင်းတယ် .. building type က cottage လိုမျိုးလေးတွေ .. အထဲမှာ garden အကျယ်ကြီးလည်းရှိတော့ .. view လေးလည်း မိုက်တယ်ပေါ့ .. အခန်းလေးတွေကလည်း ၂ ယောက်ခန်း တစ်ညကို ဘတ် ၇၀၀ ပါ .. မနက်စာတော့ မပါပေမဲ့ restaurant ရှိတော့ စားချင်တဲ့အချိန် မှာလို့ရတယ် .. အစားအသောက်လည်းကောင်းတယ် .. စျေးတွေလည်း မဆိုးပါဘူး .. ဘတ် ၁၀၀-၂၅၀ ဝန်းကျင် ..
အကြိုက်ဆုံးအချက်ကတော့ location ပဲ .. ဘူတာကို လမ်းလျှောက်ရင် ၅ မိနစ်ပဲ .. ညစျေးနဲ့လည်း နီးတယ် .. အဲဒီမှာ တစ်ညအိပ်ပြီးတော့ .. သေမင်းတမန် ရထားလမ်း ၊ မေပယ်ပန်းခြံ ၊ giant money pad tree နဲ့ မှန်တံတားရှိတဲ့ sky walk ကိုသွားခဲ့တယ် .. မှန်တံတား က အမြင့်ကြီးမဟုတ်ပေမဲ့ ပေးရတဲ့စျေးကလည်း ဘတ် ၆၀ တည်းမို့ သွားရတာ တန်တယ် .. ပုံလှလှလေးတွေရိုက်လို့ရတာပေါ့ ..

အခုပြောခဲ့တဲ့ နေရာတွေတိုင်းမှာ သွားရကျိုးမနပ်ဘူးဆိုတဲ့ နေရာတော့မရှိ အကုန်လုံးက သူ့ဟာနဲ့သူ တမျိုးစီ စိတ်ဝင်စားဖို့ ကောင်းတယ် .. အချိန်ပေးပြီး နောက်တစ်ရက်လောက် ထပ်နေချင်ရင်တော့ ဆင်စခန်းတို့ တခြား တောင်ပေါ်တွေ .. dragon cave တို့ tiger cave တို့လို့ ဘုရားတွေ ဘုန်းကြီးကျောင်းတွေလည်း သွားလို့ရသေးတယ် .. အမ်မာတို့ကတော့ တစ်ရက်ပဲ လည်ပြီး ဘန်ကောက်ကို ပြန်လာတယ် ..
အပြန်ကျတော့ ရထားက ပုံမှန်ဆို ညနေ 2:45 မှာစီးရတာဆိိုပေမဲ့ အဲဒီနေ့က သံလမ်းမှာ accidents တစ်ခု ဖြစ်လို့ ရထားမလာတာနဲ့ Bus ပဲစီးပြီး ပြန်ခဲ့တယ် .. Bus terminal ကလည်း ဘူတာနဲ့ ၁၀ မိနစ်ပဲ အဝေးမှာ ရှိတယ် .. ဘန်ကောက်ကို သွားတဲ့ ကားတွေက မိနစ် ၃၀ တစ်စီး ထွက်လို့ ဘယ်အချိန်သွားစီးစီး ရတယ် .. အများစုကတော့ mini van လေးတွေပါ .. ကားခက တစ်ယောက် ဘတ် ၁၃၀ .. ကြာချိန်က ၃ နာရီပဲ ရထားထက် ပိုမြန်တာပေါ့ .. ကဲ အဒါဆိုရင်တော့ ခရီးစဉ်လေး အကြောင်းက over all အကုန်ပြည့်စုံသွားပါပြီ .. နေရာ တစ်ခုချင်းစီ အကြောင်းကိုတော့ နောက်မှ အချိန်ယူပြီး သီးသန့် ခွဲတင်ပေးမယ် .. အခုတော့ ဒီလောက်ပါပဲ .. တာ့တာ