Torna Fort

Torna Fort

India ရဲ့ မြို့တွေအထင်ကရနေရာတွေမှာတင်မကဘဲ အခုလို တောထဲတောင်ထဲမှာလည်း ခံတပ်ရဲတိုက်ကြီးတွေရှိတယ် .. Local တွေကတော့ အခုလိုမိုးရာသီဆို အဲဒီလိုခံတပ်ကြီးတွေရှိတဲ့ဆီ trekking သွားကြလေ့ရှိတယ် .. ဘာဖြစ်လို့မိုးရာသီမှသွားလဲဆိုတော့ အပင်တွေကစိမ်းစိမ်းစိုစိုနဲ့ .. လမ်းတစ်လျှောက်လည်း ရေတံခွန်တွေ စမ်းချောင်းတွေနဲ့ အရမ်းကိုလှနေလို့ပေါ့ .. (နွေရာသီဆိုရင်တော့ ခြောက်ကပ်ကပ်နဲ့ သိပ်မလှဘူး) ဒီနေရာလေးကတော့ Maharashtra ပြည်နယ်ထဲမှာရှိတဲ့ .. Torna Fort လို့ခေါ်တဲ့ ခံတပ်နေရာလေးဖြစ်ပါတယ် .. ကားနဲ့ အနီးဆုံးနေရာထိ သွားလို့ရပေမဲ့ .. တမင်ကို trekking…

ဗုဒ္ဓဂါယာ (မိသားစုသီးသန့် ခရီးစဉ်)

အမ်မာ private tour လေးတွေ လုပ်ရတဲ့ ရည်ရွယ်ချက်က .. မိသားစု၊ သူငယ်ချင်း မိတ်ဆွေတွေ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး ခရီးသွားလို့ရအောင်ပါ .. ကိုယ်သွားချင်တဲ့ အချိန်သွားလို့ရတယ် .. ကိုယ်သွားချင်တဲ့နေရာ သွားမယ် .. ကိုယ် သုံးချင်တဲ့ budget ပေါ်မူတည်ပြီး hotel/အစားအသောက် ရွေးချယ်လို့ရပါသေးတယ် .. ခရီးစဉ်တွေအားလုံးက India ကနေ စမှာ ဖြစ်တဲ့အတွက် .. လက်ရှိ ဘယ်နိုင်ငံမှာပဲနေနေ .. အိန္ဒိယကို ကိုယ်တိုင် လေယဉ်လက်မှတ်ဝယ်ပြီး…

India Business Visa

ဒီတစ်ခါတော့ Business Visa အကြောင်းလေးပြောပြမယ် .. သူက တစ်နှစ်သက်တမ်းရှိပြီး .. ရက် ၁၈၀ (၆လ)ဆက်တိုက် နိုင်ငံအတွင်းမှာနေလို့ရတယ် .. ခဏခဏ အဝင်အထွက်လုပ်ရင်လည်း Immigration မှာ မရစ်ဘူး .. ဒါပေမဲ့ သူလည်းပဲ တစ်နှစ်မှာ စုစုပေါင်း ရက် ၁၈၀ ပဲအများဆုံးနေခွင့်ရှိတာပါ .. (ချွင်းချက်အနေနဲ့ ရက်ပိုနေချင်ရင် foreigners registration office မှာသွားပြီး register လုပ်ရတယ် ) Business visa လျှောက်ဖို့အတွက် လိုအပ်တာတွေက…

