Emma ခရီးသွားနေတာ မပင်ပမ်းဘူးလား ..

ခရီးသွားတာ ကြာပြီဆိုတော့ .. ဘယ်ရောက်ရောက် ကိုယ့်အိမ် ကိုယ့်ရာလိုပဲ .. နေရာအသစ်တစ်ခုမှာ အသားကျဖို့ အရမ်းလွယ်တယ် .. တချို့တွေကထင်တာ Emma ခရီးသွားနေတာ မပင်ပမ်းဘူးလား .. တစ်နေရာပြီး တစ်နေရာ ဆက်တိုက်ပဲတဲ့ .. ကိုယ့်အတွက်ကတော့ နေရာတွေသာ ပြောင်းသွားတယ် .. အထွေအထူးမရှိဘူး .. အိမ်မှာနေသလိုပဲ .. အိပ်တယ် .. ဗိုက်ဆာရင် မုန့်ထွက်စားတယ် .. အသိတွေ့ရင် စကားပြောတယ် (မသိလည်းပြောတယ်) .. လိုင်းပေါ်မှာ စာတွေရေးတင်တယ် …..

Stamp တစ်ခုရဖို့အတွက်နဲ့ခရီးမသွားပါနဲ့

တချို့တွေ travel history လိုချင်လို့ visa stamps တွေရအောင် ခရီးသွားကြတာတော့ မှန်ပါတယ် .. ဒါပေမဲ့ သွားမဲ့သွားတော့ အကျိုးရှိအောင် ရက်လေးနည်းနည်း ကြာကြာနေပြီး လည်ပတ်ကြည့်ပေါ့ .. ပိုက်ဆံအများကြီး မသုံးချင်ဘူးဆိုရင်တောင် ဝင်ကြေးမပေးရတဲ့ public area တွေ .. local market လိုမျိုး .. downtown square .. monument တွေ သွားလို့ရတာပဲလေ .. ကိုယ်နေတဲ့ hotel နားတစ်ဝိုက် လျှောက်သွားကြည့်ရင် နေရာသစ်…

သူများတွေပြောကြတဲ့ minimalist ဆိုတာ

ညီမလေးတစ်ယောက် မန့်မှာလာပြောတော့မှ ကိုယ့်ကိုကိုယ်လည်း ပြန်သတိထားမိတယ် .. ခရီးတွေစသွားကတည်းက 7kg အိတ်ထဲမှာဆံ့တဲ့ အဝတ် ၁၀ စုံလောက်ကလွဲရင် .. ကျန်တာတွေ ဘာမှမရှိဘူး .. အိမ်မှာနေတုန်းကဆို ဖိနပ် ၄၊၅ ရန် .. အိတ် ၄၊၅ လုံးနဲ့ အဝတ်တွေဆိုလည်း ဗီဒိုအပြည့် ဝတ်တာတွေကော မဝတ်တာတွေကော .. လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက သိမ်းထားပြီး တစ်ခါမှ ထုတ်မဝတ်ဖြစ်တာတွေကော အများကြီးပဲ .. ပစ်လည်းမပစ်ရက် ဝတ်လားဆိုတော့လည်းမဝတ် သက်သက်ကို အလုပ်ရှုပ်ခံပြီးသိမ်းထားတာ…

social anxiety အကြောင်း

ဟိုတလောက မင်းသမီးတစ်ယောက်တင်တဲ့ပို့စ် (ဘယ်သူလဲမမှတ်မိတော့လို့) social anxiety အကြောင်းပေါ့ .. ကြည့်လိုက်တော့ လူတော်တော်များများဖြစ်နေကြတာတွေ့တယ် .. ကိုယ်တိုင်လည်း အစတုန်းက ကိုယ့်ကိုကိုယ် introvert.. လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာကိုမကြိုက်ဘူးလို့ထင်ခဲ့ဖူးတယ် .. ဒါပေမဲ့ ကြာလာတော့ “မကြိုက်တာ” မဟုတ်ဘဲ “မတတ်တာ” ဆိုတာကို သတိထားမိပြီး တဖြည်းဖြည်းချင်းဆီနဲ့ ကြိုးစားပြုပြင်ယူလာတာ .. အခုဆို လူစိမ်းတွေနဲ့ စကားပြောရမှာ လုံးဝမကြောက်တော့ဘူး .. ***တချို့လူတွေ တကယ် တစ်ယောက်တည်းပဲ နေချင်တယ် .. နေလို့လည်း အဆင်ပြေတယ်ဆိုတဲ့ သူတွေကတော့…

Vietnam Da Nang ကိုရောက်ရင် ဘယ်တွေလည်မလဲ .. ဘယ်လိုလည်မလဲ ..

