ဘဝမှာ တစ်ကြိမ်တစ်ခါတော့ စမ်းကြည့်သင့်တဲ့ မီးပုံးပျံစီးတဲ့ အတွေ့အကြုံလေးကို ပြန်ပြီး sharing လုပ်ပေးချင်ပါတယ် …
စစချင်းကတော့ Emma လည်း မီးပုံးပျံစီးဖို့ အစီအစဉ်မရှိခဲ့ပါဘူး .. ဒါပေမဲ့ Cappidocia တောင်ကြားရဲ့ အရမ်းလှပတဲ့ ရှုခင်းတွေက ဆွဲဆောင်လို့ စီးဖြစ်သွားတာပါ …
မီးပုံးပျံတွေက လေတိုက်တဲ့လမ်းကြောင်းအတိုင်း ပျံသန်းရတာပါ .. ကိုယ်သွားချင်တဲ့ direction ကိုရွေးလို့မရပါဘူး ..
အမြင့်တစ်သတ်မှတ်တည်း ပျံတာမဟုတ်ဘဲ .. နိမ့်လိုက် မြင့်လိုက်နဲ့ဆိုတော့ မတူညီတဲ့ ပုံစံနဲ့ မြင်ကွင်းအမျိုးမျိုးမြင်ရတာပေါ့နော် ..
အရင်ဆုံး မြို့အလည် မီးပုံးပျံကွင်းကနေ စထွက်တော့ .. city view လေးကို အရင်မြင်ရပါတယ် ..
တောင်ကြားလေးတွေထဲ ရောက်ပြီဆိုရင်တော့ ရှုခင်းတွေက ပြောမပြတတ်အောင်ပဲ အရမ်းကို လှပါတယ် .. ပုံမှန်ဆိုရင် သွားလာရခက်လို့ ဒီလို တောင်ကြားက သဘာဝအလှ တရားတွေက မီးပုံးပျံလေးနဲ့မှ အပြည့်အဝ ခံစားလို့ရတာပါ ..
တချို့နေရာတွေမှာဆိုရင် .. တောင်ကုန်းလေးတွေရဲ့အစွန်းထိပ်တွေက အထပ်အထပ်လေးတွေနဲ့ .. ပန်းပွင့်ရဲ့ ပွင့်ဖတ်ကလေးတွေလို့တောင် ထင်မှားရအောင် .. အရမ်းကို ကြည့်လို့လှပါတယ် ..
လူတွေ တမင်ဖန်တီးထားတဲ့ man made လက်ရာတွေလို့တောင်ထင်ရပါသေးတယ် …
အမှတ်တရလိုချင်ရင်တော့ 360 နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံ video လေးတွေကို ခရီးစဉ်လေး ပြီးဆုံးတဲ့အချိန်မှာ company ဖက်က ပြန်ရောင်းပေးပါတယ် ..
Emma ကတော့ တခြား လူတွေနဲ့ အတူတူစုဝယ်ပြီး ပြန် share တော့ ပိုက်ဆံသိပ်မကုန်လိုက်ဘူး
Emma တို့တွေ landing လုပ်ပြီးတဲ့အချိန်မှာတော့ after party အတွက် ရှိန်ပိန်ဖောက်ပြီး flight certificate လေးတွေလည်း လက်ဆောင်ရခဲ့ပါတယ် ..
ဒီလို မီးပုံးပျံစီးခဲ့ရတဲ့ အတွေ့အကြုံ လေးက အရမ်းကို စိတ်လှုပ်ရှားပြီး ပျော်စရာကောင်းတာကြောင့် ဘဝမှာ တစ်ကြိမ်တစ်ခါတော့ လုပ်ကြည့်သင့်ပါတယ် ..
အဲဒါကြောင့် Cappidocia ကို ရောက်ခဲ့ရင်တော့ မဖြစ်မနေ စမ်းကြည့်ကြပါလို့ Emma ကတော့ အကြံပေးချင်ပါတယ် ..