Google map က ဆေး

Google map က ဆေးထိုးတာ ခဏခဏကြုံဖူးပေမဲ့ … Egypt 🇪🇬 မှာတုန်းကတော့ အဆိုးဆုံးပဲ …

ပိရမစ်တွေအများကြီးရှိပေမဲ့ .. Giza pyramid garden ထဲက ပိရမစ်တွေလောက်ပဲ အပြင်လူပေးဝင်တာ .. ကျန်တာတွေက ဝင်ခွင့်မရှိဘူး .. ကန့်သတ်ထားတယ် .. (ဇာတ်လမ်းတွေထဲကလို ရတနာသိုက်ရှိလို့လားတော့မသိ 😂)

အဲဒါကို ကိုယ်ကလည်း စပ်စပ်စုစု မြေပုံမှာရှာပြီး လူမသွားတဲ့နေရာတွေလျှောက်သွားတာ .. ဖုန်းကြည့်ပြီး ငိုက်စိုက် ငိုက်စိုက်နဲ့ ကန့်သတ်နယ်မြေထဲဝင်သွားတာ .. စစ်တပ် အစောင့်ချထားတာ မမြင်ဘူး .. 😅

အဲဒါနဲ့ သူတို့တွေ နောက်က ကားနဲ့လိုက်လာပါလေရော .. အဲဒါလည်း ချက်ချင်းမသိသေးဘူး .. ဘာလို့လဲဆိုတော့ ကိုယ်က လမ်းလျှောက်သွားတာ .. သူတို့က ကားနဲ့လိုက်တာဆိုတော့ လမ်းပြောင်းပြန်ကြီးဖြစ်နေလို့ .. အဝေးကြီး ပတ် U turn ကွေ့ပြီးမှ ကိုယ့်ဆီ ရောက်လာတာ .. (အဲဒီကဟာတွေ လမ်းစည်းကမ်းတော့ လိုက်နာသား 😂)

စစ ချင်း အနားမှာ ကားလာရပ် စကားပြောတော့ ကြောင်သွားတာ .. ဘာတွေပြောနေတာလဲ နားလည်ဘူး .. ကိုယ်က English လိုပြန်ပြောတော့ သူတို့လည်း နားမလည်နဲ့ .. (ကိုယ့်ကို FBI agent တွေ ဘာတွေ ထင်သွားလားမသိ 😂)

ဖုန်းစစ်မယ်တဲ့ ဆိုတော့ ဖွင့်ပြလိုက်တာ .. ကြောင်ပုံတွေချည်းပဲ .. ဟုတ်တယ်လေ အီဂျစ်မှာလည်း ကြောင်အရမ်းပေါတာ .. ပြီးတော့ သူတို့ ကြောင်တွေက အမွှေးဖားဖားကြီးတွေနဲ့ အရမ်းလှတော့ လမ်းမှာ တွေ့သမျှအကုန် လိုက်ရိုက်ထားတာ ..

အဲဒီတော့မှ အော်ကြောင်ရူးပဲ စပိုင်တော့ မဖြစ်နိုင်လောက်ဘူးဆိုပြီး .. ရပြီဆိုပြီး ဖုန်းပြန်ပေး ပြီး ပြန်လှည့်သွားကြတယ် .. 😂

အဲဒီဆေးကတော့ Google map ကထိုးသမျှထဲမှာ အကြီးဆုံးပဲ .. Egypt 🇪🇬 ကလည်း sitတပ် အုပ်ချုပ်တဲ့ နိုင်ငံဆိုတော့ .. သွားရင် လာရင် အဲဒါလေးတွေတော့ သတိထားသွားပေါ့နော် .. ကိုယ့်လို စပ်စပ် စုစုတွေ မလုပ်နဲ့ .. 😅

Leave a Reply

Back to top