လူတွေကိုပြောချင်တာက ကမ္ဘာကြီးအကြောင်း သိချင်ရင် ကိုယ်တိုင်သွားကြည့်ပါ ..

social media bias တွေက ကောင်းတာတင်ချင်လည်း ရသလို .. မကောင်းချည်း တင်ချင်လည်းရတယ် (တချို့ content creator တွေ engagement များများ ရအောင် ဒီနည်းကိုသုံးကြတယ် ) တကယ်တော့ လောကကြီးမှာ အကောင်းအဆိုးက အမြဲဒွန်တွဲနေတာ .. social media က သတင်းတွေ .. သူများတွေ ပြောစကားနဲ့ လိုက်ယောင်မနေပါနဲ့ .. အမ်မာ အခု blog တွေတင်တယ် .. အဲဒါတွေကလည်း 100% မပြည့်ဝဘူး…

India ကို ဘယ်လိုစသိတာလဲ ?

ညနေ ကားစီးဖို့ စောင့်ရင်း .. ဘာမှလုပ်စရာမရှိလို့ .. ဒါလေးထိုင်ရေးဖြစ်တာ .. India ကို ဘယ်လိုစသိတာလဲ ? ဆိုရင် တခြား သူတွေတော့ မပြောတတ် အမ်မာကတော့ ဇာတ်လမ်းတွေထဲက စသိတာ .. (အရင် အိန္ဒိယဆိုတဲ့ နာမည်ကိုသာ သိတာ အိန္ဒိယအကြောင်းတွေ culture တွေ ကိုကျတော့ ဇာတ်လမ်းတွေကြည့်လို့ စိတ်ဝင်စားသွားတာ) အထူးသဖြင့် ကတ်ရှမီးယားလို နေရာမျိုးပေါ့ .. ငယ်ငယ်က ကြည့်ဖူးတဲ့ အိန္ဒိယ ဇာတ်လမ်းတွေ တော်တော်များများမှာ ပါတယ်…

ကန်ချနာဘူရီ

ကန်ချနာဘူရီ ခရီးလေးအကြောင်း တင်ပေးပါဆိုပြီး ဘယ်သူမှလာမပြောလို့ ကိုယ့်ဖာသာကိုယ်ပဲ တင်ပေးလိုက်ပြီ အမ်မာတို့က ဘန်ကောက်ရော ၊ ကန်ချနာဘူရီကော ဆိုရင် ၁၀ ရက်လောက်နေခဲ့တာဆိုတော့ .. ပို့စ် အရမ်းရှည်သွားမှာစိုးလို့ ဘန်ကောက်အကြောင်း ထည့်မပြောတော့ဘူး .. အားလုံးလည်း သိပြီးသားတွေများမှာပါ .. ကန်ချနာဘူရီကိုတော့ ရထားစီးသွားရင် Thunburi station ကနေ စစီးရတယ် .. မနက် 7:45 am မှာ ရထားထွက်လို့ .. 7:15 am လောက်မှာ ကြိုရောက်ပြီး လက်မှတ်ဝယ်…

India မှာ ဆေးကုတယ်ဆိုတာ

India မှာ ဆေးကုတယ်ဆိုတာ အစက အရမ်းခက်မယ်ထင်ထားတာ .. ၂ ခါလောက်သွားပြီးတော့ ဘာမှ ထွေထွေ ထူးထူးမရှိမှန်းသိသွားတယ် .. အမ်မာ သွားပြတာကလည်း ရောဂါကြီးကြီးမားမားလည်း မဟုတ်တာပါမှာပေါ့.. ပထမ တစ်ခါ period ကြောင့် ဗိုက်အရမ်းအောင့်လို့ သွားစစ်တာ .. သူများတွေလို အလုံးရှိတာ ဘာညာ ဖြစ်မှာစိုးလို့ .. စစ်ကြည့်လိုက်တော့ မရှိဘူးရယ် .. သွေးစစ်၊ဆီးစစ် ၊ ultrasound ရိုက်တာ အများဆုံး မြန်မာငွေနဲ့ တစိသိန်းကျော်ကျော်ပဲကျတယ် .. သောက်ဆေးပါ…

India မှာ ပထမဆုံး ဆေးခန်းပြတဲ့ အတွေ့အကြုံ ..

ကျန်းမာရေးပြသနာ ကြီးကြီးမားမားတော့ မရှိပေမဲ့ .. လတိုင်း period ဖြစ်ရင် ကိုက်ခဲလို့ သွားပြဖြစ်တာ .. ကိုက်တာ ခဲတာက ပုံမှန်ပဲဆိုပေမဲ့ .. အမျိုးသမီးတွေ တော်တော်များများ ဖြစ်တတ်တဲ့ သားအိမ်အလုံးတည်တာတို့ .. ရေအိတ်ဆိုလား ဘာလား ကိုယ်လည်းသေချာတော့မသိဘူး .. ခဏခဏ ကြားဖူးနေလို့ .. တစ်ခုခုဆို ကြိုကြိုတင်တင် သိရအောင် သွားစစ်ကြည့်တဲ့သဘောပါပဲ .. ဒီ kolhapur မှာက တခြားမြို့ကြီးတွေလို international hospital တွေတော့မရှိပေမဲ့ သူ့ဟာနဲ့သူတော့ ဓါတ်ခွဲခန်းတွေ…

