ညနေ ကားစီးဖို့ စောင့်ရင်း .. ဘာမှလုပ်စရာမရှိလို့ .. ဒါလေးထိုင်ရေးဖြစ်တာ ..
India ကို ဘယ်လိုစသိတာလဲ ? ဆိုရင် တခြား သူတွေတော့ မပြောတတ် အမ်မာကတော့ ဇာတ်လမ်းတွေထဲက စသိတာ .. (အရင် အိန္ဒိယဆိုတဲ့ နာမည်ကိုသာ သိတာ အိန္ဒိယအကြောင်းတွေ culture တွေ ကိုကျတော့ ဇာတ်လမ်းတွေကြည့်လို့ စိတ်ဝင်စားသွားတာ)
အထူးသဖြင့် ကတ်ရှမီးယားလို နေရာမျိုးပေါ့ .. ငယ်ငယ်က ကြည့်ဖူးတဲ့ အိန္ဒိယ ဇာတ်လမ်းတွေ တော်တော်များများမှာ ပါတယ် .. ရေခဲတောင်တွေပေါ်မှာ ကားမောင်းပြီးသွားရတာ .. တောင်လည်းတက်စရာမလိုဘူးပေါ့ မိုက်တယ်ဆိုပြီး .. ကိုယ်တွေဆီမှာဆို လမ်းလျှောက်တက်ရတာ မလွယ်ဘူးလေနော် ..
အဲဒီမှာ ရှုခင်းတွေကိုကြည့်ပြီး အရမ်းလှလို့ သွားချင်မိတာ .. ဒါပေမဲ့ အဲဒီတုန်းကတော့ အိမ်မက် တစ်ခုပါပဲ .. အသက်လည်း ငယ်သေးတယ် .. ပြည်ပခရီးမပြောနဲ့ လက်ထဲ passport တောင် မရှိသေးဘူး .. ဒါပေမဲ့ စိတ်က ဘယ်လိုလဲတော့ မသိဘူး တစ်နေ့ ရောက်အောင် သွားမယ်ဆိုပြီး သူ့အလိုလိုဖြစ်နေတယ် .. ဘယ်တော့မှန်းသာ မသိသေးတာ ..
နောက်ပြီး အရွယ်ရောက်တော့ သွားမယ် စီစဉ်လိုက် နိုင်ငံခြားမှာ အလုပ်ရသွားလို့ အစီအစဉ်ပျက်သွားလိုက် .. နောက်တစ်ခါ သွားမယ်လုပ်လိုက် .. ကိုဗစ်ထဖြစ်လိုက်နဲ့ မရောက်တော့ဘူး .. ကြာတော့ အိန္ဒိယကိစ္စနည်းနည်း မေ့သွားပြီး အာရှက တခြားနိုင်ငံတွေ ပဲပတ်သွားပြီး ပျော်နေမိတယ် ..


နောက်တစ်ခေါက် အိန္ဒိယ ပိုးပြန်ထလာတာက ဒူဘိုင်းမှာ နေတုန်းက အိန္ဒိယကသူငယ်ချင်းတွေ အများကြီးရတယ် .. သူတို့ကလည်း လာလည်ဖို့ ခေါ်ကြတယ် .. ဒါပေမဲ့ သွားဖို့ လည်းဘာအစီအစဉ်မှတော့ မရှိသေးပါဘူး .. အေး ငါလာလည်မယ်လို့သာ ပြီးပြီးရော ပြောလိုက်တာ .. နောက်ပြီးတော့ သွားဖြစ်ရင် ကတ်ရှမီးယားအပြင် ငါသွားချင်တဲ့ နေရာ နောက်တစ်ခုရှိသေးတယ် ဆိုပြီး .. ဘယ်နေရာမှန်း မသိလို့ YouTube မှာ video ရှာပြီး ပြလိုက်တယ် .. ရှရွတ်ခမ်းကား Chennai express ထဲက .. ရထားရပ်သွားတဲ့နေရာက ရေတံခွန်ကြီး .. အဲဒီခေတ်က drones တွေမပေါ်သေးလို့ helicopter နဲ့ ရိုက်ထားတဲ့ ရိုက်ချက်တွေက အရမ်းလှတယ် ..
