ဘာလီ လို့ပြောလိုက်ရင် တော်တော်များများက … ဂေါ်ဇီလာ ခေါင်းပုံဆိုပြီး နာမည်ကြီးတဲ့ .. klingking beach ဆိုတဲ့နေရာလေးကိုပဲမျက်စိထဲသွားမြင်ကြမှာပေါ့ .. (တကယ်တမ်းကျတော့ klingking ဆိုတာ သူတို့ဘာသာစကားနဲ့ လက်ချောင်းသေးသေးလေးလို့ခေါ်ကြတာပါ)
Klingking beach က ဘာလီကျွန်းပေါ်မှာရှိတာတော့မဟုတ်ပါဘူး .. ဘာလီကနေ Ferry နဲ့ တစ်နာရီလောက် စီးရင်ရောက်တဲ့ Nusapanida ဆိုတဲ့ကျွန်လေးမှာ ရှိတာပါ .. ဘာလီသွားတဲ့သူတိုင်းကတော့ အဲဒီကျွန်းကို မဖြစ်မနေ သွားကြတယ် .. တချို့ကလည်း နေ့ချင်းပြန် .. တစ်ချို့ကလည်း ညအိပ်ပေါ့ ..
Nusapenida ကျွန်းမှာက လည်ပတ်စရာနေရာတွေများလို့ .. တစ်ရက်တည်းနဲ့တော့ အကုန် မရောက်ပါဘူး .. သွားမယ်ဆိုရင် ကျွန်းရဲ့ အရှေ့ဖက်ပိုင်းက နေရာတွေကိုသွားမလား .. အနောက်ပိုင်းကို သွားမလား ရွေးရပါတယ် .. အားလုံးကတော့ အရမ်းကို လှပြီး ရင်သပ်ရှုမောစရာ ရှုခင်းတွေချည်းပါပဲ .. Emma ကတော့ သူများတွေ ပုံမှာမြင်ဖူးတဲ့ Klingking Beach ရှိတဲ့နေရာ West ကိုပဲ ရွေးလိုက်တယ် ..
Nusapenida Tour တော်တော်များများက Private tour တွေပါ .. ကိုယ့်အဖွဲ့နဲ့ကိုယ် သွားရတာပေါ့ .. အနည်းဆုံး ၂ ယောက်ကစပြီး သွားလို့ရတယ် .. Tour နဲ့မသွားချင်ရင်လည်း ကိုယ့်ဖာသာ Ferry Ticket ဝယ် .. ဟိုဖက်ရောက်မှ ကားငှါးလည်းရတယ်ပေါ့နော် ..
Emma ကတော့ Hostel မှာ ခင်တဲ့ Indo မလေးနဲ့ ၂ ယောက်သွားတာမို့ အဆင်ပြေတယ် သူက Local ဆိုတော့ ဘာသာစကားအခက်အခဲမရှိဘူးပေါ့ .. စျေးတွေဘာတွေလည်း စစ်လို့ရတယ် ..
Emma တို့သွားတုန်းက နေ့ချင်းပြန် ကို အပြီးအစီး မြန်မာငွေနဲ့ တစ်ယောက် ၆သောင်းလောက်ကျတယ် .. ၂ ယောက်စာ တစ်သိန်းနှစ်သောင်းပေါ့ (Nusapenida နေ့ချင်းပြန်ကိုပြောတာနော်) .. လူများရင် ကားခက ပိုသက်သာပါတယ်
ကားဆရာ (driver) ကနေပဲ guide သဘောမျိုး အကုန်လိုက်ပြပြီးတော့ ဓါတ်ပုံ video လှလှလေးတွေလည်း ရိုက်ပေးသေးတယ် ..
ကျွန်းပေါ်မှာက ဟော်တယ် resort တချို့ကလွဲရင် လူနေအိမ်ခြေ သိပ်မရှိလို့ .. နားအေးပါးအေး နေချင်တဲ့ သူတွေအတွက် ညအိပ်သွားလို့ အဆင်ပြေသလို .. အဲဒီက ကမ်းခြေတွေကလည်း သန့်ရှင်းပြီး အရမ်းလှလ်ု့ ရေကူး၊ရေငုပ်ချင်ရင်လည်းအဆင်ပြေတယ် .. Emma ရောက်ဖူးသမျှကျွန်းတွေ ကမ်းခြေတွေထဲမှာတော့ အလှဆုံးပဲ .. အဲဒါမို့ စာနဲ့ရေးပြီးညွှန်းမနေတော့ဘူး .. လူကိုယ်တိုင်သွားကြည့်ကြပါလို့ပဲ တိုက်တွန်းတော့မယ် ..
ဘာလီကျွန်းမှာလည်း လှတဲ့ကမ်းခြေတွေအများကြီးရှိပါတယ် ..
ဒါပေမဲ့ ဘာလီသွားပြီး Nusapenida မရောက်ရင်တော့ လုံးဝကိုသွားရကျိုးမနပ်ဘူး .. အခွင့်သာလို့ နောက်တစ်ခေါက် ထပ်ရောက်ခဲ့ရင်တော့ အဲဒီကျွန်းပေါ်မှာပဲ ၂ည၊၃ညလောက် သွားနေဦးမယ်လို့ တွေးထားတယ် ..
ဘာလီနဲ့ပတ်သတ်ပြီး တခြားသိချင်တဲ့အကြောင်းအရာတွေရှိရင်င်လည်း message ပို့ပြီး မေးလို့ရပါတယ်နော် .. နောက်ထပ် ဘာလီရဲ့ လှပတဲ့ နေရာလေးတွေအကြောင်းတင်ပေးဦးမှာမို့ stay tuned.. and ..
Thank you for your support ..