အပိုင်း (၉)
ပြင်သစ်သူလေးက ကမ္ဘောဒီးယားကို ရောက်နေတာ တစ်လပြည့်တော့မယ် .. သူက အပန်းဖြေခရီးဆိုတာမျိုးထက် .. ပရဟိတအဖွဲ့တွေနဲ့ ချိတ်ပြီး ကလေးတွေကို အင်္ဂလိပ်စာလာသင်ပေးတာ .. ကမ္ဘောဒီးယား တောင်ပိုင်းက ပင်လယ်ကမ်းခြေ မြို့လေးလို့ပြောတယ် .. အမ်မာတော့ မသိဘူး အဲဒီမြို့ကို .. ဒါနဲ့ ကြုံတုန်းပြောရရင် ကမ္ဘောဒီးယား လူတွေ တော်တော်များများက အင်္ဂလိပ်စာကို လည်လည် ဝယ်ဝယ်ပြောတတ်ကြတယ် .. အမ်မာ ဘယ်လို သိလည်းဆိုရင် .. လမ်းသွားရင်းနဲ့ လမ်းမသိလို့ ဖြတ်သွား ဖြတ်လာ လူတွေကို မေးတဲ့အခါ .. မုန့်ဆိုင်တွေမှာ မုန့်စားရင်း တစ်ဖက်ဝိုင်းက စားနေတဲ့ လူတွေကို နှုတ်ဆက်တဲ့အခါ .. ကားစီးတုန်းကလည်း ဘေးခုံက ကောင်လေးဆီက ဝိုင်ဖိုင် ပတ်စ်ဝေါ့တွေ ဘာတွေ မေးရင်းနဲ့ သူတို့ ပုံစံကြည့်ရတာ .. အင်္ဂလိပ်စကားကို ပေါ့ပေါ့ပါးပါးပဲ ပြောနိုင်ကြတာကို တွေ့ရတော့ ချီးကျူးမိတယ် .. အမ်မာ ကိုယ်တိုင်တောင် ကိုယ့်နိုင်ငံမှာ နေတုန်းက နိုင်ငံခြားသားတွေနဲ့ ပြောဖို့ဆိုဖို့ သိပ်မရဲဘဲ အခက်အခဲတွေဖြစ်ခဲ့သေးတာ .. နောက်ပိုင်း ခရီးတွေ သွားရင်းမှ အကျင့်ရလာပြီး အဆင်ပြေသွားတာ .. ကိုယ်တွေနိုင်ငံမှာလည်း နောက်ပိုင်း အဲဒီလို လူတော်လေးတွေ များများရှိလာရင်ကောင်းမယ် .. မျိုးဆက်သစ်တွေက ပိုပြီး အလားအလာရှိတယ်လေ ..
ကဲပါ ပြင်သစ်သူလေး အကြောင်းဆက်ပြောရရင် သူက ဗီဇာပြည့်လို့ နောက် တစ်ရက် နှစ်ရက်နေရင် ပြင်သစ်ကို ပြန်တော့မှာ .. ဒါပေမဲ့ သူ့အိတ်က ပျက်သွားပြီး ပစ္စည်းတွေထည့်မရတော့လို့ .. အိတ်ပြင်ဖို့ဆိုပြီး စျေးဖက်ကို အလာ အမ်မာတို့နဲ့ ဆုံတာပဲ .. “ငါ အိတ်ပြင်ဖို့လာတာလေ .. မေးကြည့်လိုက်တော့ စျေးတွေ အရမ်းချိုနေတာနဲ့ အသစ်တစ်လုံးပဲ ဝယ်လိုက်တော့တယ်” တဲ့ .. သူပြောတာတော့ သူ့အသက်က ၂၅ ဝန်းကျင် ၊ ကျောင်းပြီးပြီသား အလုပ်အတွေ့အကြုံလည်း နည်းနည်းတော့ ရှိတယ် .. ဒါပေမဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အတွက်ကို ခရီးတွေသွားပြီး လေ့လာနေတာပေါ့ .. ဘယ်လို စီးပွါးရေးမျိုး သူလုပ်သင့်လဲဆိုတာကို .. သူတို့လေးတွေကို ကြည့်ပြီး အရမ်းအားကျမိတယ် .. ဒီအသက်အရွယ်မှာ ကိုယ့်စိတ်ကူးနဲ့ ကိုယ် လုပ်ချင်ရာလုပ်ပြီးပျော်နေတာပဲ ..