India Rajasthan Tour

“ဘုရင်များရဲ့မြေ” လို့ အဓိပ္ပါယ်ရတဲ့ ရာဂျစ္စတန်ပြည်နယ် .. ခေတ်အဆက်ဆက် သမိုင်းကြောင်း အစဉ်အလာတွေနဲ့ ဘုရင်များရဲ့ ခံတပ်၊နန်းတော်၊ရဲတိုက်ကြီးတွေအပြင် .. အံ့မခန်း ဗိသုကာလက်ရာမြောက်လှတဲ့ ရှေးဟောင်း အဆောက်အဦးတွေ၊ ဘုရားကျောင်းတွေ နဲ့ stepwell လို့ခေါ်ကြတဲ့ လှေကားထစ် ရေတွင်းကြီးတွေ ရှိရာနေရာ .. အိန္ဒိယနိုင်ငံရဲ့ .. ယဉ်ကျေးမှုအမွေအနှစ်တွေ အများဆုံး ကျန်ရှိနေသေးတဲ့ ပြည်နယ်တစ်ခုဆိုလည်း မမှားပါဘူး .. Golden city လို့ ခေါ်ကြတဲ့ ရွှေရောင်လွှမ်းတဲ့မြို့ Jaisalmer မှာဆိုရင်လည်း သဲကန္တာရထဲ အရမ်းလှတဲ့…

November, December လတွေမှာ ရှိမဲ့ India ခရီးစဉ်လေးတွေပါ ..

၁ # ဗုဒ္ဓဂါယာ (ပွင့်၊ဟော) ၃ညအိပ် ၄ရက် Hotel packages ၂ # ဗုဒ္ဓဂါယာ (ပွင့်၊ဟော၊စံ) ၄ညအိပ် ၅ ရက် Hotel packages ၃ # ဗုဒ္ဓဂါယာ (ဖွား၊ပွင့်၊ဟော၊စံ) ၇ညအိပ် ၈ရက် (Hotel/ဘုန်းကြီးကျောင်း) ၄ # ဒေလီ + တာ့ချ်မဟာ + ပန်းရောင်မြို့တော် ၄ညအိပ် ၅ ရက် ၅ # ဘုရင်များရဲ့မြေ ရာဂျစ္စတန် ပြည်နယ် ၈ညအိပ်…

ဘုရင်များရဲ့မြေလို့ခေါ်ကြတဲ့ ရာဂျစတန် ပြည်နယ် (4 cities)

*ပန်းရောင်မြို့တော် *အပြာရောင်မြို့တော် *ရွှေရောင်မြို့တော် *City of the lakes ခရီးစဉ်လေးမှာ ဘယ်နေရာတွေ ပါဝင်မလဲဆိုတော့ … UNESCO အမွေအနှစ် စာရင်းဝင် ရှေးဟောင်းနန်းတော်ကြီး တစ်ခုဖြစ်တဲ့ Amber Fort ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းလေးတစ်ခုလိုတည်ဆောက်ထားလို့ “ရေနန်းတော်” လို့အမည်တွင်တဲ့ Jal Mahal ပန်းရောင်မြို့တော်လို့ ပြောလိုက်တာနဲ့ မျက်စိထဲပြေးမြင်စေတဲ့ “လေပြေနန်းတော်” Hawa Mahal ရှေးခေတ်မင်းအဆက်ဆက်တို့ နန်းစိုက်နေထိုင်ခဲ့ရာ နန်းတော်တွေဖြစ်တဲ့ Jaipur နဲ့ Udaipur တို့က City Palace တွေ…

OCI ကဒ်ဆိုတာ ဘာလဲ

India Visa service လုပ်တော့ .. တချို့ နားမလည်တဲ့သူတွေက OCI လျှောက်ချင်လို့ပါ ဆိုပြီး လာမေးကြတယ် .. OCI ကဒ်ကိုင်ထားရင် .. India မှာ နှစ်အကန့်အသတ်မရှိ .. နိုင်ငံသားတွေလိုပဲ နေထိုင်ခွင့်ရှိတယ် .. မဲပေးလို့မရဘူး၊လယ်မြေဝယ်လို့မရဘူး၊အစိုးရဝန်ထမ်းလုပ်လို့မရဘူး .. အဲဒါကလွဲရင် ကျန်တာ စီးပွါးရေး ဘာညာ အကုန်လုပ်လို့ရတယ် .. OCI ရဲ့ အရှည်ကောက်က Overseas Citizens of India ပါ .. ပြည်ပရောက်နေတဲ့…

