Malaysia evisa ကိုယ်တိုင်ဘယ်လိုလျှောက်မလဲ ..

ထိုင်းကိုသွားရင်းနဲ့ မလေးရှားကိုပါ ဝင်လည်ချင်ရင် .. Malaysia evisa ကိုယ်တိုင်ဘယ်လိုလျှောက်မလဲ .. Immigration အတွက် ဘာတွေပြင်ဆင်သွားမလဲ ..

အာဆီယံနိုင်ငံတွေထဲမှာ ဗီဇာကြိုလျှောက်သွားဖို့လိုတဲ့တစ်ခုတည်းသော နိုင်ငံဖြစ်လို့ .. အမြဲသူ့ကိုကျော်ကျော်ပြီး တခြားနိုင်ငံတွေပဲသွားဖြစ်တယ် .. အရင်ကဆိုရင် သံရုံးထိ သွားလျှောက်ရတာမို့ visa process အတွက် ခေါင်းရှုပ်မခံချင်လို့ပါ .. အခုနောက်ပိုင်းတော့ online က လျှောက်လို့ရနေပြီမို့အဆင်ပြေတယ် ..

ဒါပေမဲ့လည်း မြန်မာကနေတိုက်ရိုက်လျှောက်မယ်ဆိုရင် လိုအပ်တဲ့ requirements တွေကပိုများတယ် .. ဥပမာ မလေးရှားနိုင်ငံကအသိရဲ့ ဖိတ်ခေါ်စာ (invitation letter) နဲ့ bank statements တွေ .. သန်းခေါင်စာရင်းနိုတြီတွေပါ တင်ရတယ် .. အဲဒါကြောင့်မို့ Emma က ဘန်ကောက်ကို အလည်သွားရင်းနဲ့လျှောက်လိုက်တာ အဲဒါတွေပြဖို့မလိုတော့ဘူး .. ကိုယ်တိုင်လျှောက်ဖို့လည်း အရမ်းအဆင်ပြေတယ် ..

သူကလျှောက်ထားတဲ့နိုင်ငံပေါ်မူတည်ပြီး တင်ရတဲ့စာရွက်စာတမ်းတွေကမတူဘူး .. ထိုင်းကနေ လျှောက်ရင် လက်ရှိထိုင်းမှာနေတဲ့ visa ပါတွဲတင်ပေးရတယ် .. စင်္ကာပူကဆို စင်္ကာပူ visa ပေါ့ .. အလည်အပတ်သွားတဲ့ visit visa ဆိုလည်းရတယ်နော် ..

Malaysia evisa ကိုယ်တိုင်ဘယ်လိုလျှောက်မလဲ ..

အရင်ဆုံး ကိုယ်ရေးအချက်အလက် Passport နဲ့ ဓါတ်ပုံတွေ ဖြည့်ပြီးပြီဆိုရင် .. ပူးတွဲပြီးတင်ပေးရမှာတွေက .. ၃ နေရာရှိတယ် ..

1. Flights round trip (booking unpaid ရပါတယ်)

2. Accommodation (hotel booking unpaid)

3. Others

Others ဆိုတဲ့နေရာမှာက ဘာဖြည့်ရမယ်ဆိုတာ အတိအကျမရေးထားတော့ အစက Thai အဝင် visa stamp ကိုပဲတင်ပေးလိုက်တာ .. နောက်ရက်ကျတော့ email ပြန်ပို့လာပြီး proof of residence ရယ် company letter ရယ်ထပ်ပြီးတောင်းလာပါတယ် ..

Proof of residence အတွက်က ထိုင်းမှာကိုယ်နေတဲ့ လိပ်စာ TM30 နဲ့ company letter က ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာ (letter head & stamps) ၂ ခုပါ ထပ်ပြီးပို့ပေးရတယ် .. အဲလိုဆိုတော့ သူတို့ပြန်မတောင်းခင် အကုန်လုံး ပူးတွဲပြီးပြလိုက်ရင် ပိုအဆင်ပြေ ပိုမြန်တာပေါ့နော်

နောက်ရက်ကျတော့ visa လေး approved ဖြစ်သွားပါတယ် .. ၃ ရက်ပဲကြာတယ် ..

