လေယဉ်တွေ အဆင့်ဆင့်စီးရလို့ Transit လုပ်ရင် Visa လိိုလား ?????

ကိုယ် ဝယ်ထားတဲ့ လေယဉ်လက်မှတ်က Transit Visa လို မလို ဘယ်လိုသိနိုင်မလဲ ?????

Transit လုပ်မဲ့ နိုင်ငံ .. မြန်မာ Passport တွေ Visa exemption ရတဲ့ .. ထိုင်းတို့ စင်္ကာပူတို့လို နိုင်ငံတွေဆိုရင် .. ဘယ်လိုပဲ transit လုပ်လုပ် ပြသနာမရှိဘူး .. Visa မလိုဘူးပေါ့ ..

India , China တို့လို Visa exemption မရတဲ့ နိုင်ငံတွေမှာ Transit လုပ်တော့မယ်ဆိုရင် ..

* လေယဉ်လက်မှတ်က တစ်စောင်တည်း PNR တစ်ခုတည်းဖြစ်မယ် Airline တူမယ် .. Terminal တူမယ် .. Immigration ဖြတ်စရာမလိုဘူးဆိုရင် Visa မလိုပါဘူး .. Gate လေး ပြောင်းစီးယုံပဲ .. တစ်ခါတစ်လေကျရင် Gate လည်းတူတတ်ပါတယ် ..

* အဲဒီလိုမဟုတ်ဘူး လက်မှတ်က ၂ စောင်ကို သပ်သပ်စီဝယ်ထားမိတယ်ဆိုရင် အပေါ်က အချက်တွေပြန်စစ်ကြည့်ပါ .. တချို့ Airline မတူပေမဲ့ Terminal တစ်ခုတည်းမှာပဲရှိမယ် .. Immigration ဖြတ်စရာမလိုဘူးဆိုရင်လည်း Visa မလိုပါဘူး ..

* လက်မှတ်က ၂ စောင် သပ်သပ်စီ .. (PNR မတူ) .. ပထမ လေယဉ် ဆိုက်မဲ့ terminal နဲ့ ဒုတိယ လေယဉ် ပြန်ထွက်မဲ့ terminal နဲ့ မတူဘူးဆိုရင် .. Immigration ကို အရင်ဖြတ်ပြီးမှ .. check in တစ်ခါ ထပ်ဝင်ပြီးမှ departure လုပ်လို့ရပါတယ် .. အဲဒီလို အခြေအနေမှာဆိုရင်တော့ .. Transit Visa ဖြစ်ဖြစ် Entry Visa ဖြစ်ဖြစ် လိုအပ်ပါတယ် ..

လေယဉ်တွေ အဆင့်ဆင့်စီးရလို့ Transit လုပ်ရင် Visa လိိုလား ?????

အဲဒါဆိုရင် Terminal တူ မတူ ဘယ်လိုသိနိုင်မလဲ ???

အလွယ်ဆုံးကတော့ လက်မှတ်ကို Agent က ဝယ်တယ်ဆိုရင် Agent ကိုမေးပါ .. ကိုယ်တိုင်မရှာတတ်ရင် .. တကယ်လို့ ကိုယ်တိုင် ဝယ်ထားတယ်ဆိုရင်တော့ Flight No ကို Google မှာ ရိုက်ပြီး ရှာလို့ရပါတယ် .. သူရဲ့ Terminal နံပါတ်နဲ့ နာမည် ထွက်လာလိမ့်မယ် ..

အဲဒါမို့ Transit လေယဉ်လက်မှတ် တစ်စောင် ဝယ်ရင် အဲဒါတွေ အကုန် သေချာ သတိထားကြည့်ဖို့လိုပါတယ် .. တစ်ခါတစ်လေကျရင် .. Terminal မတူယုံတင်မဟုတ်ဘဲ .. လေဆိပ်ပါ မတူဘဲ ပြောင်းစီးရတာမျိုးရှိတယ် ..

(Emma တူရကီကနေ ဘန်ကောက်ကို သွားတော့ .. Transit က Dubai မှာ ဆိုပေမဲ့ .. SHA လေဆိပ်ကနေ DXB ကို ပြောင်းစီးရတာပေါ့ .. အဲဒီတုန်းကတော့ ကိုယ့်မှာ Visa ရှိပြီးသားမို့ အဆင်ပြေတယ် .. )

နောက်ဆုံး သတိပြုရမှာ တစ်ခုက .. Terminal တူတယ် .. အပြင်ထွက်စရာမလိုဘူးဆိုရင်တောင် .. Transit မှာ နေထိုင်ခွင့် ပေးထားတဲ့ သတ်မှတ်ချိန်တွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူကြပါဘူး .. 24 hrs, 48hrs, 72hrs .. အမျိုးမျိုးပဲ .. အဲဒီ အချိန် မကျော်ခင် လေဆိပ်ထဲကနေ ထွက်ပေါ့ .. မဟုတ်ရင် visa ရှိမှ နေထိုင်ခွင့်ရှိပါတယ် .. အဲဒါကြောင့်မို့ မသွားခင် .. transit လုပ်မဲ့ နိုင်ငံရဲ့ immigration policy ကို သူတို့ရဲ့ officials website ထဲမှာ ဝင်လေ့လာကြည့်ဖို့ အကြံပေးချင်ပါတယ် .. 😇

(Luggage check through ဖြစ်မဖြစ်လည်း ဒီလိုနည်းလမ်းတွေ အတိုင်းသိနိုင်ပါတယ် )

Leave a Reply

Your email address will not be published. Required fields are marked *

Back to top