ပထမဆုံးလိုအပ်တဲ့ Visa ကိစ္စကတော့ ပြောစရာများလို့ ပို့စ်သပ်သပ်ခွဲတင်ပေးထားတယ် .. ပြီးရင် comment မှာ လင့်ပြန်ချပေးမယ်နော် .. ဖတ်ကြည့်ပါ ..
လေယဉ်လက်မှတ်ကတော့ ရန်ကုန်ကနေဆိုရင် round trip ကို USD 300 ဝန်းကျင် .. အကြံပေးချင်တာကတော့ (KL ကိုသွားရင် အပြန် Penang ကနေပြန်ဖြတ်ပါနော် .. အဲဒါဆို အချိန်ကုန်သက်သာတယ် KL ထိ ပြန်သွားဖို့မလိုတော့ဘူး .. MAI တိုက်ရိုက်တွေရှိတယ်)
Emma ကတော့ BKK ကသွားလို့ one way ကို 50+ USD လောက်ပဲကျတယ် ..
KL ရောက်ရင် ဘယ်တွေလည်မလဲ?

မဖြစ်မနေ downtown area တစ်ဝိုက်ပေါ့ .. Merdeka Square , central market ရှိမယ် .. China town .. Bukit Bintang..
ပြီးရင် အမွှာမျှော်စင်ကြီးဖြစ်တဲ့ Petronas Twin Towers .. အဲဒီနားလေးတင် နီးတယ် .. ထပ်ပြီး အချိန်ရသေးရင် Petaling Market မှာ street food တွေအများကြီးပဲ .. (တရုတ်စားသောက်ဆိုင်တွေများလို့ halal တော့မဟုတ်ဘူး) ..
မလေးရှားမှာက grab ငှါးစီးလည်းစျေးသက်သာတယ် .. လူများရင် ပိုကိုက်တယ် .. တစ်ယောက်တည်းဆိုရင်တော့ LRT ရထားတွေစီးလည်း နေရာအစုံရောက်လို့ သွားလာရအဆင်ပြေတယ် ..
နောက်ရက်ကျရင်တော့ နာမည်ကျော် Batu cave သွားပေါ့ .. ဟိန္ဒူဘုရားကျောင်းဖြစ်လို့ သင့်တော်မဲ့ အဝတ်အစား ဝတ်သွားပါ .. (Batu cave အကြောင်း အသေးစိတ်ကို ပို့စ်သပ်သပ်တင်ပေးထားတာရှိပါတယ် ဖတ်ကြည့်နော်)
KL မှာက ၂ ရက် ၃ ရက်လောက်ဆိုအိုခေပြီ .. shopping ထွက်ချင်တဲ့သူတွေအတွက်လည်း ပစ္စည်းတွေပေါပြီး စျေးချိုတယ် .. Emma အဲဒီကနေပြီး မလက္ကာကို ဆက်သွားခဲ့တယ်
KL – Malaka က ၂ နာရီလောက်ပဲ ဝေးတာပါ .. ကားကို TBS ဆိုတဲ့ bus terminal ကစီးရတယ် .. လက်မှတ်ကြိုဝယ်စရာမလိုဘူး တစ်နေကုန် 15 မိနစ်တစ်စီးလောက်ထွက်တယ် .. ဝယ်ရတာလည်း ticket machine မှာ ငွေသား or card payment နဲ့ ပေးလို့ရလို့ အရမ်းအဆင်ပြေတယ် .. မလေးရှားက bus terminal တွေက အရမ်းအဆင့်မြင့်တယ် .. လေဆိပ်တွေလိုပဲ သူ့ gate no. နဲ့သူ boarding pass တွေနဲ့ အကုန် စနစ်တကျ .. manual တစ်ခုမှမလုပ်ရဘူး ..
