UAE နဲ့ တခြား Middle East ဖက်ကလူတွေ .. လာမေးကြလို့

ဒီရက်ပိုင်း တချို့ UAE နဲ့ တခြား Middle East ဖက်ကလူတွေ .. လာမေးကြတာရှိတယ် .. တခြားနိုင်ငံတစ်ခုမှာ ခဏနေရင်း အလုပ်ပြန်ရှာမယ် .. ဘယ်မှာ နေတာအဆင်ပြေမလဲပေါ့ ..

တချို့ကလည်း India မှာခဏသွားကြတယ် .. တချို့ကလည်း Vietnam ပေါ့ .. အဲဒီနိုင်ငံ ၂ ခုကပဲ visa အလွယ်ဆုံးနဲ့ နေထိုင်ခွင့် အကြာဆုံးပေးထားတာ .. Visit အတွက်ကိုနော် ..

ကိုယ်က ရှေ့ဘာဆက်လုပ်ရမလဲ plan အတိအကျမရှိသေးဘူး .. ဘယ်လောက် ကြာနိုင်လဲ အတိအကျမသိဘူး ဆိုရင်တော့ .. ရေရှည်အတွက် စဉ်းစားပြီး Visa ကိစ္စ သိပ်စိတ်မပူရတဲ့ နေရာမှာပဲ နေဖို့သင့်တယ် ..

ဒါပေမဲ့ တစ်ခုရှိတာက ဒီလို နိုင်ငံတွေမှာကတော့ အလုပ်ရှာဖို့ အလုပ်လုပ်ဖို့တော့ အဆင်မပြေဘူး .. သူတို့ local တွေတောင် သူတို့လူနဲ့သူတို့ အလုပ်မလုပ်ကြတဲ့သူတွေအများကြီးပဲ .. India ကတော့ လူဦးရေများပြီး အလုပ်ရှားလို့ ..

Vietnam ကတော့ မြို့ကြီးတွေကလွဲရင် ကျန်တဲ့နေရာတွေက အရမ်း slow pace ဖြစ်တယ် .. ဘယ်သူမှ အလုပ်မလုပ်ဘဲ မိုးလင်းမိုးချုပ် ကော်ဖီဆိုင်ထိုင် အေးဆေးပဲ .. သာသာယာယာနဲ့ vibe ကတော့ မိုက်တယ် 🤭

ခုဏ visa ကိစ္စဆက်ပြောမယ်ဆိုရင် ..

၂ နိုင်ငံ စလုံးက Tourist Visa နဲ့ ရက် ၉၀ ထိ နေလို့ရတယ် ..

India ကတော့ Visa ကြေးပေးဖို့မလိုဘူး ..

Vietnam ကတော့ 25 $ ပေးရတယ် ..

တချို့ကလည်း India မကြိုက်ဘူး Vietnam သွားချင်တဲ့သူက သွားပေါ့ .. တစ်ယောက်နဲ့ တစ်ယောက်မတူဘူး ..

ဒါပေမဲ့ UAE ကနေ ဆိုရင်တော့ India က လေယဉ်လက်မှတ် အသက်သာဆုံးပဲ ..

နေထိုင် စားသောက်စာရိတ်ကတော့ ကိုယ်သွားတဲ့ မြို့ပေါ်မူတည်ပြီး ကွာနိုင်တယ် .. မြို့ကြီးတွေဆို စာရိတ်ပိုများပြီးတော့ နယ်မြို့လေးတွေဆို သက်သာတယ် ..

၂ နိုင်ငံစလုံးက သွားစရာ နေရာတွေ အများကြီးပဲမို့ ဘယ်သွားမလဲဆိုတာကတော့ ကိုယ့်ဖာသာကိုယ် Google ခေါက် AI ကိုမေးပြီးတော့ ဆုံးဖြတ်ပေါ့နော် .. ကိုယ်နဲ့သင့်တော့မယ်ထင်တာ ကိုယ်အသိဆုံးပဲမို့ “အမ ကျွန်တော်ဘယ်သွားရမလဲ” ဆိုပြီးတော့တော့ လာမမေးနဲ့ပေါ့ 😂 ..

နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ .. India မှာဆိုရင် Tourist Visa နဲ့က တစ်ခါနေရင် ရက် ၉၀ .. တစ်နှစ်ပတ်လုံးမှာ ရက် ၁၈၀ ပဲအများဆုံး နေထိုင်ဖို့ ကန့်သတ်ထားတာရှိတယ် .. ၁၈၀ ထက်ပိုပြီး နေလို့မရပါဘူး ..

Vietnam ကတော့ အဲဒီလို ကန့်သတ်ချက်မရှိလို့ ရက် ၉၀ ပြည့်တိုင်း တစ်ခေါက် border bounce လုပ်ပြီး ပြန်ပြန်ဝင်လို့ရတယ် ..

Immigration အနေနဲ့ ပြောရင်တော့ Vietnam မှာတော့ အခုထိ အဝင်အထွက် ရစ်တာ ဘာညာမရှိပါဘူး ..

India ကတော့ လေဆိပ်တွေလည်းအများကြီး ဆိုတော့ ကိုယ်သွားတဲ့ မြို့နဲ့ Immigration officer ပေါ်မူတည်ပြီး အတိအကျတော့ ပြောလို့မရဘူး ..

Emma ဆိုရင်တော့ အခေါက်ခေါက် အခါအခါသွားနေတာ တစ်ခါမှ ရစ်ခံမထိပါဘူး .. မေးခွန်းတွေ မေးရင်လည်း ကောင်းကောင်းမွန်မွန်ပြန်ဖြေ အကုန်အဆင်ပြေတယ် .. (ကိုယ်ကပဲ ကံကောင်းနေလို့လားတော့မသိ ဘယ်နိုင်ငံပဲသွားသွား တစ်ခါမှ အရစ်မခံရဖူးဘူး)

ဒါပေမဲ့ လိုင်းပေါ်မှာ ဟာသပြောပြောနေကြသလိုပဲ India is not for beginners ပါ .. ခရီးသွားနေကျ .. သွားစ လာစမရှိရင်တော့ မသွားတာ ကောင်းပါတယ် ..

Emma ကတော့ India မှာ သူငယ်ချင်းတွေကော အလုပ်ကိစ္စရော ရှိတာမို့ Tour season ၆ လလောက်နေပြီး .. နောက် ၆ လကိုတော့ Vietnam မှာ ၃ လရယ် တခြားနိုင်ငံတွေရယ် ပတ်သွားပြီးနေလို့ တစ်နှစ် အချိန်ကုန်သွားတယ် ..

(ခရီးစာရိတ်တွေ ဘာတွေသိပ်တွက်စရာမလိုဘူးဆိုရင်တော့ Bali လို Philippines လိုနေရာတွေမှာလည်း ရက် ၃၀ စီ သွားနေလို့ရသေးတယ် .. ဒါပေမဲ့ အဲဒီ နှစ်နေရာစလုံးက ကျွန်းတွေဖြစ်လို့ border bounce လုပ်ဖို့တော့ မလွယ်ဘူး လေယဉ်နဲ့ပဲ သွားမှ အဆင်ပြေတာ .. နောက်တစ်ခုက ခဏခဏ သွားနေရင် တော့ Immigration က ရစ်နိုင်ပါတယ်)

ဆိုတော့ကာ ခုဏပြောတဲ့ India , Vietnam ၂ နိုင်ငံပေါ့ .. လောလောဆယ်မှာ အဆင်အပြေဆုံးပဲ ..

Visa ကိုယ်တိုင်တင်ချင်ရင်လည်း YouTube မှာ video တင်ပေးထားလို့ ကြည့်ပြီး လိုက်လုပ်လို့ရသလို .. service အပ်ချင်ရင်လည်း လက်ခံပါတယ် .. လိုအပ်တဲ့ အချက်အလက်တွေကိုတော့ message box ကနေပဲ စုံစမ်းပေးပါရှင့်

Leave a Reply

Back to top