“သစ်တောကြီး တစ်ခုလုံး ဂူထဲမှာရှိနေတဲ့ ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူကြီး Hang Sơn Đoòng” အမ်မာ ဒီဂူကြီးအကြောင်းကို နိုင်ငံခြားသား ခရီးသွား bloggers တွေရဲ့ talkshow တစ်ခုမှာ စသိခဲ့တာတော့ ကြာပါပြီ .. စိတ်ဝင်စားလို့ Google map မှာတည်နေရာကိုရှာကြည့်တော့ လာအိုနဲ့ ဗီယက်နမ် နယ်စပ်နေရာမှာရှိတာ .. တချို့ပြောကြတာတော့ လာအိုဖက်က သွားလည်းရပါတယ်တဲ့ .. ဒါပေမဲ့ သာမန်လူတွေ သွားဖို့ မလွယ်ကူပါဘူး .. အဲဒီဂူရဲ့ အကျယ်အဝန်းဟာ အထပ် ၄၀လောက်မြင့်တဲ့…
အခုလာမဲ့ June July လတွေမှာ Vietnam ကို အလည်လာချင်တယ်ဆိုရင် .. ရာသီဥတုကတော့ အတော်လေး ပူပြီး မိုးလည်းမကြာမကြာရွာတတ်ပါတယ် .. အဲဒါကြောင့်မို့ Hochimin , Hanoi ထက်စာရင် Danang က အဆင်အပြေဆုံးပါ .. (အချိန်လည်းကြာကြာမရဘူး ဆိုတဲ့သူတွေအတွက်ပြောတာပါ) အချိန် ၃ ရက်လောက်ပဲ ရတယ်ဆိုရင် .. Danang, Hoi An လောက်ပဲသွားတာ အဆင်ပြေတယ် .. ၄ ရက် လောက်ရရင်တော့ Hue ကိုပါ…
Ha Giang Loop Bike Trip သွားတော့ Easy riders တွေနဲ့သွားတာ .. ကိုယ်တိုင်မောင်းစရာမလိုဘူး .. နောက်ကလိုက်စီးယုံပဲ .. အဲဒီမှာ leader ဆိုတဲ့ တစ်ယောက်ကတော့ English လို ပြောတတ်ပေမဲ့ .. ကိုယ့်ရဲ့ driver , easy rider က မပြောတတ်ဘူး .. ဒါပေမဲ့ သူသိတဲ့ English စကားလုံး ၂ လုံးပဲရှိတယ် .. အဲဒါက “my friend”…
No.1 – Ha Giang Vietnam ရဲ့ အမြင့်ဆုံးတောင်တန်းတွေကို မျက်စိတဆုံး ခံစားလို့ရတဲ့နေရာပေါ့.. ဒါပေမဲ့ bike tour သွားရတာဖြစ်လို့ ပင်ပမ်းတယ် .. လူငယ်တွေ ၊ ကျန်းမာရေးကောင်းတဲ့ လူတွေလောက်ပဲအဆင်ပြေတယ် .. အေးအေးဆေးဆေး အနားယူ အပမ်းဖြေချင်တဲ့သူတွေနဲ့မကိုက်ဘူး .. No.2 – Sapa သူလည်းတောင်တန်းတွေနဲ့လှတယ် .. အေးဆေး နားချင်တဲ့သူတွေ .. ရှုခင်းကြည့် ကော်ဖီဆိုင်တွေပတ်သွားချင်တဲ့သူတွေအတွက် အဆင်ပြေတယ် .. အဲဒီမှာ hiking tour တွေလည်း…
Vietnam နိုင်ငံ အလယ်ပိုင်း ဒါနန်းမြို့လေးနဲ့အနီးတဝိုက်မှာရှိတဲ့ လည်ပတ်စရာနေရာတွေ * အားလုံးသိကြတဲ့ ရွှေလက်တံတားကြီးရှိရာ Ba Na Hills Fantasy Park * Linh Ung Pagoda * Golden dragon bridge * Bay Mau Coconut Forest * Marble Mountain * Hoi An Ancient Town * My Khe Beach * Shopping…
