India Rajasthan Tour

“ဘုရင်များရဲ့မြေ” လို့ အဓိပ္ပါယ်ရတဲ့ ရာဂျစ္စတန်ပြည်နယ် ..

ခေတ်အဆက်ဆက် သမိုင်းကြောင်း အစဉ်အလာတွေနဲ့ ဘုရင်များရဲ့ ခံတပ်၊နန်းတော်၊ရဲတိုက်ကြီးတွေအပြင် .. အံ့မခန်း ဗိသုကာလက်ရာမြောက်လှတဲ့ ရှေးဟောင်း အဆောက်အဦးတွေ၊ ဘုရားကျောင်းတွေ နဲ့ stepwell လို့ခေါ်ကြတဲ့ လှေကားထစ် ရေတွင်းကြီးတွေ ရှိရာနေရာ ..

Golden city
Golden city

အိန္ဒိယနိုင်ငံရဲ့ .. ယဉ်ကျေးမှုအမွေအနှစ်တွေ အများဆုံး ကျန်ရှိနေသေးတဲ့ ပြည်နယ်တစ်ခုဆိုလည်း မမှားပါဘူး ..

Golden city လို့ ခေါ်ကြတဲ့ ရွှေရောင်လွှမ်းတဲ့မြို့ Jaisalmer မှာဆိုရင်လည်း သဲကန္တာရထဲ အရမ်းလှတဲ့ နေဝင်ဆည်းဆာအချိန်ကို ကြည့်လို့ရမယ် .. ညဖက်မှာ star gazing လုပ်လို့ရတဲ့ camp ⛺️ လေးတွေလည်းရှိတယ် ..

ဒီ ခရီးစဉ်လေးကိုသွားချင်တယ်ဆိုရင်တော့ .. အနည်းဆုံး ၉ ရက်အချိန်ပေးရပါမယ် ..

ခရီးစဉ်လေးက မြို့တော် ဒေလီကနေ စတင်ပြီး .. ဒေလီ လေဆိပ်မှာပဲ ပြီးဆုံးမှာ ဖြစ်ပါတယ် ..

(Delhi sightseeing မပါဝင်ပါဘူးရှင့်)

ဒါပေမဲ့ Private Tour ဖြစ်တဲ့အတွက် .. ဧည့်သည်တွေအနေနဲ့ .. Delhi နဲ့ Taj Mahal ရှိတဲ့ Agra ကိုပါ ထပ်ပြီး သွားချင်သေးတယ်ဆိုရင်လည်း စီစဉ်ပေးပါတယ် ..

ဒီ tour လေးတွေကတော့ အခုလာမဲ့ November လကနေ စပြီး သွားလည်လို့ ရပါပြီ.. အဲဒီအချိန်တွေက လည်ပတ်ဖို့အတွက် အကောင်းဆုံးရာသီဥတုရှိတဲ့ အချိန်ဖြစ်လို့ပါ..

ဒီထက်ပိုပြီး အသေးစိတ် သိချင်ရင်တော့ messenger ကနေ ဆက်သွယ် ဆုံးစမ်းလို့ရပါတယ်ရှင့် ..

Leave a Reply

Back to top