Cave tour တွေကို စိတ်မဝင်စားဘူးဆိုတာ .. Vietnam
က cave တွေကို မရောက်ဖူးသေးလို့ဖြစ်ပါလိမ့်မယ် .. ကိုယ်ဆိုလည်း အရင်က cave တွေသွားရတာ သဘောမကျဘူး .. ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ သွားရလာရတာမို့ ..
Vietnam မှာကတော့ ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူကြီးအပါအဝင် တခြား .. အရမ်းလှတဲ့ လှိုဏ်ဂူ အကြီးကြီးတွေ အများကြီး ရှိတာမို့ .. အရင်က မကြုံဖူးတဲ့ မမြင်ဖူးတဲ့ သဘာဝရဲ့အလှတရားတွေကို မျက်မြင်တွေ့ရတာမို့ သွားရတာ အရမ်းတန်တယ် .. သွားရကျိုးနပ်တယ် ..
အခု အမ်မာ ရောက်နေတဲ့ phong nha ဆိုတဲ့မြို့က cave tour တွေကြောင့် နာမည်ကြီးတာပါ .. Hang Sơn Đoòng ဆိုတဲ့ ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူကြီးကိုတော့သွားမယ်ဆိုရင် ၂ နှစ်လောက်ကြိုပြီး စာရင်းပေးရတာမို့ လူတိုင်း သွားဖို့ မလွယ်ဘူး .. safety အတွက် government က လူအရေအတွက် ကန့်သတ်ထားလို့ပါ ..

ဒါပေမဲ့လည်း phong nha မြို့မှာ တခြား cave tour ပေါင်းများစွာရှိပါသေးတယ် .. အခု အမ်မာ သွားခဲ့တဲ့ phong nha cave က အသေးပဲရှိသေးလို့ နေ့ချင်းသွားလို့ရပေမဲ့ .. တချို့သော cave tour တွေဆိုရင် multiple days tour တွေလုပ်ရတာပါ .. cave ထဲမှာပဲ အိပ် .. cave ထဲမှာပဲစား ပေါ့ .. camping သွားရသလိုမျိုးပဲ ..
အဲဒီလို tour တွေ သွားချင်ရင်တော့ USD 300 လောက်ကစပြီး USD 3000 လောက်ထိ package အစားစားရှိပါတယ် .. အမ်မာကတော့ အဲဒီလို multi days တွေတော့ မလုပ်ခဲ့ပါဘူး ..
အခုသွားခဲ့တဲ့ phong nha cave day tour လေးတောင် တော်တော်လေး မိုက်တာဆိုတော့ .. adventure လုပ်ရတာ စိတ်ဝင်စားတဲ့သူတွေအတွက်တော့ Vietnam
က phong nha မြို့ကို သွားဖြစ်အောင် သွားသင့်ပါတယ် ..
Video လေးတွေ နောက်မှပဲ တင်ပေးတော့မယ်နော်
