တချို့လူတွေ အချိန်အတော်ကြာအောင် move on မလုပ်နိုင်ကြဘူးဆိုတာ ..
ပြောချင်တဲ့စကားတွေ အကုန်မပြောရသေးလို့ဖြစ်မယ် .. ကိုယ့်ရဲ့ခံစားချက် အစစ်အမှန်ကို ထုတ်မပြောခဲ့ရလို့ ..
ကိုယ်သိချင်တဲ့ မေးခွန်းတွေကို မမေးရသေးလို့ .. နားမလည်တဲ့ ပုစ္ဆာတွေအတွက် အတွက် အဖြေကိုရှာမတွေ့သေးလို့လည်း ဖြစ်နိုင်တယ်..
ဒါမှမဟုတ် ထားခဲ့ဖူးတဲ့ကတိတစ်ခု မတည်ရသေးလို့လည်းဖြစ်ကောင်းဖြစ်လိမ့်မယ်..
ကိုယ်တတ်နိုင်သလောက် အစွမ်းကုန် မကြိုးစား၊အားမထုတ်ရသေးတာကို မချင့်မရဲဖြစ်ပြီး နောင်တရ စိတ်ပျက်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ..
အဲဒါတွေအကုန်လုံး လုပ်ခဲ့ပြီးပြီ၊သိခဲ့ပြီးပြီ၊ကြိုးစားခဲ့ပြီးပြီဆိုရင်တော့ .. လူတစ်ယောက်ကို လက်လွှတ်နိုင်ဖို့ရာ ပိုပြီးလွယ်ကူသွားလိမ့်မယ်ထင်တယ် ..
အဆုံးသတ်မှာတော့ .. မလုပ်ခဲ့မိလိုက်တဲ့ အရာတွေအတွက် ရတဲ့နောင်တကပိုတာချည်းပဲ ..
အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးမှ ဖြစ်မလာဆိုရင်တော့ .. “what if” ဆိုတဲ့ နောက်ဆက်တွဲ အတွေးတွေ မရှိတော့ဘဲ .. ဘဝကို ကောင်းကောင်းမွန်မွန်လေး ရှေ့ဆက်လို့ရမှာပေါ့ ..