Mountain Man Valley

Mountain man ဆိုတဲ့ အိန္ဒိယ ဇာတ်လမ်းလေး ကြည့်ဖူးတဲ့သူတွေရှိမယ် ထင်တယ် .. တကယ်အဖြစ်အပျက်ကို ပြန်ရိုက်ထားတာ .. အိန္ဒိယနိုင်ငံ ရွာငယ်လေးမှာ ရှိတဲ့သူတစ်ယောက်အကြောင်းပေါ့ .. သူတို့နေတဲ့ နေရာဟာ ဆေးရုံရှိတဲ့ မြို့နဲ့ အတော်လေး ဝေးတာကြောင့် .. သူ့ရဲ့ဇနီးဖြစ်သူဟာ ဆေးရုံပို့ဖို့ကြိုးစားရင်းနဲ့ပဲ သေဆုံးသွားတယ် .. အဲဒါကြောင့်မို့ ဒီလိုမျိုးတွေထပ်မဖြစ်ရအောင်လို့ .. လမ်းမှာ ကာဆီးထားတဲ့တောင်ကြီးကို တူတစ်လက်ထဲနဲ့ ဘာစက်ပစ္စည်းမှမပါဘဲ ဖြိုပြီး လမ်းဖောက်ခဲ့တာ .. ၂၂ နှစ်ကြာတဲ့အခါမှာ အောင်မြင်စွာနဲ့ ဖောက်လုပ်နိုင်ခဲ့တဲ့…

Sheikh Zayed Grand Mosque Abu Dhabi

ကမ္ဘာတစ်လွှားမှာရှိတဲ့ အကြီးဆုံးနဲ့ အလှဆုံး ဗလီတွေထဲက တစ်ခုဖြစ်တဲ့ အဘူဒါဘီက Sheikh Zayed Grand Mosque နိုင်ငံအသီးသီးက Islamic ဗိသုကာ လက်ရာတွေကို တစ်စုတစ်စည်း ထားတဲ့ masterpiece တစ်ခု ဆိုရင်လည်း မမှားပါဘူး .. စကျင်ကျောက်အဖြူတွေနဲ့ ပွင့်ဖတ်ပုံစံ ဖန်တီးထားတဲ့ ဒီဇိုင်းလက်ရာတွေရယ် .. 24 k ရွှေသားအစစ်နဲ့ ပြုလုပ်ထားတဲ့ မီးဆိုင်းအကြီးကြီးတွေရယ်နဲ့ .. ကမ္ဘာ့အကြီးဆုံး လက်နဲ့ရက်လုပ်ထားတဲ့ အရှည် 5600 မီတာ ရှိ ကောဇောလှလှကြီးတွေကြောင့် အရမ်းကိုခမ်းနားထည်ဝါတာကြောင့်…

Authentic Vietnamese Food in Dubai

Authentic Vietnamese Food တွေကို စားလို့ရနိုင်မဲ့ Dubai က ဆိုင်လေး .. Dubai မှာက Asian အစားအစာ ရောင်းတဲ့ဆိုင်တွေရှိပေမဲ့ တကယ် အရသာကောင်းတဲ့ ဆိုင်ကတော့ ရှားတယ်နော် .. အဓိကက ကုန်ကြမ်းပစ္စည်းတွေကွာတာရယ် .. Chef တွေက တခြားလူမျိုးတွေ ဖြစ်နေတာကြောင့်လည်းပါမယ် .. Emma ဒူဘိုင်းကို ရောက်တုန်းက တရုတ်စာ၊ ထိုင်းစာ နဲ့ ဗမာအစားအစာ ဆိုင်တွေကို လိုက်ပတ်ပြီး စားကြည့်ခဲ့တယ် .. အဲဒီတုန်းက ဗမာဆိုင်က…

Budget trip လေးတွေ ဘယ်လိုသွားလဲ

Budget trip လေးတွေ ဘယ်လိုသွားလဲ မေးကြလို့ .. ပြောပြမယ် .. ထိုင်းကို လေယဉ်လက်မှတ် one way ပဲဝယ်တာ USD 80 .. အပြန်ကို booking ပဲပြတယ် .. ရန်ကုန်ကနေ ပုလင်းတစ်လုံး ဝယ်သွားတာ .. (700 ml) လောက် အဲဒီတုန်းက ၅ သောင်းလား ၊ ၆ သောင်းလားပဲ .. ထိုင်းရောက်တော့ သူငယ်ချင်းကိုပေးလိုက်တယ် .. သူ့အိမ်မှာ ၁၀ ရက်နေတယ်…

ဘာလီမှာ Rafting လုပ်ခဲ့တဲ့ အကြောင်းလေး

Rafting လုပ်တုန်းက .. ဖုန်းနဲ့ video ရိုက်ဖို့ လုံးဝအဆင်မပြေ .. လှေလှော်ရတာ မနားတမ်းပဲ .. Go pro လေးယူသွားရင်တော့ အဆင်ပြေမယ် .. ဒါတောင် လုံးဝငြိမ်မှာ မဟုတ်လို့ ကြည့်ရတာတော့ မူးနေမှာပဲ .. ဒီလို activities တွေက မလုပ်ဖူးခင်တုန်းက ဘာမှမဟုတ်ဘူး ထင်ရပေမဲ့ .. တကယ်လုပ်ကြည့်တော့မှ .. မလုပ်မိခဲ့တဲ့ အချိန်တွေကို နောင်တရတယ် .. အဲဒီနောက်ပိုင်းတော့ အသစ်တွေ မှန်သမျှစမ်းတော့တာပဲ .. အရမ်းမိုက်တာနော်…

Back to top