Malaka ရောက်ပါပြီ .. အဓိကလည်ရမှာက old town ထဲမှာပဲမို့ အဲဒီနားက hotel တွေမှာပဲ တည်းပါနော် .. တစ်ခုရှိတာက သူ့ဆီက night market က weekend only ပဲရှိတာမို့ ကြားရက်တွေသွားရင် လူသိပ်မစည်ဘူး .. စနေ၊တနင်္ဂနွေရက်နဲ့ ကိုက်အောင်သွားပါ .. မလက္ကာညဖက်အလှက အရမ်းမိုက်တယ် .. မြစ်ကမ်းတစ်လျှောက် စားသောက်ဆိုင် လှလှလေးတွေရယ် မီးရောင်စုံလေးတွေနဲ့ .. ရှေးဟောင်းလက်ရာ အဆောက်အဦး လေ့လာစရာတွေအပြည့်ပဲ ..
St Paul church ရှိတဲ့ တောင်ကုန်းလေးကနေလည်း နေဝင်ချိန်ကြည့်ရတာ တော်တော်လေး မိုက်တယ် ..
ထပ်ပြီးနေရာစုံအောင်သွားချင်သေးရင် ပင်လယ်ကမ်းစပ်နား မှာ resort တွေရယ် view point တွေရယ် .. Masjid Selat Melaka ဆိုတဲ့ ဗလီကိုလည်း သွားလည်ပတ်လို့ရသေးတယ် .. (မလေးရှားမှာ ဗလီတွေက ဝတ်ပြုချိန်ကလွဲရင် international tourist တွေကို ဝင်ရောက်လေ့လာခွင့်ပြုထားပါတယ်)
မလက္ကာမှာလည်း ၂ည လောက်နေရင် နှံ့စပ်ပါပြီ .. Emma ကတော့ အဲဒီကနေ Cameron Highlands ကိုပြန်သွားခဲ့တာပါ .. တိုက်ရိုက်ကားတော့မရှိလို့ KL ကို ပြန်သွား TBS bus terminal ကနေပဲ Cameron highlands ကို ကားထပ်စီးရတယ် .. ကြာချိန်ကတော့ 2 hrs + 4hrs .. စုစုပေါင်း 6 hrs လောက်ကြာလို့ တစ်နေကုန် အချိန်ပေးလိုက်ရတယ် .. Cameron Highlands ရောက်တော့ မိုးချုပ်ပြီ .. ကားဂိတ်နဲ့နီးတဲ့ hostel မှာပဲ တည်းပြီး နောက်ရက်တွေကျ .. မြို့ထဲလျှောက်ပတ်ကြည့်ခဲ့တယ် ..
Cameron Highlands က .. မေမြို့တို့ ကလောတို့နဲ့ ရာသီဥတု ချင်းဆင်ပါတယ် .. အေးတယ် .. မိုးရွာတတ်တယ် .. လည်ပတ်စရာတွေကတော့ view points တွေနဲ့ Farms တွေရှိတယ် .. ကိုယ့်ဖာသာ မသွားတတ်ရင် group tour လေးတွေနဲ့ join လို့ရပါတယ် .. half day tour ဆို 50 RM နဲ့ full day tour ဆို 100 RM ဝနိးကျင်ရှိတယ် .. taxi အတွက်ကတော့ grab သုံးလို့ အဆင်မပြေလို့ .. hotel (သို့) tour company ကိုစီစဉ်ခိုင်းတာပိုကောင်းပါတယ် ..
Strawberry picking လုပ်တဲ့ activities ကတော့ ရာသီချိန်ပေါ်မူတည်တာပေါ့နော် Emma သွားတုန်းကတော့ အသီးတွေသိပ်မရှိသေးတော့ ခူးလို့မရခဲ့ဘူး .. ဒါပေမဲ့ ဝယ်စားချင်ရင်တော့ ရတယ် .. စျေးတွေလည်း တန်တယ် .. ဗူးအသေးအကြီးပေါ်မူတည်ပြီး 10RM – 20RM ဝန်းကျင်ပဲ ..
နောက်ထပ် ရှုခင်းလှပြီး ဓါတ်ပုံရိုက်လို့ကောင်းတဲ့နေရာတစ်ခုက tea farms တွေပါ .. ကိုယ့်ဖာသာ သွားရင်တော့ ဝင်ကြေး 4RM ပဲပေးရပြီးတော့ .. tour နဲ့သွားရင်တော့ tea factory တွေအထိ guide ကလိုက်ပြီးရှင်းပြပေးပါတယ် .. strawberry tea .. durians tea တွေလည်း စမ်းသောက်ကြည့်လို့ရသေးတယ် ..
