Karnak Temple (Luxor)

Karnak Temple ဟာ Egypt မှာရှိတဲ့ အထင်ရှားဆုံးနဲ့ အကျော်ကြားဆုံး ဖာရိုဘုရင်တွေတည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းတစ်ခုဖြစ်ပြီး သက်တမ်းအားဖြင့်နှစ်ပေါင်း ၃၀၀၀ ကျော်လောက်ရှိပြီလို့ ခန့်မှန်းထားကြပါတယ် ..

ဖာရိုတွေခေတ်တုန်းက အလွန်နာမည်ကြီးခဲ့တဲ့ ဘုရင် Ramses II နဲ့ Hatshepsut ဘုရင်မတို့ တည်ထားခဲ့ကြတာပါ .. ဖာရိုဘုရင်တွေဟာ တမလွန်ဘဝကို အလွန်အလေးထားခဲ့သူတွေဖြစ်တာကြောင့် .. သူတို့ မသေခင်မှာရော .. သေဆုံးသွားပြီးချိန်မှာကော ဝတ်ပြုဆုတောင်းလို့ရအောင် ဘုရားကျောင်ဆောင်တွေကို အလွန်ကြီးမားပြီး ခမ်းနားထည်ဝါအောင် တည်ဆောက်ခဲ့ကြပါတယ် ..

ကာနတ် ဘုရားကျောင်းကတော့ Luxor မြို့ နိုင်းမြစ်ရဲ့အရှေ့ဖက်ကမ်းမှာရှိပြီးတော့ အရင်ခေတ်က လူတွေ ပုံမှန်ဝတ်ပြုဆုတောင်းလေ့ရှိတဲ့ နေရာတစ်ခုပါ .. ဒါ့အပြင် နိုင်းမြစ်ရဲ့ အနောက်ဖက်ကမ်းမှာလည်း သေဆုံးပြီးသွားတဲ့အခါ ကျန်ရှိခဲ့တဲ့သူတွေက ဝတ်ပြုဆုတောင်းလို့ရအောင် .. valley of the kings and queens တွေရဲ့ အနီးမှာပဲ .. Hatshepsut ဘုရင်မဟာ သုံးထပ်ကျောင်းဆောင် တစ်ခုကိုလည်း ဆောက်လုပ်ထားပါသေးတယ် ..

ဘုရားကျောင်းတွေတိုင်းမှာ ဘုရင်မရဲ့ ရုပ်ထုတွေနဲ့ sphinxes လို့ခေါ်တဲ့ ခြင်္သေ့ကိုယ်နဲ့ လူခေါင်း ရုပ်ထုတွေအများအပြားကိုလည်း တွေ့းမှာပါ ..

ယနေ့ခေတ်မှာတော့ ခရီးသွားအများစု စိတ်ဝင်စားပြီး အလှဓါတ်ပုံတွေရိုက်လေ့ ရှိတဲ့နေရာကတော့ တိုင်လုံးအကြီးကြီးတွေရှိတဲ့ Hypostyle hall လို့ခေါ်တဲ့နေရာပါ .. ဘာအတွက်ကြောင့်တိုင်လုံးတွေ အဲဒီလောက်များများ တစ်နေရာတည်းမှာ စုထားတာလဲတော့မသိပါဘူး ဒါပေမဲ့တော်တော်လေးလှပါတယ် ..

ဧည့်သည်တွေအလာများပြီး အမြဲလူစည်ကားတဲ့နေရာဖြစ်တာကြောင့် ဓါတ်ပုံအေးအေးဆေးဆေး ရိုက်ချင်ရင်တော့ မနက်ပိုင်းအစောလေး သွားတာပိုအဆင်ပြေပါတယ် .. နေထွက်လာတဲ့အချိန် လည်းပုံရိုက်ရင်ပိုလှပါတယ် .. Emma ကတော့ တစ်ယောက်တည်းသွားတာဖြစ်လို့ tripod တစ်ချောင်းထောက်ပြီး ဓါတ်ပုံတွေစိတ်ကြိုက်ရိုက်လို့ အဲဒီနေရာမှာပဲ တော်တော်ကြာပါတယ် 😅 ..

တခြား လှတဲ့နေရာတွေကတော့ ဘုရင်တွေရဲ့ ရုပ်တုအကြီးကြီးတွေ ရှိတဲ့နေရာပါပဲ .. ဘုရားကျောင်းက အကျယ်ကြီးနဲ့ အခန်းတွေ၊အပိုင်းတွေအများကြီး ရှိတာကြောင့် .. အတွင်းဖက်ထဲရောက်နေတဲ့ တချို့နေရာတွေကို လူတွေသိပ်မသိကြပါဘူး .. အဲဒါကြောင့်တွေ့အောင်ရှာပြီး .. ဓါတ်ပုံလှလှလေးတွေရိုက်ခဲ့နော် ..

Leave a Reply

Your email address will not be published. Required fields are marked *

Back to top