ဗီဇာ === ဗီယက်နမ်ကို အလည်လာဖို့အတွက်ဆို ဗီဇာကြိုလျှောက်ဖို့မလိုပါဘူး .. ကင်းလွတ်ခွင့် ရက် ၃၀ ရလို့ အေးအေးဆေးဆေး လည်ဖို့ အချိန်လောက်ပါတယ် .. ( မှတ်ချက် ။ Vietnam ရဲ့ official immigration website မှာတော့ ၁၄ ရက်လို့ ကြေငြာထားပေမဲ့ .. ခုနောက်ပိုင်း ရက် ၃၀ ပေးနေပါပြီ .. ) လေယဉ်လက်မှတ် ========== ရန်ကုန်ကနေ ဒါနန်းလာမယ်ဆို MAI တိုက်ရိုက်လေယဉ်တွေ ရှိပါတယ်…
ဗီယက်နမ် (မြောက်ပိုင်း) Hanoi – Ninh Binh – Halongbay (၄ညအိပ် ၅ရက်) ခရီးစဉ် ***Private Tour*** တစ်ဦးလျှင် USD 570 *** လေယဉ်လက်မှတ် မပါဝင်ပါ *** အခုလထဲ August 2025 ကစပြီး September 2025 ထိ booking လက်ခံပေးပါတယ်ရှင့် .. လည်ပတ်မြည့်နေရာများ * Van Mieu (Quoc Tu Giam) * Hoan Kiem…
Thailand VS Vietnam ဒီရက်ပိုင်း ဗီယက်နမ်ဗီဇာအကြောင်း လာမေးကြတဲ့သူများလို့လေ .. ပြောပြချင်တာက .. ထိုင်းနဲ့ဘာကွာလဲပေါ့နော် .. ထိုင်းကတော့ မြန်မာအများစုနေချင်ကြတယ် .. အစားအသောက် ယဉ်ကျေးမှုတွေ တော်တော်များများ ကိုယ့်နိုင်ငံနဲ့နီးစပ်တာကိုး .. နောက်ပြီး community တောင့်တော့ မိတ်ဆွေ အပေါင်းအသင်းတွေများများရှိကြတယ် .. Emma ဆိုရင်လည်း ထိုင်းရောက်တာနဲ့ သူငယ်ချင်းတွေ ပတ်တွေ့လို့ ကုန်ကိုမကုန်နိုင်ဘူး .. ရေရှည်နေမယ်ဆို အဲဒီလိုအပေါင်းအသင်းတွေကလည်းလိုတာပေါ့နော် .. ဒါပေမဲ့ Visa ကိစ္စကတော့ တော်တော် ခေါင်းခဲစရာပဲ…
Vietnam (90 Days) E-visa requirements 1. Passport 2. ဓါတ်ပုံ 3. ကိုးကွယ်သည့်ဘာသာ 4. အလုပ်အကိုင် 5. ဗီယက်နမ်ကို သွားရောက်မည့် နေ့ရက် 6. သွားရောက်မည့် မြို့ (လေဆိပ် သို့မဟုတ် နယ်စပ်ဂိတ်) 7. ပြန်ထွက်မည့် လေဆိပ် သို့မဟုတ် နယ်စပ်ဂိတ် 8. ယခင်က ဗီယက်နမ်ကို ဝင်ရောက်ဖူးခြင်း ရှိမရှိ (ရှိလျှင် သွားရောက်ခဲ့သည့် ရက်စွဲ နှင့် အကြောင်းအရာ) Single Entry/…
အခုတလော .. လာအို ဗီယက်နမ်ဖက်တွေ visa run ရင်း တော်တော်များများ သွားကြတာတွေ့လို့ .. Hanoi က အရမ်းအဆင်ပြေတဲ့ Hostel လေးတစ်ခုကို recommend ပေးချင်လို့ .. နာမည်ကတော့ city backpackers Hostel ပါ .. Downtown area .. Night market နားမှာပဲရှိလို့ သွားလာရ အဆင်ပြေတယ် .. စားသောက်ဆိုင်တွေ ၊ convenient store တွေနဲ့ လည်းနီးတယ် …..