မိသားစု ၊ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေ မရှိဘူး ..
စိတ်ကူးယဉ်တာထက် လက်တွေ့ကိုပို ဦးစားပေးတယ် .. တစ်နေ့ကျရင်တော့ သူတို့လို ခရီးတွေသွားပြီး ကိုယ်ဘာဖြစ်ချင်လဲဆိုတာ သိရဖို့ ရှာဖွေကြည့်ဦးမယ် .. အခု ဒီခရီးကတော့ မစီစဉ်ပဲ ရောက်ခဲ့တဲ့ ခရီးမို့ ဘာမှ မပြင်ဆင်ခဲ့ရဘူး ..
အိမ်ကအမေတောင် ဖုန်းဆက်ပြီး လှမ်းပြောနေသေးတယ် .. ဘယ်တွေလျှောက်သွားနေတာလဲ .. ဒီထက်ပိုပြီး ရှေ့ဆက်မသွားနဲ့တော့ ပြန်လာခဲ့တဲ့ .. ဆောရီးပါ အမေရယ် သမီး ဟိုချီမင်းသွားဖို့ လက်မှတ်ဖြတ်ပြီးသွားပြီလို့ ..
ဟိုချီမင်းပြီးရင်တော့ အိမ်ပြန်ရတော့မှာပါ .. ဘန်ကောက် – ရန်ကုန် လက်မှတ်က ဝယ်ပြီးသားကြီး ဖြစ်နေတယ်လေ .. လက်ထဲ ငွေသားလည်း ကုန်တော့မယ်ဆိုတော့ ပြန်ရတော့မှာပဲ .. ဒါပေမဲ့ Visa card တော့ ရှိပါသေးတယ် လိုရမယ်ရ သုံးဖို့ .. အော် ကမ္ဘောဒီးယားမှာ အမေရိကန်ဒေါ်လာပဲ သုံးကြလို့ ATM တွေက ငွေထုတ်ရင်လည်း အမေရိကန် ဒေါ်လာပဲ ထုတ်ပေးတာ .. အဲဒါကတော့ အဆင်ပြေတယ် .. ပိုရင်လည်း ပြန်လဲစရာမလိုဘဲ မြန်မာကို ပြန်ယူသွားလို့ရတာပေါ့..
၃ ယောက်သား စျေးမှာဆုံပြီး မနက်စာစားဖို့ ထပ်ရှာကြတယ် .. တစ်ခါတည်းနဲ့ ဗိုက်ဝမဲ့ အစာမျိုး အများကြီး မစားဘဲနဲ့ .. စျေးထဲမှာ တွေ့ရတဲ့ အစာပြေ မုန့်ပုံစံမျိုး ငှက်ပျောသီးကြော်တို့ မုန့်ဖက်ထုပ်တို့ အီကြာကွေးတို့ကိုစားကြတယ် .. မုန့်တွေစားပြီး တခြားလည်း ထပ်မစားနိုင်တော့လို့ .. ငါတို့ ပြတိုက်ပဲ သွားရအောင်ဆိုပြီး တုတ်တုတ် ငှါးပြီး ထွက်ခဲ့တယ် .. တကယ်တမ်းသွားတော့ လူthatကွင်းနေရာကို အရင်သွားဖြစ်တယ် .. သူက မြို့နဲ့ ပိုဝေးလို့ အရင်သွားလိုက်တာ .. ပြတိုက်ကတော့ မြို့ထဲမှာမို့ တည်းတဲ့ အဆောင်နဲ့လည်း နီးတယ် .. အပြန်ကျမှ ဝင်မယ်ပေါ့ ..
