Hostel တွေရွေးရင် ဘာကိုအဓိကကြည့်မလဲ ??
မိုးအေးတော့ အပြင်လည်း မသွားဖြစ်တာနဲ့ .. စာလေးတစ်ပုဒ်တော့ ရေးဦးမယ်ဆိုပြီး Emma Hostel booking လုပ်ရင် ဘယ်လိုအရာတွေကို အဓိက ထားပြီးကြည့်လဲဆိုတာ ပြောပြမယ်နော် ..

ပထမဆုံး အနေနဲ့ ကြည့်တာကတော့ location ပဲ .. location မှားရွေးမိလို့ သွားလာရ ခက်ခဲတဲ့ နေရာမျိုးရောက်သွားရင် အရမ်းစိတ်ပျက်ဖို့ကောင်းတယ် .. အဓိက ကိုယ်ရွေးတဲ့နေရာက Central Area လိုနေရာမှာ ရှိဖို့လိုတယ် .. မြို့ရဲ့ အထင်ကရ နေရာတွေ tourist တွေအများဆုံး သွားကြတဲ့ နေရာမျိုးနဲ့လည်း နီးရမယ် .. အစားအသောက် ဝယ်ဖို့ .. စားဖို့လည်း ဆိုင်တွေပေါပြီး လွယ်ကူတဲ့နေရာလေးပေါ့ ..
Agoda , booking dot com နဲ့ hostel world လို app တွေမှာဆိုရင် map ပါပြီးသားမို့ ကြည့်လို့ရသလို .. hostel ရဲ့ နာမည်နဲ့ google map မှာ တစ်ခါ ပြန်ရှာကြည့်လို့လည်းရတယ် .. double check ပေါ့ ပိုသေချာအောင် .. တစ်ခါတစ်လေမှာ booking app က ပြထားတဲ့ နေရာနဲ့ google map က နေရာလွဲတတ်လို့
ဒုတိယအနေနဲ့ကတော့ စျေးနှုန်း နဲ့ အခန်းအနေအထားပဲ .. Emma ကတော့ အရမ်းဇီဇာကြောင်တဲ့သူမဟုတ်တော့ hostel ဆို သန့်ရှင်းမှုရှိရင်ရပြီ .. တခြား facilities တွေ မပါလည်းအဆင်ပြေတယ် .. အဲဒီတော့ အိပ်ယာ ရေချိုးခန်း အိမ်သာ သန့်တယ်ထင်ရပြီး စျေးသက်သာတာလေးပဲရွေးတယ် .. breakfast တွေ ပါတွေပါရင်ကတော့ bonus ပေါ့ .. မပါလည်း ပြသနာမရှိဘူး ပုံမှန်ဆို အိပ်ရာထ နောက်ကျတတ်လို့လေ ..
နောက်ဆုံး တစ်ခုကြည့်တာကတော့ ပိုင်ရှင်နဲ့ ဝန်ထမ်းတွေ service ကောင်းမကောင်းပေါ့ .. အဲဒါကတော့ customer review တွေ လိုက်ဖတ်ရတယ် .. complaints တွေအရမ်းများပြီး ရှေ့လူတွေက မကောင်းဘူး မကြိုက်ဘူး ပြောထားတဲ့ hostel တွေဆို ရှောင်တယ် .. တချို့ကျတော့ အစစ အရာရာ ကောင်းပေမဲ့ ဆက်ဆံရေး မကောင်းရင်လည်း အဆင်မပြေဘူးလေ ..
ထပ်ပြီးတော့ tip လေးတစ်ခုပေးရရင် .. စစချင်း booking လုပ်ရင် ၂ ရက်လောက်ပဲလုပ်တယ် .. နေကြည့်တယ် အဆင်ပြေတယ်ဆိုမှ extend ထပ်လုပ်တယ် .. မပြေဘူးဆိုရင်လည်း ၂ ရက်လောက်က သည်းခံပြီးနေလို့ရသေးတော့ ပြသနာမရှိဘူးလေ ..
အဲဒါပါပဲ ကိုယ်က budget traveller ဆိုတော့ .. လိုအပ်ချက်ကလည်း အရမ်းမများဘူး .. အပေါ်မှာပြောထားတဲ့ အချက်အလက်တွေ ပြည့်စုံရင်ကိုရပြီ .. အဲဒီနည်းလမ်းနဲ့ပဲ တစ်ချိန်လုံး သွားခဲ့သမျှနေရာတွေမှာ hostel ရှာတာ များသောအားဖြင့် အဆင်ပြေပါတယ် ..
တချို့ hostel တွေဆိုရင် swimming pool, pool table နဲ့ တခြား board games တွေ .. card games တွေ ကစားဖို့လည်း ထားပေးထားတော့ .. တစ်ယောက်တည်း ခရီးသွားတဲ့သူတွေအတွက် မိတ်ဆွေ အပေါင်းအသင်းသစ်တွေ ရှာဖို့ အဆင်ပြေတယ် ..
ဒီတစ်ခေါက် da lat မှာ တည်းတဲ့ hostel လေးကတော့ တခြားမှာနဲ့ မတူဘဲ ထူးခြားတာလေးတစ်ခုရှိတယ် .. သူက dinner စားမဲ့ သူတွေက တစ်ချိန်တည်းမှာ အကုန်ဝိုင်းဖွဲ့ပြီးတော့ .. မျက်နှာစုံညီ စားကြ သောက်ကြတာပဲ .. သူတို့ကတော့ family dinner လို့ခေါ်တယ် .. သဘောကျစရာ .. တစ်ယောက်နဲ့ တစ်ယောက် ရင်းရင်းနီးနီး ပိုဖြစ်သွားတာပေါ့ ..
ညစာစားနေရင်းနဲ့ပဲ အချင်းချင်း မိတ်ဆက် စကားပြောကြ .. ဘယ်တွေလျှောက်လည်ကြမလဲ အစီအစဉ်တွေဆွဲကြနဲ့ ပျော်ဖို့ ကောင်းတယ် ..
အဲဒီလိုမျိုး hostel life ကို သဘောကျတဲ့ သူတွေဆိုရင်လေ hotel မှာတောင် မနေချင်တော့ဘူး .. တစ်ယောက်တည်း အခန်းထဲမှာ ငေါင်တောင်တောင်နဲ့မို့ ..
ဒါပေမဲ့လည်း ဘယ်ဟာပဲဖြစ်ဖြစ် pros and cons တော့ရှိတာပဲ .. အများနဲ့မို့ အဆင်မပြေတာတွေရှိလည်း အဆင်ပြေအောင် ညှိနှိုင်းနေထိုင်တတ်တာကလည်း လိုအပ်တဲ့ skill တစ်ခုလို့ပဲထင်တယ် ..