အဲဒါသူငယ်ချင်းကို ပြတော့ ပြောပြတယ် .. အဲဒီ ရေတံခွန် နာမည်က dusagar fall တဲ့ .. north Goa မှာ ရှိနာဆိုပြီး .. နာမည်သိရတော့မှ Google map မှာ ရှာပြီး location ကို save လုပ်ထားလိုက်တယ် .. ငါ အိန္ဒိယ သွားဖြစ်ရင်တော့ အဲဒီနေရာကို မရောက် ရောက်အောင် သွားမယ်ပေါ့ စိတ်ထဲ .. တကယ်လည်း ရောက်ခဲ့တယ် ..
ဘယ်လိုအတားအဆီးတွေလဲဆိုတော့ ပထမ အချက်က season ချိန် မဟုတ်လို့ .. အဲဒီကိုသွားတဲ့ tour တွေ မရှိဘူး .. ကိုယ့်အစီအစဉ် နဲ့ ကိုယ်သွားမှရမှာ .. အဲဒါနဲ့ ဟော်တယ်က ဝန်ထမ်းလေးတွေကို မေးကြည့်တော့ သူတို့က စီစဉ်ပေးမယ်ဆိုပြီး လိုက်ပို့တယ် .. Goa မှာလည်း ဒေသခံတွေက အရမ်းသဘောကောင်းကြတယ် ..
ဒါပေမဲ့ ဟိုရောက်တော့ ရေတံခွန်ကို သွားခွင့်ပိတ်ထားတယ် .. မိုးတွင်းမို့ အန္တရာယ်များလို့ဆိုပြီးတော့ .. ဒါပေမဲ့လည်း ဒီလိုပဲ guard တွေကို ပိုက်ဆံ ဘာညာ ပေးပြီး သွားရတာပေါ့ .. လမ်းလျှောက်ရတာ .. 12 km .. အသွားအပြန်ဆို 24 km
ဗာရာဏသီဆိုလည်း အဲလိုပဲ ဇာတ်လမ်း တော်တော်များများမှာပါတယ် .. မုဆိုးမလေး မဂင်္ဂါတို့ ဘာတို့ ကိုယ်မကြည့်ပေမဲ့ အိမ်က လူကြီးတွေ တစ်ချိန်လုံးဖွင့်နေလို့ ရင်းနီးပြီးသား .. တခြား မြို့တွေ .. နေရာတွေဆိုလည်း အဲလိုပဲ .. အခုထိလည်း .. ဇာတ်လမ်းထဲက သဘောကျတဲ့ နေရာလေးတွေရှိရင် လိုက်ရှာပြီး မှတ်ထားတုန်းပဲ ..
ဒါဂျီလင်းရောက်တုန်း Gangtok ဆိုတဲ့ မြို့ကို သွားချင်ခဲ့တာ သူက ဘူတန်နယ်စပ်နား .. အဲဒီက Indian တွေက အကုန် Chinese look တွေပဲ .. ဒါဂျီလင်းမှာလိုပေါ့ .. အဲဒီမြို့ကလည်း အရမ်းလှတယ် .. ဒါပေမဲ့ သူက visa ရှိယုံနဲ့ သွားလို့မရဘူး .. နိုင်ငံခြားသားဆိုရင် ပါမစ်သက်သက်ထပ်လျှောက်ရတယ် .. ဒါတောင် ပါမစ်ချပေးတဲ့ Nationality တွေထဲမှ မြန်မာ မပါလို့ .. သွားခွင့် မရခဲ့ဘူး ..
အဲလိုပေါ့ .. ရှိသေးတယ် တခြားနေရာတွေလည်း အများကြီးပဲ .. တမီလ် ဇာတ်လမ်းတွေ ကြည့်ရင် Tamil Nadu ကို သွားချင်ပြန်ရော .. ပန်ဂျာပီ ကားဆို Panjap ပြည်နယ်ပေါ့ .. အကုန်တော့ မရောက်သေးဘူး .. လမ်းကြုံ သလိုပတ်သွားနေတာဆိုတော့ တစ်ရက်တော့ ကြုံမှာပါ ..
ဒါပါပဲ .. ညနေ ကားစီးဖို့ စောင့်ရင်း .. ဘာမှလုပ်စရာမရှိလို့ .. ဒါလေးထိုင်ရေးဖြစ်တာ ..
ယူ တို့ကော ဘယ်နေရာတွေကို ဘယ်လို သိကြတာလဲ .. ပြောသွားဦး ..