လူthatကွင်း ဝင်တော့ လက်မှတ်ဝယ်တဲ့ နေရာမှာ အသံသွင်းထားတဲ့ စက်ကလေးတွေ ငှါးလို့ရတယ် .. audio guide လို့ခေါ်တာပေါ့ .. လူကိုယ်တိုင်ရှင်းပြစရာမလိုဘူး .. အထဲမှာ အသံသွင်းထားတာကို နံပါတ်လေးတွေ နှိပ်ပြီး နားထောင်ယုံပဲ .. ဥပမာ ကိုယ် ရောက်နေတဲ့ နေရာက 001 ဆိုရင် .. အဲဒီစက်လေးမှာ 001 ကို နှိပ်လိုက် .. အဲဒီနေရာရဲ့ အကြောင်းကို ရှင်းပြလိမ့်မယ် .. အဲဒါတွေသာ နားမထောင်ရင်တော့ လူthatကွင်းနေရာက ခဏလေးနဲ့ ပတ်ကြည့်လိုက်ရင် ပြီးသွားမှာ .. ဒါပေမဲ့ တစ်နေရာ ရောက်တိုင်းမှာ သူတို့ရှင်းပြတာလေးတွေ နားထောင်ရတော့ အချိန် တော်တော်လေး ပေးလိုက်ရတယ် ..
ပြည်တွင်းsit အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေပေါ့ .. တော်တော် ဆိုးဆိုးဝါးဝါးပဲ .. တချို့က ပြည်ပကို ထွက်ပြေး လွတ်မြောက် သွားသူတွေလည်းရှိတယ် .. အသက်မတေဘဲ ကျန်ခဲ့တဲ့ သူတွေကိုလည်း အင်တာဗျူးထားတာတွေပါတယ် .. နားထောင်ရင်းနဲ့ ကိုယ့်မျက်စိရှေ့မှာ မြင်နေရသလို ပုံရိပ်တွေကို မြင်ယောင်နေတယ် ..
ဥပမာ .. အသံသွင်းစက်က ရှင်းပြတာ .. ရန်သူsitသား တွေဟာ လူတွေကိုthatရတာ ကျည်-ဆံတွေကုန်လာ ကျည်-ဆံစျေးတွေကလည်း ကြီးတဲ့အခါမှာ .. သေnat မသုံးဘဲနဲ့ တုတ်တွေ darတွေသုံးကြတယ် .. ကလေးငယ်လေးတွေဆိုရင် .. ခြေထောက်ကနေ ကိုင်လွှဲပြီး .. အဲဒီသစ်ပင်နဲ့ yite that ကြတာ ဆိုပြီး ပြောတဲ့အချိန်မှာလည်း အမ်မာတို့ ကိုယ်တိုင် အဲဒီအပင်ကြီးရှေ့မှာ ရပ်ကြည့်နေခဲ့တာပေါ့ .. မျက်စိထဲလည်းမြင်ယောင်သလို .. အော်ဟစ်ဆူညံသံတွေနဲ့ ကလေးလေးတွေ ငိုနေကြသံ ကြားယောင်နေမိတယ်..
တချို့နေရာတွေမှာ နစ်နာခဲ့သူတွေကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားပြီးတော့ .. နေရာ တော်တော်များများမှာလဲ အရိုးစလေးတွေ .. thay ဆုံးသွားသူတွေရဲ့ ပစ္စည်းတွေ အဝတ်အပိုင်းအစလေးတွေကို တွေ့မြင်နေရဆဲဖြစ်တယ် .. အဲဒါကြောင့်မို့ .. လူthatကွင်းနေရာမှာဆိုရင် .. လူတွေ သွားလို့ရအောင် လျှောက်လမ်းကို သစ်သားခင်းလေး ပြုလုပ်ပေးထားတာပါ .. အဲဒီလျှောက်လမ်းရဲ့ လက်ဝဲ၊လက်ရာ .. အောက်ခြေတွေမှာလည်း အကုန်လုံးက သုသန်တစပြင်ပါပဲ ..
