Thailand VS Vietnam

Thailand 🇹🇭 VS Vietnam 🇻🇳

ဒီရက်ပိုင်း ဗီယက်နမ်ဗီဇာအကြောင်း လာမေးကြတဲ့သူများလို့လေ .. ပြောပြချင်တာက .. ထိုင်းနဲ့ဘာကွာလဲပေါ့နော် ..

ထိုင်းကတော့ မြန်မာအများစုနေချင်ကြတယ် .. အစားအသောက် ယဉ်ကျေးမှုတွေ တော်တော်များများ ကိုယ့်နိုင်ငံနဲ့နီးစပ်တာကိုး .. နောက်ပြီး community တောင့်တော့ မိတ်ဆွေ အပေါင်းအသင်းတွေများများရှိကြတယ် .. Emma ဆိုရင်လည်း ထိုင်းရောက်တာနဲ့ သူငယ်ချင်းတွေ ပတ်တွေ့လို့ ကုန်ကိုမကုန်နိုင်ဘူး .. ရေရှည်နေမယ်ဆို အဲဒီလိုအပေါင်းအသင်းတွေကလည်းလိုတာပေါ့နော် ..

ဒါပေမဲ့ Visa ကိစ္စကတော့ တော်တော် ခေါင်းခဲစရာပဲ .. long term , short term ဘာ visa type ပဲလုပ်လုပ် လိုအပ်တဲ့ requirements တွေကများပြီး အချိန်ကုန် လူပင်ပမ်းတယ် .. Visa ကြေးတွေကလည်း များတဲ့အပြင် အခန့်မသင့်ရင် VIP ဘာဘာညာညာတွေလည်း ထပ်ပေးရသေးတော့ .. နေလို့ကြိုက်ပေမဲ့ မပျော်တော့ဘူး .. မလွယ်တော့ဘူးပေါ့ ..

ဗီယက်နမ်ကျတော့ ရက် ၉၀ visit visa လျှောက်ဖို့ဆိုရင် passport တစ်ခုထဲနဲ့ရတယ် .. တခြား ထောက်ခံစာတွေ ဘဏ်အကောင့်တွေ ဘာမှမလိုဘူး .. လူကိုယ်တိုင် သွားစရာမလိုသိလို immigration မှာလည်း သိပ်မကျပ်ဘူး (အခုထိပေါ့နော် နောက်ဆိုရင်တော့ မပြောတတ်) .. ကုန်ကျစာရိတ်ကလည်း ကိုယ်တိုင်လျှောက်ရင် ၃ လမှ ၂၅ ဒေါ်လာပဲ ..

ထိုင်းက ၂ လကို ဒေါ်လာ ၄၀ အပြင် .. တခြား လိုအပ်တဲ့ လေယဉ်လက်မှတ်တွေ၊ hotel booking or TM 30 တွေအတွက်လည်း ကုန်ရသေးတော့ စာရိတ်တအားများတယ် .. extension တိုးရင်လည်း ထိုနည်း ၄င်း .. ၁ လကို ဒေါ်လာ ၁၀၀ နီးပါးကုန်တယ် ..

နေစားစာရိတ်က ထိုင်းနဲ့ ဗီယက်နမ်သိပ်မကွာလို့ .. Visa ကြေးပဲယှဉ်ရင်တော့ ဗီယက်နမ်က ပိုလွယ် ပိုကောင်းလို့ နေဖို့အဆင်ပြေတဲ့နိုင်ငံတစ်ခုပါ .. သူလည်း visa extension ရပေမဲ့ .. အသစ်လျှောက်တာထက် စျေးပိုများလို့ အချိန်ရရင်တော့ exit ပြ .. အသစ်လျှောက်ပြီး ပြန်ဝင်တာက ပိုအဆင်ပြေတယ် ..

တခြား long term နေချင်ရင်တော့ ဘယ်လို visa type မျိုးတွေရှိတယ်ဆိုတာ Emma လည်းအတိအကျမသိပါဘူး .. ကျောင်း/အလုပ် နဲ့မဟုတ်ဘဲ ဒီအတိုင်းနေချင်တယ်ဆိုရင်တော့ process လွယ်ကူလို့အဆင်ပြေတယ် .. visit visa လျှောက်ဖို့ ကိုယ်တိုင်အဆင်မပြေရင် လျှောက်ပေးပါတယ် .. အချိန်ရရင်တော့ Visa လျှောက်နည်း ပုံစံလေး video လုပ်ပြီးတင်ပေးဦးမယ် .. Emma လည်း ခရီးအချိန်တိုင်းသွားနေတာမို့ .. အဲဒီအကြောင်းတွေ အသေးစိတ်မလုပ်ဖြစ်သေးတာ .. သိချင်တာရှိရင်တော့ message box မှာလာမေးလို့ရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Back to top