မလုပ်ခဲ့မိတဲ့ အရာတွေအတွက် နောင်တ

အခွင့်အရေးရှိတုန်း လုပ်ချင်တာတွေလုပ် ..

ဖြစ်ချင်တာတွေလုပ်ဖို့ အခုနောက်ပိုင်း တွေ့သမျှလူကို တိုက်တွန်းဖြစ်တယ် ..

တချို့အရာတွေက ပိုက်ဆံရှိတိုင်း လုပ်လို့ရတာ မဟုတ်ဘူး .. ငယ်ရွယ်မှု တို့ .. ကျန်းမာရေးတို့ .. အခွင့်အရေးတို့က လိုသေးတယ် ..

ကိုဗစ်ကာလမှာ ပိုက်ဆံရှိတိုင်း .. ဆေးကုလို့မရတာ .. ခရီးတွေသွားလို့မရတာ .. ချစ်တဲ့သူနဲ့တွေ့ဖို့ အခွင့်အရေး မရတာတွေ ကြုံခဲ့ပြီးပြီ .. အဲဒါ အထင်အရှားဆုံး ဥပမာ တစ်ခု ..

အဲလိုမှမဟုတ်လည်း လူတိုင်းရဲ့ ဘဝက တစ်သတ်မှတ်တည်း ရှိတာမဟုတ်ဘူး.. အမ်မာ လွန်ခဲ့တဲ့ နှစ်တွေတုန်းက .. အလုပ်က remote လုပ်ခဲ့တယ် .. ရုံးတက်စရာ မလိုတဲ့အချိန်မှာ .. အခွင့်အရေးကို အသုံးချခဲ့လို့သာ ခရီးတွေ သွားဖြစ်ခဲ့တာ .. ပုံမှန် ရုံးတက်ရတဲ့ အလုပ်ဆို အဲဒီလိုမျိုး နှစ်နဲ့ချီ အကြာကြီး ခရီးတွေသွားနိုင်မှာမဟုတ်ဘူး ..

နောက်တစ်ခုက လွတ်လပ်နေသေးတာ .. တချို့ အိမ်ထောင်ကျလို့ တာဝန်တွေများလာပြီဆို ကိုယ့်အတွက် ကိုယ်တောင် အချိန်မပေးနိုင်တော့ဘူး .. အိမ်က လူကြီးမိဘတွေ ကျန်းမာရေး မကောင်းရင်လည်း ပြုစုစောင့်ရှောက်ရဦးမှာမို့ အခွင့်အရေးမရှိနိုင်ဘူး ..

ခရီးသွားတာ တစ်ခုတည်းပြောတာတော့ မဟုတ်ဘူး .. ဝါသနာပါရာ .. စိတ်ဝင်စားရာ .. ဘယ်အရာမဆို အခွင့်အရေးရခဲ့ရင် .. ငွေရေးကြေးရေးအတွက် သိပ်နှမြောမနေဘဲ .. လုပ်ဖြစ်အောင် လုပ်ကြည့်လိုက်ပါ .. နောက်မှဆိုတာက မရေရာဘူး .. အခွင့်အရေးဆိုတာ ထပ်ရှိချင်မှ ရှိတော့မှာ ..

ချစ်ချင်တဲ့ သူတွေ့ရင်လည်း ရဲရဲချစ်ပစ်လိူက် .. အဆင်မပြေချိန်ကျ လမ်းခွဲပေါ့ .. ဘာများထူးဆန်းလို့လဲနော် .. အခွင့်အရေး ရတုန်းမလုပ်ခဲ့ရရင်သာ နှမြောဖို့ကောင်းတာ ..

အသိတစ်ယောက် ပြောဖူးတာ ခုထိမှတ်မိတယ် ..

“people only regret for things they didn’t do” တဲ့ …

အသက်ကြီးတဲ့လူတွေ အများစုကို စစ်တမ်းကောက်ကြည့်တဲ့အခါမှာ ..

ငယ်ရွယ်စဉ်က သူတို့မှားခဲ့တာတွေအတွက် နောင်တမရဘူး .. “သူတို့ မလုပ်ခဲ့မိတဲ့ အရာတွေအတွက်ပဲ နောင်တရကြတာများတယ်“ တဲ့ ..

မှားသွားတာက ပြန်ပြုပြင်ဖို့ အခွင့်အရေး ရှိသေးတယ် .. “မလုပ်မိခဲ့တာတွေအတွက်က အစားပြန်မရဘူး”

အခုလိုမျိုး တစ်ကမ္ဘာလုံးမှာ ငြိမ်းချမ်းရေးအတွက် မတည်မငြိမ် ဖြစ်နေတဲ့ ကာလမှာပိုဆိုးတယ် .. လူတွေဟာ ရုပ်ဝတ္တုပစ္စည်းတွေထက် ကိုယ့်ကိုကိုယ်အတွက် mental health အတွက် ပိုပြီး strong and resilient ဖြစ်ဖို့အတွက်ပဲ ရင်းနီးမြှုပ်နှံသင့်တယ် ..

ငယ်ငယ်က သင်ခဲ့တဲ့ စကားပုံ “ပညာရွှေအိုး လူမခိုး” ဆိုသလိုပဲ .. “ပညာ” ဆိုတဲ့ နေရာမှာ .. ကျောင်းပညာရေးအပြင် .. ပြင်ပဗဟုသုတတွေ အတွေ့အကြုံတွေနဲ့ .. soft skills တွေဖြစ်တဲ့ .. လူမှုရေး ပေါင်းသင်းဆက်ဆံရေးနဲ့ မိသားစု .. relationships အကုန်လုံးပါဝင်တယ် .. “love/affection “ ဆိုရင်လည်း ဘယ်သူမှ ခိုးယူလို့မရဘူး .. ကိုယ်ချစ်တဲ့သူတွေကို တန်ဖိုးထား .. သူတို့အတွက် လက်ဆောင်လေးတွေပေးတာ .. စားချင်တာလေးတွေ ကျွေးတာ .. အရှုံးမရှိတဲ့ ရင်းနီးမြှုပ်နှံမှုတစ်ခုပဲ .. တစ်ခုပဲ .. အပေးအယူသဘောမျိုးနဲ့ ဘာပြန်ရမလဲတော့ မကြည့်နဲ့ပေါ့ ..

ခက်ခဲနေတဲ့သူတွေကို ကူညီပေးတာ .. နောက်ဆုံး တိရစ္ဆာန်လေးတွေကို အစာကျွေးတာကအစ .. ကိုယ့်ရဲ့ mental health ကိုလည်း အကျိုးပြုသလို တစ်ဖက်ကလူအတွက်လည်း အကျိုးရှိတာ .. win-win ပေါ့ .. အဲဒီလိုပြောလို့ ရှိသမျှပိုက်ဆံ အကုန် ထုတ်သုံးခိုင်းနေတာတော့ မဟုတ်ပါဘူး .. စီးပွါးရေးလုပ်ပြီး မဆုံးရှုံးအောင် လုပ်တတ်တဲ့ သူကလုပ်ပေါ့ .. အဲဒီလို မလုပ်ဘဲ .. မစားရက် မသောက်ရက်နဲ့ လက်ထဲ ငွေထုပ်ပိုက်ထားရင်း .. တန်ဖိုးတွေကျတော့ အရင်က လုပ်နိုင်မဲ့ အရာတွေတောင် အခု မလုပ်နိုင်တော့ဘူးဖြစ်မှာ ..

Leave a Reply

Back to top