ဗီဇာ === ဗီယက်နမ်ကို အလည်လာဖို့အတွက်ဆို ဗီဇာကြိုလျှောက်ဖို့မလိုပါဘူး .. ကင်းလွတ်ခွင့် ရက် ၃၀ ရလို့ အေးအေးဆေးဆေး လည်ဖို့ အချိန်လောက်ပါတယ် .. ( မှတ်ချက် ။ Vietnam ရဲ့ official immigration website မှာတော့ ၁၄ ရက်လို့ ကြေငြာထားပေမဲ့ .. ခုနောက်ပိုင်း ရက် ၃၀ ပေးနေပါပြီ .. ) လေယဉ်လက်မှတ် ========== ရန်ကုန်ကနေ ဒါနန်းလာမယ်ဆို MAI တိုက်ရိုက်လေယဉ်တွေ ရှိပါတယ်…

Hanoi – Ninh Binh – Halongbay

ဗီယက်နမ် (မြောက်ပိုင်း) Hanoi – Ninh Binh – Halongbay (၄ညအိပ် ၅ရက်) ခရီးစဉ် ***Private Tour*** တစ်ဦးလျှင် USD 570 *** လေယဉ်လက်မှတ် မပါဝင်ပါ *** အခုလထဲ August 2025 ကစပြီး September 2025 ထိ booking လက်ခံပေးပါတယ်ရှင့် .. လည်ပတ်မြည့်နေရာများ * Van Mieu (Quoc Tu Giam) * Hoan Kiem…

အပိုင်း (၁၁) + (၁၂)

အပိုင်း (၁၁) ညတုန်းက အိပ်မရလို့ မနက်အစောကြီး ထ .. အပြင်ထွက် လမ်းလျှောက်ဖြစ်တယ် .. အမ်မာတည်းတဲ့ အဆောင်လေးက မြစ်နဲ့ မျက်နှာချင်းဆိုင်မို့ ရှုခင်းကို လှမ်းမြင်နေရတယ် .. ပွဲတော်ရက်မို့ ညနက်တဲ့ထိ လူတွေ အပြင်ထွက် .. ဆိုင်တွေကလည်း နောက်ကျမှ သိမ်းကြလို့ .. မနက်စောစောမှာ လမ်းပေါ်ဘယ်သူမှမရှိဘဲ ရှင်းလင်းနေတယ် .. စည်ပင်က ဝန်ထမ်းတချို့တော့ တံမျက်စည်းလှည်း အမှိုက်သိမ်းနေတာ တွေ့ရတယ် .. ဟုတ်တယ် သူတို့ဆီမှာလည်း တချို့လူတွေက စည်းကမ်းမဲ့…

အပိုင်း (၉) + (၁၀)

အပိုင်း (၉) ပြင်သစ်သူလေးက ကမ္ဘောဒီးယားကို ရောက်နေတာ တစ်လပြည့်တော့မယ် .. သူက အပန်းဖြေခရီးဆိုတာမျိုးထက် .. ပရဟိတအဖွဲ့တွေနဲ့ ချိတ်ပြီး ကလေးတွေကို အင်္ဂလိပ်စာလာသင်ပေးတာ .. ကမ္ဘောဒီးယား တောင်ပိုင်းက ပင်လယ်ကမ်းခြေ မြို့လေးလို့ပြောတယ် .. အမ်မာတော့ မသိဘူး အဲဒီမြို့ကို .. ဒါနဲ့ ကြုံတုန်းပြောရရင် ကမ္ဘောဒီးယား လူတွေ တော်တော်များများက အင်္ဂလိပ်စာကို လည်လည် ဝယ်ဝယ်ပြောတတ်ကြတယ် .. အမ်မာ ဘယ်လို သိလည်းဆိုရင် .. လမ်းသွားရင်းနဲ့ လမ်းမသိလို့ ဖြတ်သွား…

Thailand VS Vietnam

Thailand VS Vietnam ဒီရက်ပိုင်း ဗီယက်နမ်ဗီဇာအကြောင်း လာမေးကြတဲ့သူများလို့လေ .. ပြောပြချင်တာက .. ထိုင်းနဲ့ဘာကွာလဲပေါ့နော် .. ထိုင်းကတော့ မြန်မာအများစုနေချင်ကြတယ် .. အစားအသောက် ယဉ်ကျေးမှုတွေ တော်တော်များများ ကိုယ့်နိုင်ငံနဲ့နီးစပ်တာကိုး .. နောက်ပြီး community တောင့်တော့ မိတ်ဆွေ အပေါင်းအသင်းတွေများများရှိကြတယ် .. Emma ဆိုရင်လည်း ထိုင်းရောက်တာနဲ့ သူငယ်ချင်းတွေ ပတ်တွေ့လို့ ကုန်ကိုမကုန်နိုင်ဘူး .. ရေရှည်နေမယ်ဆို အဲဒီလိုအပေါင်းအသင်းတွေကလည်းလိုတာပေါ့နော် .. ဒါပေမဲ့ Visa ကိစ္စကတော့ တော်တော် ခေါင်းခဲစရာပဲ…

Malaysia နိုင်ငံရဲ့ နာမည်အကြီးဆုံး Touristic နေရာတစ်ခု .. Batu Caves

Batu caves ကို ရောက်ဖူးတဲ့သူတွေကော မရောက်ဖူးလည်း ဓါတ်ပုံတွေ ကြော်ငြာတွေမှာ အမြဲတွေ့ရပေမဲ့ ဘာလဲဆိုတာ သိပ်မသိကြဘူး .. Emma လည်း မရောက်သေးခင်ထိ .. Batu caves က ဘာလဲ .. အထဲမှာဘာတွေရှိလဲ .. ဘယ်လိုနေရာလဲဆိုတ။ မသိခဲ့ဘူး .. အခုသွားပြီးမှ သိတာဆိုတော့ ပြန်ပြောပြပေးမယ်နော် .. တကယ်တော့ Batu Caves က ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေရာတစ်ခု .. India ပြင်ပမှာ ရှိတဲ့…

Back to top