Mountain man ဆိုတဲ့ အိန္ဒိယ ဇာတ်လမ်းလေး ကြည့်ဖူးတဲ့သူတွေရှိမယ် ထင်တယ် ..
တကယ်အဖြစ်အပျက်ကို ပြန်ရိုက်ထားတာ ..
အိန္ဒိယနိုင်ငံ ရွာငယ်လေးမှာ ရှိတဲ့သူတစ်ယောက်အကြောင်းပေါ့ ..

သူတို့နေတဲ့ နေရာဟာ ဆေးရုံရှိတဲ့ မြို့နဲ့ အတော်လေး ဝေးတာကြောင့် .. သူ့ရဲ့ဇနီးဖြစ်သူဟာ ဆေးရုံပို့ဖို့ကြိုးစားရင်းနဲ့ပဲ သေဆုံးသွားတယ် .. အဲဒါကြောင့်မို့ ဒီလိုမျိုးတွေထပ်မဖြစ်ရအောင်လို့ .. လမ်းမှာ ကာဆီးထားတဲ့တောင်ကြီးကို တူတစ်လက်ထဲနဲ့ ဘာစက်ပစ္စည်းမှမပါဘဲ ဖြိုပြီး လမ်းဖောက်ခဲ့တာ .. ၂၂ နှစ်ကြာတဲ့အခါမှာ အောင်မြင်စွာနဲ့ ဖောက်လုပ်နိုင်ခဲ့တဲ့ ..
သူဖောက်ခဲ့တဲ့ လမ်းကြောင့် .. အရင်က 55 km ဝေးတဲ့ ခရီးဟာ .. 15 km လောက်နဲ့ အရောက်သွားနိုင်လို့ .. အချိန်အများကြီးသက်သာသွားခဲ့တယ် .. အခုချိန်မှာတော့ ကတ္တရာလမ်းလေး ထပ်ခင်းပြုပြင်ထားပြီး .. သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဇွဲလုံ့လအတွက် အမှတ်တရ နေရာ တစ်ခုအနေနဲ့ လူတွေက အလည်လာကြတယ် .. လမ်းဖြတ်သွားရင်းနဲ့လည်း ခဏရပ်ပြီး အမှတ်တရ ဓါတ်ပုံရိုက် လေ့လာကြတယ် ..
အဲဒီလမ်းလေးကတော့ ဗုဒ္ဓဂါယာကနေ ရာဇဂြိုလ်သွားတဲ့ လမ်းမဘေးနားမှာပဲ ရှိတာပါ .. သူ့ပုံရုပ်တုတွေနဲ့ ဓါတ်ပုံကိုလည်း အမှတ်တရ မှတ်တမ်းတင်ထားတာ တွေ့ရမှာပါ .. ရောက်ဖြစ်ရင် ဝင်လေ့လာကြည့်လို့ရပါတယ် ..