မနာလီကို ကိုယ့်အစီအစဉ်နဲ့ကို သွားချင်တဲ့သူတွေအတွက်ပြောပြပေးပါမယ်

ပထမဆုံး ပြောချင်တာက .. မနာလီပဲ သပ်သပ် သွားချင်တာလား .. ရှင်းမလားပါ ဝင်ချင်တာလား စဉ်းစားပေါ့နော် .. ရှင်းမလားက နှင်းတော့မရှိဘူး .. သူက ဟေမာချယ်ပြည်နယ်ရဲ့ မြို့တော် အရင် အင်္ဂလိပ်ခေတ်က တည်ထားတဲ့ မြို့ဖြစ်လို့ .. မြို့လေးက သေသပ်လှပပြီး ချစ်စရာတော့ ကောင်းပါတယ် .. ကိုလိုနီခေတ် အဆောက်အဦးလက်ရာတွေ တွေ့ရမယ် .. မြို့တော်ဖြစ်လို့ ပိုပြီးတိုးတက်တဲ့ ပုံစံကို မြင်ရမှာပါ .. တချို့ နှင်းပဲမြင်ချင်တာ .. နှင်းမြင်ရရင်…

ကတ်ရှမီးယားကို ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားချင်တဲ့သူတွေအတွက်

ကတ်ရှမီးယားကို ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားချင်တဲ့သူတွေအတွက် အမ်မာတို့သွားခဲ့တဲ့ပုံစံလေးကို ပြောပြပေးမယ်နော် Day 1 Delhi ကနေ Srinagar ကို မနက်လေယဉ်နဲ့စီးပြီး လေဆိပ်ကနေ Sonamarg valley ကိုတစ်ခါတည်းဆက်သွားပါတယ် .. ညနေစောင်းမှာ ရောက်တယ် .. sightseeing အတွက် အချိန်ပိုလိုချင်ရင် စောစောလေယဉ်နဲ့သွားဖို့အကြံပေးချင်တယ် .. အမ်မာတို့ကတော့ ရောက်တာ နည်းနည်း နောက်ကျလို့ ဘယ်မှမသွားတော့ပဲ .. Hotel ပတ်ချာလည်က ရေခဲတောင်ရှုခင်းအလှတွေကိုပဲ ခံစားပြီး ဓါတ်ပုံတွေရိုက်လိုက်တယ် .. ဆောင်းရာသီဆို အဲဒီဟိုတယ်က နှင်းတွေပတ်ပတ်လည်ဖုံးပါတယ်…

ဗုဒ္ဓဂါယာ ဘုရားဖူး ကိုယ်တိုင်သွားမလား .. ဒီပို့စ်လေးဖတ်ကြည့်နော် ..

ဘုရားဖူးရာသီလည်းဖြစ်ပြီးတော့ .. အမ်မာ့ဆီ India visa လာလုပ်တဲ့ customers တွေအများစုကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ဗုဒ္ဓဂါယာကို ဘုရားဖူးလေး သွားချင်ကြတယ်ပြောလို့ .. သွားလို့အဆင်ပြေမဲ့ လမ်းကြောင်းလေးတွေ အမ်မာပြောပြပါမယ် .. ရန်ကုန်ကနေ ဂါယာကို ဒီရာသီမှာ တိုက်ရိုက် လေယဉ်ရှိပေမဲ့ လက်မှတ်ဝယ်ဖို့ မလွယ်ပါဘူး .. ဘုရားဖူး အဖွဲ့တွေ company တွေကိုပဲ အဓိကရောင်းလို့ပါ .. အဲဒါကြောင့်မို့ ကိုယ့်ဖာသာ သွားမယ်ဆိုရင် Kolkata ကနေ တဆင့် ပြည်တွင်းလေယဉ် .. ဒါမှမဟုတ်…

Back to top