“သစ်တောကြီး တစ်ခုလုံး ဂူထဲမှာရှိနေတဲ့ ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူကြီး Hang Sơn Đoòng”
အမ်မာ ဒီဂူကြီးအကြောင်းကို နိုင်ငံခြားသား ခရီးသွား bloggers တွေရဲ့ talkshow တစ်ခုမှာ စသိခဲ့တာတော့ ကြာပါပြီ ..
စိတ်ဝင်စားလို့ Google map မှာတည်နေရာကိုရှာကြည့်တော့ လာအိုနဲ့ ဗီယက်နမ် နယ်စပ်နေရာမှာရှိတာ .. တချို့ပြောကြတာတော့ လာအိုဖက်က သွားလည်းရပါတယ်တဲ့ .. ဒါပေမဲ့ သာမန်လူတွေ သွားဖို့ မလွယ်ကူပါဘူး ..
အဲဒီဂူရဲ့ အကျယ်အဝန်းဟာ အထပ် ၄၀လောက်မြင့်တဲ့ မိုးမျှော်တိုက်ကြီး တစ်ခုလုံးကို ဂူထဲထည့်ထားလို့ရအောင် ကျယ်ပါတယ် .. လေယဉ်ပျံတစ်စီးစာလောက်လည်း ဆံ့တယ် .. အဲဒါကြောင့်မို့လည်း ဂူရဲ့အတွင်းပိုင်းမှာ ပေါက်ရောက်နေကြတဲ့ Rainforest ကြီးတွေရယ် .. မြစ်ချောင်း ၊ရေကန်တွေလည်းရှိပါသေးတယ် ..

ဂူရဲ့အတွင်းပိုင်းမှာ တခြားကမ္ဘာငယ်လေး တစ်ခုလိုပဲ တည်ရှိတာကြောင့် “ဧဒင်ရဲ့ဥယျာဉ်” လို့တောင် တင်စားခေါ်ကြပါတယ် ..
အဲဒီ ဂူကြီးထဲကို သွားရောက်ဖို့ဆိုရင် .. အနည်းဆုံး ၄ ရက်လောက် အချိန်ပေးပြီးသွားရမှာဖြစ်ပြီး သွားလာရေးခက်ခဲတာကြောင့် .. ကျွမ်းကျင်ပြီးသား training ရှိပြီးသားသူတွေမှပဲ အဆင်ပြေမှာပါ .. ဒါတောင် တစ်နှစ်လုံးမှာ tourist အရေအတွက် ၁၀၀၀ ပဲခွင့်ပြုလို့ .. စိတ်ဝင်စားလို့ သွားချင်ရင်တော့ တစ်နှစ််လောက် ကြိုပြီး booking လုပ်ထားရမှာဖြစ်ပြီးတော့ ကုန်ကျစာရိတ်ကလည်း USD 3000 လောက်ကျသင့်ပါမယ် .. ဘာဖြစ်လို့လဲဆိုတော့ .. ဂူထဲကို သွားတဲ့အခါမှာ ကျွမ်းကျင်တဲ့ ဒေသခံ guide ရယ် .. ဝန်ထမ်းတွေရယ်အပြင် .. safety equipment တွေ .. အထဲမှာ အိပ်ဖို့ ၊စားဖို့အတွက် ပစ္စည်းရိက္ခာတွေ အကုန်လုံး tour company ဖက်က စီစဉ်ပေးရမှာမို့ပါ ..
အမ်မာလည်း အဲဒီဂူကြီးထဲ အခုထိတော့ မရောက်ဖူးသေးပါဘူး .. သွားတော့ သွားချင်မိတယ် .. ဒါပေမဲ့လည်း လမ်းခရီးအခက်အခဲရယ် .. စျေးအရမ်းကြီးလွန်းတာရယ်ကြောင့် .. မသွားဖြစ်ဘဲ .. ဓါတ်ပုံလေးတွေကိုတော့ Google ကနေပဲ ရှာပြီးတင်ပေးလိုက်တာပါ .. အရမ်းစိတ်ဝင်စားဖို့ကောင်းလို့ပါ ..
Adventure ကိုစိတ်ဝင်စားတဲ့သူတွေ .. training လည်းရှိတယ် .. USD 3000 လည်း သုံးနိုင်တယ်ဆိုရင်တော့ သွားဖြစ်အောင် သွားကြည့်ကြပေါ့နော် .. သွားပြီးတဲ့သူတွေ ပြန်ပြောတာတော့ အရမ်းမိုက်တဲ့ အတွေ့အကြုံပါပဲတဲ့ .. ဒီထပ်ပိုပြီး သိချင်ရင်တော့ YouTube မှာ Hang Sơn Đoòng ဆိုပြီး video တွေရှာကြည့်လို့ရပါတယ် ..
သွားပြီးသွားရင်လည်း ပြန်ပြောပြဦးနော် ![]()