Hiking ဝါသနာအိုးတွေအတွက်ကတော့ trails တွေအများကြီးရှိလို့ ကိုယ်ကြိုက်သလောက် အချိန်ဖြုန်းလို့ရတယ်နော် .. Emma ကတော့ ၅ ရက်လောက်နေခဲ့တာ .. မိုးရွာတဲ့ရက်ဆို အပြင်မထွက်ဘဲ hostel မှာပဲကွေးနေတာ ..
Cameron highlands ကနေမှ .. Penang Island ကိုအသွားမှာ အချိန်ရရင် IPho ဆိုတဲ့ မြို့လေးကိုလည်းဝင်လည်လို့ရသေးတယ် .. Emma ကတော့ မဝင်ခဲ့ဘူး .. Penang မှာက အဓိကလည်စရာနေရာက George Town လို့ခေါ်တဲ့ ရှေးဟောင်းမြို့လေး .. သူလည်း မလက္ကာလိုပဲ world heritage စာရင်းဝင်ပေါ့ .. ရှေးဟောင်း အဆောက်အဦးတွေနဲ့ street art တွေကြည့်လို့ရတယ် .. ရာသီဥတုကတော့ Cameron highlands နဲ့ လုံးဝဆန့်ကျင်ဘက် အရမ်းကိုပူပါတယ် .. (တစ်နေရာနဲ့ တစ်နေရာ အကူးမှာ ကျန်းမာရေးတော့ ဂရုစိုက်ဖို့လိုလိမ့်မယ်)


နောက်ဆုံးအနေနဲ့ နာမည်ကြီး Penang hills ကိုသွားကြမယ် .. တိုက်ရိုက် bus တွေရှိတာ 2 RM ပဲပေးရတယ် .. တောင်ပေါ်ကို တက်တဲ့ ရထားလေး လက်မှတ်ဝယ်တာ အသွားအပြန် 30 RM .. တချို့ လမ်းလျှောက်တက်တဲ့သူလည်း ရှိတယ် .. အပေါ်ကနေ Penang island တစ်ခုလုံးမြင်ရတဲ့ ရှုခင်းက အရမ်းလှလို့ သွားရတာတန်တယ်နော် ..
တောင်ပေါ်မှာကတော့ ဗလီ .. ဟိန္ဒူဘုရားကျောင်း .. botanical garden နဲ့ တခြား garden လေးတွေ အသီးသီးရှိပြီးတော့ တချို့နေရာတွေက ဝင်ကြေးထပ်ပေးရပါတယ် .. ခဏလောက် လည်ပတ်ပြီး ပြန်ဆင်းလာလို့ အချိန်ရသေးရင် Kek Lok Si Temple ဆိုတဲ့ တရုတ်ဘုံကျောင်းလည်းသွားလို့ရသေးတယ် .. အရမ်းလှတာပဲ .. Emma ကတော့ ပြန်လာတဲ့အချိန် နောက်ကျသွားလို့ ပိတ်ချိန်ရောက်သွားတော့ မဝင်ဖြစ်လိုက်ဘူး ..
ဒီထက်ပိုပြီး သွားနိုင်သေးရင် နောက်ရက်တွေမှာ Penang မှာရှိတဲ့ ကမ်းခြေတွေအပြင် .. Langkawi ဆိုတဲ့ ကျွန်းကိုလည်း သွားလို့ရပါတယ် .. အဲဒါတွေပြီရတော့ Penang ကနေပဲ international လေဆိပ်ရှိတော့ အပြန်အတွက်အဆင်ပြေတယ်နော် KL ထိသွားဖို့ မလိုတော့ဘူး ..
.. မလေးရှားမှာ လည်စရာတွေက ဒါတင်ပဲတော့မကပါဘူး .. Emma က ၂ ပတ်ပဲနေခဲ့တာဆိုတော့ နေရာအများကြီးလည်း မသွားချင်တော့ဘူး ပင်ပမ်းမှာစိုးလို့ .. နောက်တစ်ခေါက် ထပ်သွားဖြစ်မှပဲ မရောက်သေးတဲ့ နေရာတွေ လည်တော့မယ် ..