လူthatကွင်းရဲ့ အလည်ဗဟို တည့်တည့်မှာကတော့ .. နစ်နာသူတွေရဲ့ အyoeစုတွေကို မှန်ဘောင်ခတ် ပြသထားတဲ့ အဆောက် အဦး တစ်ခုရှိပါတယ် .. အyoe တံတိုင်းကြီးလိုပါပဲ .. နံရံပေါ်မှာ အပြည့်ပဲ .. အမ်မာတို့ ၃ ယောက်လည်း ခေါင်းချင်းဆိုင်ပြီး စိတ်ပင်ပမ်း လူပင်ပမ်းဖြစ်ကြရပါတယ် .. လူပင်ပမ်းတာကတော့ ရာသီဥတု ပူတာကြောင့်ရယ် ကွင်းထဲ လမ်းပတ်လျှောက်ရတာကြောင့်ရယ်ပါ .. စိတ်ပင်ပမ်းတာကတော့ ဒီအကြောင်းတွေ နားထောင်လိုက်ရလို့ပါ ..
အသံသွင်းစက်တွေကို ဂိတ်ဝနားမှာ ပြန်အပ်ပြီး ထွက်ခဲ့တဲ့အချိန်မှာတော့ ၃ ယောက်လုံး တက်ညီ လက်ညီ ဗိုက်ပြန်ဆာနေကြပါပြီ .. အဲဒါနဲ့ တိုင်ပင်ပြီး အကင်သွားစားမယ်ဆို ထွက်လာလိုက်တာ ဟိုရောက်တော့ ဖားကင်တွေ ဖြစ်နေတာပါ .. သူတို့လည်း မစားဖူးဘူးတဲ့ ဒါပေမဲ့ စမ်းပြီး စားကြည့်မယ်လို့ပြောပြီး တစ်ကောင်မှာလိုက်တယ် .. အမ်မာကတော့ တော်ပြီ မစားကြည့်ချင်ဘူးလို့ .. သူတို့ စားတာကိုပဲ ထိုင်ကြည့်ပြီး ဘာပြောမလဲ စိတ်ဝင်စားနေခဲ့တယ် .. ဖားကင်လေးက သေးသေးလေးပါ ဒါပေမဲ့ ခုတ်ထစ်ထားတာမျိုး မဟုတ်ဘဲ .. ပုံစံမပျက် အကောင်လိုက်လေး ဖြစ်နေတာကြောင့် ကြည့်ပြီး အသည်းယားလို့ မစားဖြစ်ပါဘူး .. သူတို့ နှစ်ယောက်ကတော့ မဆိုးဘူး စားကောင်းတယ်တဲ့ .. “အမ်မာ နင်မစားတာ သေချာလား .. စားချင်ရင် ငါ့ဆီက နည်းနည်းပေးမယ်” လို့တော့ ပြောရှာပါတယ် ..
အဲဒါပြီးတော့ အချိန်ကို ကြည့်လိုက်ပြီး ပြတိုက်ပိတ်သွားမှာစိုးတယ် .. ငါတို့ နောက်မှပဲ တခြားဟာ စားတာပေါ့ .. ပြတိုက်ကို အရင်သွားရအောင်ဆိုပြီး တုတ်တုတ် တစ်စီးငှါးပြီး ပြတိုက်ကိုသွားခဲ့တယ် ..
အပိုင်း (၁၀) ဆက်ရန်

အပိုင်း (၁၀)
လူthatကွင်းမှာတုန်းက အသံသွင်းထားတဲ့ဟာတွေ နားထောင်ပြီး စိတ်ထဲနေလို့မကောင်းလို့ .. ပြတိုက်ရောက်တော့ အသံသွင်းစက် ထပ်နားမထောင်တော့ဘူး .. တကယ်တမ်း ပြတိုက်ဆိုတာကတော့ ဟိုးအရင်က စာသင်ကျောင်း တစ်ကျောင်းပါ .. ပြည်တွင်းsitကြီးဖြစ်တော့ .. ထောင်အနေနဲ့ အသုံးပြုခဲ့တာ .. အခန်းအကျယ်ကြီးထဲမှာမှ .. အခန်းသေးသေးလေးတွေထပ်ကန့်ထားတာမျိုးရှိတယ် .. အဲဒီတုန်းက ချုပ်နှောင်ဖို့ အသုံးပြုတဲ့ ပစ္စည်းတွေ .. သံကွင်း .. သံကြိုး .. yiteနက်ပြီး နှိပ်satတဲ့ ပစ္စည်းတွေကော .. အစုံပြထားတာပါ .. တချို့ အခန်းလေးတွေဆို အလင်းရောင် လုံလုံလောက်လောက်မရလို့ .. စိတ်ထဲ ကျဉ်းကြပ်သလို ခံစားရပြီး အသက်ရှုဖို့တောင် ခက်ပါတယ် ..
