Batu caves ကို ရောက်ဖူးတဲ့သူတွေကော မရောက်ဖူးလည်း ဓါတ်ပုံတွေ ကြော်ငြာတွေမှာ အမြဲတွေ့ရပေမဲ့ ဘာလဲဆိုတာ သိပ်မသိကြဘူး ..
Emma လည်း မရောက်သေးခင်ထိ .. Batu caves က ဘာလဲ .. အထဲမှာဘာတွေရှိလဲ .. ဘယ်လိုနေရာလဲဆိုတ။ မသိခဲ့ဘူး .. အခုသွားပြီးမှ သိတာဆိုတော့ ပြန်ပြောပြပေးမယ်နော် ..
တကယ်တော့ Batu Caves က ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေရာတစ်ခု .. India ပြင်ပမှာ ရှိတဲ့ နာမည်အကြီးဆုံး ရှေးဟောင်း ဘုရားကျောင်းတစ်ခုပါ ..

ကွာလာလမ်ပူ မြို့ထဲကနေ မိနစ် ၃၀ လောက်သွားရတဲ့ gombak ဆိုတဲ့ နေရာမှာတည်ရှိတာပါ ..
sitပွဲတွေရဲ့ အောင်မြင်ခြင်းနတ်ဘုရားတစ်ဆူဖြစ်တဲ့ Lord Murugan ကို ရည်စူးထားတဲ့ ဘုရားကျောင်းဖြစ်ပြီးတော့ .. နှစ်သန်းပေါင်း ၄၀၀ လောက်ရှိပြီဖြစ်တဲ့ ထုံးကျောက်ဂူကြီးရဲ့အတွင်းမှာ တည်ထားတာပါ ..
ဘုရားကျောင်းရှိတဲ့ အဓိကလှိုဏ်ဂူ အကြီးကြီးကိုသွားဖို့ဆိုရင် သက်တံ့ရောင်စုံခြယ်သထားတဲ့ လှေကားထစ်ပေါင်း 272 ထစ်ကို ကျော်ဖြတ်ရပါတယ် .. အဲဒီဂူကိုတော့ ဝင်ကြေးကောက်ခံတာမျိုးမရှိဘဲ .. ဘေးနားတစ်ဝိုက်မှာရှိတဲ့ ပြခန်းလို အရံcaves လေးတွေကို ဝင်ရောက်ချင်ရင်တော့ ဝင်ကြေးပေးရပါတယ် ..
တခြားနေရာတွေမှာလို မျောက်တွေကိုတွေ့ရတာ အထူးအဆန်းမဟုတ်ပေမဲ့ .. Batu caves မှာကတော့ ကြက်တွေကိုပါ တွေ့ရပါတယ် .. အကြောင်းကတော့ lord murugan ကရန်သူဖြစ်တဲ့ နတ်ဆိုးကို တိုက်ခိုက်ချိန် နတ်ဆိုးဟာ ၂ ပိုင်းကွဲသွားပြီး တစ်ပိုင်းက ကြက်ဖအဖြစ်ပြောင်းလဲသွားလို့ .. အောင်မြင်ခြင်းအထိမ်းအမှတ်အနေနဲ့ .. အလံတွေမှာကော ရုပ်တုတွေကော ထုလုပ်ပြီး ဂုဏ်ပြုထားကြတာပါ ..
(ငယ်ငယ်ကဆို မသိဘဲ.. ကိုကြီးကျော်လို့ထင်ခဲ့မိသေးတယ်
)
အဲဒါကြောင့် Batu Caves Temple ကိုသွားမယ်ဆိုရင်တော့ .. လုံခြုံတဲ့အဝတ်အစား ကိုဝတ်သွားပြီးတော့ .. ဒေသခံတွေရဲ့ ရိုးရာ ယဉ်ကျေးမှုကို အလေးထားပေးခြင်းဖြင့် .. smart tourist/ smart traveller အဖြစ်ခံယူကြပါနော် .. တချို့ ဘောင်းဘီတို လက်ပြတ်အင်္ကျီဝတ်ကြသူတွေကိုလည်း တွေ့ပေမဲ့ .. ဘယ်သူဘာလုပ်လုပ် ကိုယ်မလုပ်မိဖို့အရေးကြီးပါတယ် ..
ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် နေရာတစ်ခုလည်းဖြစ်တာမို့ .. မထိခိုက် မပျက်စီးအောင် ထိန်းသိမ်းဖို့ကလည်း ခရီးသွားတိုင်းမှာ တာဝန်ရှိတယ်နော် .. နောက်တစ်ခုကတော့ မျောက်တွေရန်ကလည်း ကာကွယ်နိုင်အောင် မျက်စိနောက်စေမဲ့ အရာတွေ သိပ်မလုပ်မိပါစေနဲ့ .. မုန့်စားပြတာ ဘာညာမျိုးတွေပေါ့
.. Emma ဆို ရေဗူးကိုလက်ကနေ မကိုင်ဘဲ ကျောပိုးအိတ်ထဲထည့်ထားတာတောင် အိတ်ကြီးအတင်းဆွဲပြီး နှိုက်ယူထားတာပါဆို .. ရေဗူးရသွားတော့ သူ့ဟာသူ အဖုံးဖွင့်သောက်ပြီး ပြန်ထွက်သွားကော .. လူကိုတော့ ဘာမှမလုပ်ပါဘူး .. အကြောက်လွန်ပြီးတော့သာ တစ်ခုခုပြန်မလုပ်မိစေနဲ့ .. အုပ်စုလိုက်ကြီး ဝိုင်းတွယ်လိမ့်မယ်
..
Batu Caves ကိုရောက်တဲ့ public transport တွေလည်းအများကြီးရှိပေမဲ့ .. grab fees ကလည်း အရမ်းစျေးမကြီးလို့ ၂ ယောက် ၃ ယောက်လောက်ဆို grabနဲ့သွားရတာအဆင်ပြေပါတယ် .. KL central ကနေဆိုရင် 30RM ဝန်းကျင်ပါ ..
ရာသီဥတုကတော့ အခုနေပူလိုက် အခုမိုးရွာလိုက်နဲ့ခန့်မှန်းရခက်လို့ .. ဦးထုပ် ထီး မိုးကာတွေတော့ အသင့်ယူဆောင်သွားဖို့အကြံပေးချင်ပါတတယ် .. ![]()
