Positive vibe ရှိတဲ့သူဆိုတာ

ဘယ်အရာပဲဖြစ်ဖြစ် လုပ်ကြည့်လိုက်လို့ အရှုံးမရှိဘူး

* သူများအကြောင်းတွေ စိတ်မဝင်စားဘူး

* ကိုယ်လုပ်စရာရှိတာလုပ်တယ် အများကြီး မျှော်လင့်ချက်မထားဘူး

* ဖြစ်လာသမျှ အရာတိုင်းကို အကောင်းဖက်ကဘဲတွေးပြီး ကျေနပ်လက်ခံတတ်တယ်

* ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်တယ် overthinking မဖြစ်ဘူး

* တခြားလူတွေအထင်ကြီးအောင် လို့လည်း လိုက်မနေပြဘူး

* ဘေးလူတွေရဲ့ ဝေဖန်တိုက်ခိုက်မှုကိုလည်း ဝမ်းနည်းခံစားမနေဘူး ၊ မတုံ့ပြန်ဘူး

* ကိုယ့်ဘဝရဲ့ ဖြစ်တည်မှု အရှိကိုအရှိအတိုင်းပဲလက်ခံထားတယ် .. insecurity တွေမရှိဘူး ..

* သူတို့ဖက်က တစ်ခုခုပေးလိုက်ရလို့ .. အကျိုးအမြတ်ပြန်ရပါစေတော့ လို့လည်းတွေးမထားတတ်ဘူး ..

* အရေးအကြီးဆုံးအချက်က ပစ္စုပ္ပန်ကာလမှာပဲ ရှင်သန်နေထိုင်တယ် .. အတိတ်အတွက် နောင်တမရသလို အနာဂတ်အတွက်လည်း မစိုးရိမ်တတ်ဘူး ..

အဲဒီ လိုသူဖြစ်နိုင်ရင် အရမ်းကောင်းတယ် ..

(ငါကတော့ မဖြစ်နိုင်ဘူး .. 😅 overthinking & over talking လွန်းလို့ 🤭)

Leave a Reply

Back to top