အသံသွင်းစက် နားမထောင်ပေမဲ့ .. နံရံတွေပေါ်မှာ ရှင်းပြထားတဲ့ စာတွေကို ဖတ်ပြီးတော့ လည်း အဲဒီတုန်းက နစ်ခဲ့သူ အကျဉ်းသားတွေရဲ့ ဆင်းရဲဒုက္ခကို ခံစားမိပါတယ် .. အဆိုးရွားဆုံး အပိုင်းကတော့ .. သူတို့ကို လူthatကွင်းမပို့ခင်မှာ မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံတွေပါ .. အthat ခံရတော့မယ်လို့ သိထားတဲ့ လူတွေရဲ့ မျက်လုံး .. တစ်စုံ .. နှစ်စုံ .. သုံးစုံ …. မျက်လုံးပေါင်းများစွာ ရပ်ကြည့်နေရင်း … ခေါင်းတွေမူးပြီး မခံနိုင်တော့လို့ အခန်းထဲက ပြေးထွက်ခဲ့ရပါတယ် .. အခန်းပြင်ရောက်တော့ .. ကိုယ့်ထက်ဆိုးတဲ့ လူတွေကိုတွေ့တယ် .. ပြင်သစ်သူလေးဆို အန်ပါအန်ထားပါတယ် .. သူပြောထားတာတော့ ခုဏက ဖားကင်စားထားတာ အစာမကျေလို့ရယ် .. အခန်းထဲမှာ အသက်ရှုကျပ်လို့ မနေနိုင်ဘူးတဲ့ .. ဂျာမန်ကောင်လေးကို ကြည့်တော့လည်း မျက်နှာက နဂိုထပ် ဖြူဖျော့နေတယ် .. ၃ ယောက်လုံး မျက်နှာမကောင်းကြ .. အမ်မာကတော့ အိတ်ထဲပါလားတဲ့ ရေမွှေအဆီဗူးသေးသေးလေးကို ပေးလိုက်ပြီး နင်ခေါင်းကြည်သွားအောင်လို့လို့ ပြောလိုက်တယ် .. သူ့အနံလေးက စိတ်ကြည်စေတယ်လေ ..
အခန်းရှေ့က ပန်းခြံ ထိုင်ခုံလေးမှာ ခဏထိုင် အနားယူရင်းနဲ့ .. ဟိုအရင်က ဒီကျောင်းလေးထဲမှာ ကလေးတွေ မုန့်စား ပျော်ပါးခဲ့ကြမှာပဲလို့ တွေးမိတယ် .. sit ပွဲတွေက ကလေးတွေနဲ့ အနာဂတ်ကို အကုန်ဖျက်ဆီးပစ်လိုက်ပြီ .. ခုဏက တွေ့ခဲ့ရတဲ့ နစ်နာသူတွေရဲ့ ဓါတ်ပုံတွေထဲမှာ မိန်းကလေးတွေ ၊ ကလေးငယ်ငယ်လေးတွေရဲ့ပုံတွေပါ ပါပါတယ် .. ပြီးတော့ အမ်မာတို့ ၃ ယောက် အဲဒီအကြောင်းတွေ ထိုင်ပြောရင်းနဲ့ .. “နင်တို့တွေ့လား သူတို့ရဲ့မျက်လုံးတွေလေ .. ကူကယ်ရာမဲ့ပြီး .. အthatမခံရသေးခင်ကတည်းက thay နေတဲ့မျက်လုံးတွေ” လို့ … သူတို့လည်း ဘယ်လိုမှ မခံစားနိုင်ကြောင်းပြောပြတယ် .. ဒီနေ့အဖို့တော့ လုံလောက်သွားပြီ ငါထပ်မကြည့်ချင်တော့ဘူး .. နင်တို့ ကြည့်ချင်ကြည့် ငါပြင်မှာပဲ စောင့်နေမယ်လို့ပြောတော့ .. သူတို့ကလည်း တော်ပြီ ထပ်မကြည့်နိုင်တော့ဘူးတဲ့ ..
