အချစ်ဆိုတာ .. ချစ်နေတာလေးပဲ ..

Screenshot

“တစ်ဘဝလုံးစာ တစ်ယောက်တည်းချစ်တယ်” ဆိုတဲ့ဟာကိုတော့ အယုံကြည်မရှိဘူး ..

လူတိုင်းရဲ့ ဘဝမှာ တစ်ယောက်ထပ်မကတော့ ချစ်ဖူးခဲ့တာချည်းပဲ .. ဒါပေမဲ့ ချစ်တဲ့ lvl အနေအထားခြင်းတော့ မတူနိုင်ဘူးပေါ့လေ ..

တစ်ချို့ကျတော့လည်း ချစ်သူရည်စားအဆင့်ထိ ရောက်တာရှိသလို .. တချို့တွေကျတော့ ကျိတ်ချစ် crush နေတဲ့ အနေအထားမှာတင် ပြီးဆုံးသွားတဲ့ ဇာတ်လမ်းတွေလည်း ရှိတာပေါ့ ..

အိမ်ထောင်ဖက် လက်တွဲဖော်ကျတော့ .. “အချစ်”ဆိုတာထက် .. နှစ်ဦးနှစ်ဖက် အတူနေဖို့ အဆင်ပြေလို့ ရွေးချယ်ကြတာများတယ် ..

ဒါပေမဲ့ အများစုက အဲဒါကို လက်မခံချင်ကြဘူး ..

မအောင်မြင်ခဲ့တဲ့ အချစ်ဇာတ်လမ်းတွေမှာ ငါကတော့ တကယ်မချစ်ခဲ့ပါဘူး ဆိုပြီး စိတ်ဖြေကြတာများတယ် ..

နောက်ထပ် အရေးကြီးတဲ့ တစ်ချက်က “အချစ်မှာလည်း expired ရှိတယ်” အချိိန် အနည်းအများ .. ဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ဘူးပေါ့ .. အပေါ်မှာ ပြောထားသလို ချစ်တဲ့ lvl လည်း ကွာသေးတာကို ..

ငယ်ငယ်က ချစ်ခဲ့ဖူးပေမဲ့ အခုမချစ်တော့တဲ့သူတွေလည်းရှိတယ် .. အဲဒါ ”အချစ်မစစ်ခဲ့လို့မဟုတ်ဘဲ သက်တမ်းကုန်ဆုံးသွားလို့သာဖြစ်တယ် “

“ချစ်နေစဉ်အချိန်တုန်းကတော့ တကယ်ချစ်ခဲ့ကြတာချည်းပါပဲ”

တကယ်တော့ “အိမ်ထောင်ရေး နဲ့ အချစ်” ဆိုတာ လုံးဝ မသက်ဆိုင်တဲ့ အကြောင်းအရာ ၂ ခု ..

“အိမ်ထောင်ရေး”ကျတော့ project တစ်ခုကို နှစ်ယောက်ပေါင်းပြီး လုပ်တာနဲ့ တူတယ် .. ကြိုးစားရတယ် .. နားလည်ပေးရတယ်.. ညှိနှိုင်းရတယ် .. အောင်မြင်/ကျရှုံး ဘာဖြစ်ဖြစ်၂ ဦးစလုံးနဲ့ သက်ဆိုင်တာကိုး ..

“အချစ်”ဆိုတာကျတော့ .. နီးနီးဝေးဝေး .. အတူရှိရှိ မရှိရှိ .. တစ်ဖက်လူက ပြန်ချစ်ချစ် မချစ်ချစ် .. ကိုယ့်ဖက်က ချစ်နေလို့ရတယ် .. အောင်မြင်တယ်/ရှုံးနိမ့်တယ်ဆိုတာ အချစ်မှာမရှိဘူး ..

အချစ်ဆိုတာ .. ချစ်နေတာလေးပဲ ..

Leave a Reply

Back to top