ဒါပေမဲ့ မသွားခင်မှာ သူများတွေပြောနေသံကြားလို့ မလေးရှား immigration မှာ စာရွက်စာတမ်းမစုံရင် ရစ်တယ် .. ပြန်ပို့တယ်ဆိုတော့ စိတ်ပူနေတာတစ်ချိန်လုံး .. Emma က တစ်နိုင်ငံသွားရင် အကြာကြီးနေတာဆိုတော့ .. ဘယ်နေရာ ဘယ်နှရက်နေမလဲဆိုတာ fixed plan မရှိတာကြောင့် return ticket ကပြသနာမရှိပေမဲ့ hotel booking (paid) ပြဖို့ နည်းနည်းအဆင်မပြေဖြစ်နေတယ် .. ဒါပေမဲ့လည်း အချိန်ကုန် ပိုက်ဆံအကုန်အကျခံပြီး စီစဉ်ထားတဲ့ခရီးမို့ စိတ်ချချင်တာရယ် .. immigration မှာ စကားတွေအများကြီး မပြောချင်တာကြောင့် Hotel တွေကို အကုန် paid လုပ်ပြီး cancellation free လုပ်လို့ ရတဲ့ရက်ကိုတော့ ကိုယ်ရောက်မဲ့ရက်နဲ့ ၂ ရက်လောက်ကွာတာကိုရွေးလိုက်ပါတယ် .. အဲဒီတော့ immigration ဖြတ်ပြီးတာနဲ့ အကုန် cancelled ပြန်လုပ်ရင် ပိူက်ဆံမကုန်တော့ဘူးပေါ့ 😅 ..

အဲဒီလိုတွေအကုန် အပြည့်အစုံပြင်ဆင်သွားလို့လားမသိ .. မလေးရှား immigration မှာ .. ဘာဆို ဘာမှမမေးဘဲ .. တံဆိပ်တုံးနှိပ်ပြီး ဝင်ခွင့်ပြုလိုက်တာပါ .. (ပုံမှန်ဆိုရင်တော့ စိတ်ပူစရာမရှိပေမဲ့ ခုနောက်ပိုင်းကိုယ့်နိုင်nganရေးအခြေအနေကြောင့် အနည်းနဲ့အများတော့ စိုးရိမ်မိတာပါပဲ) ..

အဲဒါကြောင့်မို့ documents တွေသေချာပြင်သွားဖို့ကို ဝန်မလေးပါနဲ့ .. ခရီးသွားရင် စိတ်ချမ်းချမ်းသာသာနဲ့ပဲ သွားနိုင်ဖို့ပဲ အဓိကထားပါနော် .. အပြန်လက်မှတ် confirm ဖြတ်ဖို့တို့ ဘာတို့ကို မနှမြောပါနဲ့ .. ပြန်ဖြစ်ဖို့ မသေချာဘူးဆိုရင်လည်း .. စျေးအသက်သာဆုံးလက်မှတ်တစ်ခုသာ ဝယ်ပြီး အဆုံးခံလိူက်ပါ .. Emma ဆိုရင် Malaysia – Vietnam ဝယ်ထားတာ USD 50+ ပဲ မြန်မာငွေနဲ့ ၂ သိန်းကျော်ကျော် .. မပြန်ဖြစ်လို့ ဆုံးသွားလည်း ဘာမှမဖြစ်ဘူးလေနော် .. immigration က စစ်တာနဲ့တိုးတော့မှ ဝယ်လိုက်ရတို့ဘာတို့ဆို စျေးတွေလည်းများမယ် .. စိတ်လည်းညစ်ရမယ် .. visa master card တွေမရှိရင်တော့ agent တွေမှာ ဝယ် 10, 20 လောက်တော့ပိုပေးရမယ် ..

ပြောချင်တာတွေကတော့ အဲဒါပါပဲ .. မြန်မာလေဆိပ်ကလွဲရင် တခြားနိုင်ငံတွေအများစုက .. အထောက်အထားပြည့်စုံရဲ့သားနဲ့ ရစ်တယ်ဆိုတာတော့ ရှားပါတယ် .. တချို့က အပြန်လက်မှတ်မပါ .. hotel booking မပါ ဘဲနဲ့လာကြလို့သာ အရစ်ခံရတာ ..

ကဲဒီလောက်ဆိုရင်တော့ .. မလေးရှား အလည်လာချင်သူတွေ .. Visa ကိုယ်တိုင်လျှောက်မယ် .. ကိုယ်တိုင် စီစဉ်မယ်ဆို အဆင်ပြေလောက်ပါပြီ .. (Visa လျှောက်တဲ့ပုံစံ video လေးကိုတော့ အချိန်ရရင် လုပ်ပြီးတင်ပေးပါမယ် .. ) တခြားစုံစမ်းချင်တာရှိရင်တော့ message box ကနေလာမေးလို့ရပါတယ်ရှင့် .. ကျေးဇူးပါ 😊

လည်လည်သွားမဲ့နေရာတွေကတော့ နောက်တော့လာမယ်နော် stay tuned

Leave a Reply

Your email address will not be published. Required fields are marked *

Back to top