ပြန်ထွက်လာပြီး ညစာစားမယ်ဆိုတော့ စိတ်ပြေလက်ပျောက် သွားသောက်ကြရအောင်ဆိုပြီး ပြင်သစ်သူလေးက စပြောတယ် .. အရင်ရင်က သူသွားတဲ့ဆိုင် .. ဆိုင်ဆိုပေမဲ့ .. သူကလည်း အဆောင် ပဲ .. ဘားနဲ့ တွဲဖွင့်ထားတာပေါ့ ရေကူးကန်လည်းရှိတယ် .. သီချင်းတွေ ဖွင့်ကလို့လည်း ရတယ်တဲ့ .. သူကတော့ အဲဒီနေရာကို အရမ်း သဘောတွေကျနေတာ .. အဆောင် မှာ မတည်းတဲ့ အပြင်လူလည်း သွားလို့ရတယ် .. mad monkeys လို့ ခေါ်တဲ့ အဆောင်လေး .. (နောက်တော့ အမ်မာသွားခဲ့တဲ့ တခြားနိုင်ငံတွေမှာလည်း အဲဒီ အဆောင်ကရှိတယ် .. အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ အရှေ့တောင်အာရှနိုင်ငံလေးတွေမှာပေါ့) သူက တစ်ကိုယ်တော် ခရီးသွားတွေကြားမှာ နာမည်ကြီးပါတယ် ..
အဲဒီကို ရောက်သွားတော့ အစားအစာက အနောက်တိုင်း fast food တွေ .. ဟမ်ဘာဂါ ကြက်ကြော် အသားညှပ်ပေါင်မုန့် အားလူးချောင်းကြော်တို့ပေါ့ .. သူတို့ကတော့ အာရှိဖက်က အစားအစာတွေ သိပ်မစား တတ်တော့ ဒီလိုမျိုးဆိုင်ပဲ အဆင်ပြေတယ် .. အမ်မာကတော့ အသားညှပ်ပေါင်မုန့်မှာစားတယ် .. အဲဒီအဆောင်မှာ တည်းနဲ့ သူတွေနဲ့လည်း စကားပြောဖြစ်တယ် .. ဥရောပဖက်က လူတွေပါပဲ .. ဂရိ ၊ ပေါ်တူဂီ ၊ ဟန်ဂေရီ ၊ အီတလီနဲ့ ဘယ်လ်ဂျီယမ်က လူတွေပါတယ် .. အမ်မာ့ကိုမေးတော့ .. မြန်မာကဆိုတော့ တစ်ယောက်မှမသိကြဘူး .. နောက်မှ ပြင်သစ်သူလေးက ဝင်ရှင်းပြတယ် .. ဘာမနီကို ပြောတာတဲ့ .. အမ်မာလည်း ကြောင်သွားတယ် .. ဘာလဲဟ “ဘာမနီဆိုတာ” ..
မြန်မာကို သူတို့ မသိဘူး .. ဘားမား ဆိုတဲ့ နာမည်ကိုကျတော့ သူတို့ ဆီမှာ ဘာမနီလို့ ခေါ်ကြတာတဲ့ .. အဲဒီတုန်းက ပထမဆုံးအကြိမ်ကြားဖူးတော့ .. သူတို့ပဲမှားခေါ်တယ်လို့ထင်မိသေးတယ် ..
