*ပန်းရောင်မြို့တော်
*အပြာရောင်မြို့တော်
*ရွှေရောင်မြို့တော်
*City of the lakes

ခရီးစဉ်လေးမှာ ဘယ်နေရာတွေ ပါဝင်မလဲဆိုတော့ …
UNESCO အမွေအနှစ် စာရင်းဝင် ရှေးဟောင်းနန်းတော်ကြီး တစ်ခုဖြစ်တဲ့ Amber Fort
ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းလေးတစ်ခုလိုတည်ဆောက်ထားလို့ “ရေနန်းတော်” လို့အမည်တွင်တဲ့ Jal Mahal
ပန်းရောင်မြို့တော်လို့ ပြောလိုက်တာနဲ့ မျက်စိထဲပြေးမြင်စေတဲ့ “လေပြေနန်းတော်” Hawa Mahal
ရှေးခေတ်မင်းအဆက်ဆက်တို့ နန်းစိုက်နေထိုင်ခဲ့ရာ နန်းတော်တွေဖြစ်တဲ့ Jaipur နဲ့ Udaipur တို့က City Palace တွေ ..
နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ အနက်ရှိုင်း အကြီးမားဆုံး လှေကားထစ် ရေတွင်းတွေထဲက တစ်ခုဖြစ်တဲ့ Chand Baori
ရှေးဟောင်း နန်းတော် အဆောက်အဦးတွေရဲ့အလှနဲ့ အတူယှဉ်တွဲပြီး တွေ့ရမဲ့ .. Pichola Lake & Fateh Sagar Lake
အပြာရောင်မြို့တော် Jodhpur ရဲ့အလှနဲ့ တောင်ကုန်းအမြင့်ပေါ်မှာ ခန့်ညားထည်ဝါစွာ မြင်တွေ့ရမဲ့ Meharangarh fort
ရွှေရောင်မြို့တော်ရဲ့ ရွှေရောင်သန်းတဲ့ နေဝင်ချိန်ကို အလှပဆုံးမြင်တွေ့ရမဲ့ Gadisar Lake
အသက်ရှင်နေဆဲ ခံတပ်ကြီး “living fort” လို့ ခေါ်တွင်တဲ့ .. Jaisalmer မြို့က ယနေ့ထိတိုင် လူတွေ နေထိုင်နေကြဆဲ ခံတပ်ကြီး ..
သဲကန္တာရ vibe ကို အပြည့်အဝ ခံစားပြီး .. ညဖက် camping လုပ်ကာ ကြယ်တွေကိုကြည့်ရင်း ရာဂျစတန်ရိုးရာ သီချင်းတွေ အက၊အလှတွေကို ခံစားနိုင်မဲ့ နေရာလေး ..
ဒါအပြင် အခြားသော အံ့မခမ်း အနုပညာမြောက် ဗိသုကာလက်ရာတွေ နဲ့ .. ယဉ်ကျေးမှု အမွေအနှစ်တွေ .. လက်မှုပစ္စည်းတွေ နဲ့ ရိုးရာ အစားအသောက်တွေကိုပါ ခံစားလေ့လာခွင့်ရမဲ့ ခရီးစဉ်လေး တစ်ခုပါ .. ![]()
ဒီထက်ပိုပြီး အသေးစိတ် သိချင်ရင်တော့ facebook messenger ကနေ ဆက်သွယ် ဆုံးစမ်းလို့ရပါတယ်ရှင့် ..