နောက်ပိုင်းကျတော့ ပြင်သစ် ၊ဂျာမနီဖက်က လူတွေနဲ့ တွေ့မိတိုင်း ပြောကြတာ အတူတူပဲ .. စာထဲမှာ သင်ရတယ်တဲ့ ကျောင်းမှာကိုက သူတို့ကိုသင်ပေးတာ ဘာမနီပဲတဲ့ဆိုတော့ .. အော် ဟုတ်ပါပြီလို့ .. ပညာရတာပေါ့ နောက်ဆို “မြန်မာ၊ဘားမား” လို့ပြောလို့ မသိသေးရင် .. “ဘာမနီ” လို့ပြောရမယ်ဆိုပြီး မှတ်ထားလိုက်တယ် .. ရယ်လည်းရယ်ချင်တယ် .. အေးပေါ့လို့ ငါတို့တောင် .. သူများနိုင်ငံတွေကို နာမည်တလွဲတွေခေါ်ကြသေးတာပဲ .. ဥပမာ သီရိလင်္ကာ ဆိုရင် .. သူတို့နိုင်ငံသားကို သွားပြောလိုက်မသိဘူး .. အသံထွက်အမှန်က ရွှေလန်ကာ လို့လည်း ထွက်ကြသလို ရွှီလန်ကာ လို့လည်း တချို့တွေခေါ်ကြတယ် .. မြန်မာတွေပဲ ဘာကြောင့် သီရိလင်္ကာလို့ ခေါ်ကြလဲ မသိဘူး .. ကျောင်းစာတွေမှာကအစ အဲလိုပဲ ရေးထားတာဆိုတော့ .. အဲဒီလိုပဲ မှတ်ထားလိုက်တယ် .. China ဆိုရင်လည်း တ-ရုတ်တဲ့ ..
ညစာစားပြီးတော့ သူတို့ကတော့ ကလပ်ထပ်သွားဖို့ ပြင်နေကြပြီ .. ဂျာမန်ကောင်လေးကလည်း ဘောလုံးပွဲကြည့်ချင်လို့ ပြတဲ့ကလပ်ကို ရွေးတယ် .. အမ်မာကတော့ တစ်နေကုန် ပင်ပမ်းလာလို့ မလိုက်တော့ဘူး အဆောင်ပဲ ပြန်ပြီး စောစောနားမယ်လို့ ပြောလိုက်တယ် .. နှုတ်ဆက်ပြီး တုတ်တုတ်နဲ့ ထွက်လာတာ အဆောင်ရောက်တော့ အင်ဒိုမလေးနဲ့ အိန္ဒိယ ကောင်လေးနဲ့တောင် ပြန်ရောက်နေပြီ .. သူတို့လည်း ဟိုချီမင်းမှာ ပျော်ခဲ့ပုံပါပဲ .. သူတို့ကိုလည်း နှုတ်ဆက်ပြီးတော့ အခန်းပြန်နား .. ကိုယ်လက်သန့်စင်ပြီး အိပ်ယာဝင်ခဲ့တယ် ..
ဒါပေမဲ့ အဲဒီညက အိပ်မပျော်ပါဘူး .. မျက်စိမှတ်လိုက်တိုင်းမှာ thay အံ့ဆဲဆဲ လူတွေ နဲ့ မျှော်လင့်ချက်မရှိတော့တဲ့ မျက်နှာသေတွေ .. အကူအညီတောင်းခံနေတဲ့ မျက်လုံးတွေ နဲ့ စိုက်ကြည့်နေသလို ခံစားရလို့ .. ငါသွားမိတာ မှားပြီလားလို့ထင်မိတယ် .. ဒါတောင် အမ်မာက တော်တော် သတ္တိကောင်းတဲ့ ထဲမှာပါလို့ .. ရုပ်ရှင်တွေ ဇာတ်လမ်းတွေထဲမှာဆို သရဲကားတွေ လူthatကားတွေ သွေးသံyeye တွေလည်း ကြည့်နေကျပါ .. ကြည့်ရဲတယ် .. ဒါပေမဲ့ အခုလိုမျိုး ကြောက်စရာမကောင်းဘဲ .. သနားစရာကောင်းတဲ့ မျက်လုံးတွေနဲ့မှ ဘာကြောင့် သွေးလန့်နေရလဲ မသိဘူး .. တစ်ညလုံးမအိပ်ဘဲ မိုးလင်းသွားခဲ့တယ် …
အပိုင်း (၁၁) ဆက်ရန်